ဖရိုဖရဲ ရန်ကုန် - Property News in Myanmar from iMyanmarHouse.com
1902 Views

ဖရိုဖရဲ ရန်ကုန်

မိုးမျှော်တိုက်ကြီး တစ်လုံး၏ မလှမ်း မကမ်းရှိ ကားလမ်း တစ်ခုသာခြားသော ရေနုတ်မြောင်းကြီးကိုကျော
ပေးထားသည့် တဲသာသာ မြေစိုက်အိမ်ငယ် အချို့၌ ကလေးငယ်အချို့ ဆော့ကစားနေပြီး အလုပ်သွားရန် ပြင်ဆင်နေသည့် လင်ယောက်ျား
တစ်ဦးက ဇနီးသည်ကို နှုတ်ဆက်နေသည်။

၂၀၁၃ခုနှစ်က ဖိလစ်ပိုင်အစိုးရ သိစေရန် ဖိလစ်ပိုင်မြို့တော် မနီလာ၏ ရုပ်ရှင်ရုံတစ်ရုံတွင် ပြသခဲ့သော meto manila ဆိုသော ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်း တစ်ခုဖြစ်သည်။ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများကြောင့် မိသားစုလေးယောက် ကျေးလက်ရွာလေးတစ်ခုမှ မြို့တော်မနီလာသို့ ပြောင်းရွှေ့လာခဲ့ရသည်။ နေရေးထိုင်ရေးနှင့် အလုပ်အကိုင်ပြဿနာများကို မြို့တော်မနီလာတွင် ခါးစည်းခံရင်းအသက်ဆုံးရှုံးခဲ့ရသည့် ဇာတ်ကားကို ဒါရိုက်တာက ဖန်တီးရိုက်ကူးထားခြင်းဖြစ်သည်။

အရှေ့တောင်အာရှမှ နိုင်ငံအများစုတွင် မြို့ကြီးများသို့ ကျေးလက်မှ ရွှေ့ပြောင်း နေထိုင်အခြေချ သူများကြောင့် မြို့ကြီးများ၏ မြို့ပြစနစ်မှာ တိုးပွားလာလည့် လူဦးရေကို တစ်နေ့ထက်တစ်နေ့ ထမ်းပိုးလာရခြင်းကို သတိပြုမိလာစေရန်အဆိုပါဇာတ်ကားကိုရိုက်ကူးထားခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီ လာကဲ့သို့ပင် မြန်မာနိုင်ငံမှ စီးပွားရေးမြို့တော်ရန်ကုန်တွင် ဧပြီလ က ကောက်ခံခဲ့သောသန်းခေါင်စာ ရင်းများအရ လူဦးရေရှစ်သန်း ကျော်အထိရှိနေပြီဖြစ်ကြောင်းအစိုးရက တရားဝင်ကြေညာလိုက်သည်။

တိုးပွားလာသည့် လူဦးရေ နှင့် ရှိနှင့်ပြီးသားအခြေခံအဆောက်အအုံများအပေါ်စရိတ်စက
တစ်နှစ်ထက်တစ်နှစ်ကြီးမြင့်လာမှုကို လောက်ငမှုမရှိဘဲ မြို့တော်သူမြို့ တော်သားတို့ ခွဲဝေခံစားနေရပြီဖြစ်သည်။
တစ်ချိန်က ပင်မမြို့တော်အ ဖြစ်မှ စီးပွားရေးမြို့တော်အဖြစ်သို့ နန်းကျခဲ့သည့် ရန်ကုန်သည်
ယခင်လူဦးရေခြောက်သန်းဟုသာ ၂၀၁၄ခုနှစ် ဧပြီမတိုင်မီအထိသိ ရှိထားပြီး ယခုရှစ်သန်းဝန်းကျင်နေပြီဖြစ်သောကြောင့် မီဂါစီးတီးဖြစ်ရန် နှစ်သန်းကျော်သာ လိုအပ်တော့မည်ဖြစ်သည်။

‘‘ရန်ကုန်က ရောဂါသည်ဖြစ် နေပြီ။ တိုးလာတဲ့လူဦးရေကြောင့် မြို့ကို မကြာခင်ဖြန့်ထုတ်မှရတော့ မှာ’’ဟု မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြော သည်။
ယင်းကဲ့သို့ ရွှေ့ပြောင်းလုပ် သားများ တိုးပွားမှုနှုန်းနေ့စဉ်မြန် ဆန်လာသည့် ရန်ကုန်တွင်ရှိနှင့်ပြီး သား အခြေခံအဆောက်အအုံများ ကို အဆင့်မြှင့်တင်ခြင်း၊အသစ်တိုး ချဲ့တည်ဆောက်ခြင်းများမလုပ် ဆောင်နိုင်ပါက ရန်ကုန်သည် အာရှတွင် နေထိုင်မှုစရိတ်အကြီးဆုံး အဖြစ် မှတ်တမ်းဝင်သွားနိုင်သည် ဟု အထက်ပါပညာရှင်က သတိ ပေးပြောဆိုသည်။

နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု အလွဲများကြောင့် ရန်ကုန်တွင် သက်တမ်းလွန်ဘတ်စကားအိုများသစ်သားဇလီဖားတုံး
များပေါ်က မီးခိုးတလူလူဖြင့်အချိန်မမှန်တတ် သည့် သက်တမ်းကြာမြို့ပတ်ရ ထားများကိုနေ့စဉ်အသုံးပြုနေရ ဆဲဖြစ်သည်။

၂၅ပေ ပေ ၅၀၊ ၁၀ပေမှ ပေ ၂၀ အခန်းငယ်လေးများအကြားနေထိုင်မှုစရိတ်ကြီးမြင့်လာသည့် ရန်ကုန်တွင်နှစ်စဉ်မိုးကာလလမ်းမကြီးများတွင် ရေကြီးရေလျှံနစ်မြုပ်မှုများကို ခံစားနေရဆဲဖြစ်သည်။
ယင်းဖြစ်စဉ်များက ရန်ကုန် သည် တစ်ချိန်က အရှေ့တောင် အာရှနိုင်ငံများ၏ မြို့တော်များ တွင် အလှဆုံးမြို့တော်ဖြစ်ခဲ့သည် ဆိုသည်ကို အတိတ်တွင် ကွာဝေးစွာကျန်ခဲ့ပြီဖြစ်သည်။

‘‘ရန်ကုန်မှာ လူပေါင်းစုံဖြစ်လာပြီ။ အမှိုက်သိမ်းရတာအရင် ကထက်ပိုများလာတယ်။ လမ်း သွယ်တစ်ခုကို အရင်အမှိုက်သိမ်း ရင် ၁၅မိနစ်လောက်နဲ့ပြီးတယ်။အ ခုနာရီဝက်လောက်ကြာတယ်’’ဟု ရန်ကုန်မြို့တော်စည်ပင်မှ အမှိုက် သိမ်းဝန်ထမ်းတစ်ဦးက ပြော သည်။

ရန်ကုန်တွင် အခြေခံအ ဆောက်အအုံကောင်းများရှိပြီး သားနေရာများတွင် လူအများစုက ၀ိုင်းလုနေကြသောကြောင့် မြေဈေးကြီးမြင့်လာပြီး အိမ်ရာဈေး နှုန်းသက်သာသည့်အခန်းများလို အပ်လာကြောင်း၊ အချက်အချာနေ ရာများတွင် အိမ်ရာများမထားရှိ နိုင်ပါကအလုပ်သို့သွားနိုင်မည့် အဆင့်မြင့်ရထား၊ ကားစနစ်များ အချိန်မီထားရှိပေးရန် လိုအပ်နေ ပြီဖြစ်ကြောင်း ကွန်ပျူတာပညာ ရှင်ဦးရဲမြင့်သူကပြောသည်။

‘‘မြန်မာမှာ ဒီလောက်နေရာ အကျယ်ကြီး။ အခြေခံအဆောက် အအုံနဲ့ ပို့ဆောင်ဆက်သွယ်ရေးကို ကြိုပြီးပြင်ဆင်ထားရမယ်။ ကောင်းပြီးသားနေရာကိုပဲ ကောင်းအောင်ပြန်လုပ်နေတော့ ကောင်းတဲ့နေရာကိုပဲပြုံမှာပဲ’’ဟု ဦးရဲမြတ်သူကဝေဖန်သည်။

ပို့ဆောင်ဆက်သွယ်ရေး အားနည်းမှု၊ နှစ်စဉ်အိမ်ရာလိုအပ် မှု၊ စီးပွားရေးလုပ်ငန်းအများစု စု စည်းတည်ရှိလာမှု၊ အမှိုက်၊မိလ္လာ၊ရေ၊ မီး၊ အခြေခံအဆောက်အအုံ တို့၏ အရည်အသွေးနိမ့်ကျလာမှု တို့က တိုးပွားလာသည့် ရှစ်သန်း သော လူဦးရေမှာ နောင်လာမည့် ငါးနှစ်မှ ဆယ်နှစ်အတွင်း အဆိုး ဆုံးအခြေအနေတစ်ခုနှင့်ကြုံတွေ့ ရတော့မည်ဖြစ်ကြောင်း မြို့ပြစီမံ ကိန်းပညာရှင်ဦးဝင်းမြင့်ကခန့်မှန်း ပြောဆိုလိုက်သည်။
‘‘ရန်ကုန်ကို အချိန်မီကယ်ပါ လို့ပဲ ပြောချင်တယ်’’ဟု ၎င်းကသတိပေးပြောဆိုသည်။

ရန်ကုန်တွင် လူဦးရေတိုးပွား လာခြင်းက ဆိုးကျိုးများသာဖြစ် လာသည်ဟု ပြောဆိုနေကြပြီးတစ် ဖက်တွင်လည်း ကောင်းကျိုးများ စွာရှိလာနိုင်သည်ဟု အစိုးရအာ ဏာပိုင်အချို့က ထင်ကြေးပေး ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ဧပြီလပထမပတ် က ကောက်ခံခဲ့သော သန်းခေါင် စာရင်းအရ ရန်ကုန်၏ လူဦးရေအမှန်ကို သိရှိလာရခြင်းက ရန်ကုန် တွင် မကြာမီပြုလုပ်တော့မည့် စီ မံကိန်းများအတွက် အစိုးရ၏ လမ်းပြမြေပုံတစ်ခုလည်းဖြစ်လာနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကမြို့ပြနှင့်
မြေယာစီမံခန့်ခွဲမှုဌာန ဌာနမှူးဦးတိုးအောင်ကဆိုသည်။

‘‘အခု ကောက်ယူရရှိထားတဲ့စာရင်းတွေပေါ်မူတည်ပြီးတော့အစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ လူနေထိုင်မှု၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ လူမှုအထောက်အကူပြုလုပ်ငန်းတွေကို ဆက်ပြီးချဲ့ထွင် ဆောင်ရွက်သွားဖို့အစီအစဉ်တွေရှိပါတယ်’’ဟုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးဦးကြည်လင်းက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ ကိုလို နီခေတ်က လူဦးရေသုံးသောင်း ကျော်အတွက်ရည်ရွယ်၍အကွက် ဖော်ခဲ့သည့် ရန်ကုန်က ယခုတော့ လူဦးရေရှစ်သန်း၏ မနိုင်ဝန်ကို ဆက်လက်ထမ်းပိုးရတော့မည် ဖြစ်သည်။

လက်ရှိရန်ကုန်တွင်ဖြစ်ပွား ကြုံတွေ့နေသော လူမှုရေးအခက် အခဲများကို လူထုအပြင်အစိုးရက သိရှိနေပြီဖြစ်သော်လည်း အဖြေ ထုတ်၍ အချိန်မီဆောင်ရွက်ရန်ကြန့်ကြာနေကြောင်းရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဒေါ်ညိုညိုသင်းကဝေဖန် သည်။

‘‘အခုထိ မလုပ်တာဟာ မလုပ်နိုင်တာလား။ မလုပ်ချင်လို့ လား။ မလုပ်ချင်တာဆိုရင်တော့ နေရာက ဖယ်ပေးလိုက်ကြ။ လုပ် နိုင်တဲ့သူ တက်လာလိမ့်မယ်’’ဟု ဒေါ်ညိုညိုသင်းက အစိုးရ၏အချိန် မီကိုင်တွယ်ဖြေရှင်းရန် ကြန့်ကြာ နေပုံကို ဝေဖန်သည်။

မြို့ပြပညာရှင်များနှင့်အစိုးရ အာဏာပိုင်များ ၂နှစ်နီးပါးဆွေး နွေးပွဲများ၊ နိုင်ငံတကာအကူအညီ များဖြင့် မြို့တော်ရန်ကုန်အတွက် တိုင်ပင် အဖြေရှာနေကြသော် လည်း ယနေ့အထိ လုပ်ဆောင်မှု အပိုင်းတွင် ထင်သာမြင်သာမရှိ သေးကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။

‘‘ဆွေးနွေးပွဲတွေလုပ်ကြ တယ်။ ပြဿနာတွေပြောကြဆိုကြ တယ်။ ဘာလုပ်ရမယ်ဆိုတဲ့အဖြေ လည်းသိနေပြီ။ ဘာကြောင့် ခုထက်ထိ အကောင်အထည်မပေါ်တာလဲ’’ ဟု မြမြင့်မိုရ်ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာကဆိုသည်။ ‘‘ရှေးကျလာပြီးအသုံးမတည်တော့တဲ့ ရန်ကုန်က လမ်းကြောစနစ်တွေကို အရင်ပြင်ရမယ် ပြီးရင်အမှိုက်စနစ်၊မြို့တော်ရဲ့ အမှိုက်သိမ်းမှုစနစ်ကို အဆင့်မြှင့်ရမယ်။လူတွေ သုံးနေတာထက်နည်းပညာတွေနဲ့ အစားထိုးသုံးရမယ်’’ဟု မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်က ပြောသည်။

လက်ရှိအစိုးရအနေဖြင့် စတင်လုပ်ဆောင်နေသည့် စီမံကိန်းများမှာ ရန်ကုန်အတွက် မြို့လယ်ဗဟိုပြု စီးပွားရေးအချက်အချာနယ်မြေကို လျှော့ချရန် မရမ်းကုန်းကဲ့သို့မြို့တယ်များတွင် ဒုတိယ စီးပွားရေး အချက်အချာနယ်မြေများတည်ဆောက်ခြင်း၊အထပ်မြင့်ကားပါကင်များတည်ဆောက်ခြင်းအပါအ၀င် မြို့၏ ယခင်ရှိပြီးသား အမွေအနှစ်များထိန်းသိမ်းခြင်းနှင့် အစိမ်းရောင်နယ်မြေများ ဖော်ထုတ်ခြင်းကို စတင်အကောင်အထည်ဖော်နေပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့ပြမြေယာစီမံခန့်ခွဲမှုဌာနမှဌာနမှူးဦးတိုးအောင်ကပြော
သည်။

ထို့အပြင် မြို့ပြ၏ ရုပ်လုံးကိုပီပြင်စွာထွက်ပေါ်လာရန် ရန်ကုန်မြို့တစ်မြို့လုံးကိုအထပ်မြင့်အဆောက်အအုံးများ
တည်ဆောက်ပါကဇုန်(၁၁)ဇုန် သတ်မှတ်လိုက်ပြီး ယင်းဇုန်တွင် သတ်မှတ်ထားသည့် အထပ်အရေအတွက်ဖြင့်သာ မြို့တော်ရန်ကုန်တွင် မကြာမီတည်ဆောက်ခွင့်ပြုရန် ပညာ
ရှင်များက ဆွေးနွေးအကြံပြုထားပြီဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှအင်ဂျင်နီယာမှူးဒေါ်လှိုင်မော်ဦးက
ပြောသည်။

နှစ်ပေါင်းများစွာ ဖရိုဖရဲစီမံခန့်ခွဲမှုများကြားက ရန်ကုန်မြို့ကိုအစိုးရသစ်လက်ထက်တွင် အကူအညီအများဆုံးပေးသည့် နိုင်ငံတကာအဖွဲ့အစည်းမှာ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီပင်ဖြစ်သည်။

စီမံကိန်းများ၏ ဒီဇိုင်းရေးဆွဲပေးခြင်း၊ မြို့တော်ကြီးတစ်ခုလုံး၏မြို့ပြစီမံကိန်းတစ်ခုလုံးကို
ပြုစုပေးခြင်း၊ စစ်တမ်းကောက်ယူခြင်းများအပါအ၀င် စီမံကိန်းများစတင်လုပ်ဆောင်ပါက လိုအပ်သည့် ငွေကြေးအချို့ကို ကူညီရန် အစိုးရနှင့်သဘောတူညီမှု ရရှိထားပြီဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service