ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဆောက်လုပ်ခွင့်ရ ဟိုတယ် ၂၅လုံးကို အရင်းကျေ ၁၅ နှစ်သာ လုပ်ကိုင်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
1310 Views

ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဆောက်လုပ်ခွင့်ရ ဟိုတယ် ၂၅လုံးကို အရင်းကျေ ၁၅ နှစ်သာ လုပ်ကိုင်ခွင့်ပြုမည်

ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဆောက်လုပ်ခွင့်ရဟိုတယ် ၂၅လုံးကို အရင်းကျေ ၁၅နှစ်သာလုပ်ကိုင်ခွင့်ပြုမှာ
ဖြစ်ပြီး အဲသည်ကာလကျော်လွန်ပါက အစားထိုးနေရာကို ရွှေ့ပြောင်းလုပ်ကိုင်ရမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကပြောပါတယ်။

ရှေးဟောင်းပုဂံယဉ်ကျေးမှုနယ်မြေကိုကမ္ဘာ့အမွေအနှစ်
စာရင်း သတ်မှတ်ဖို့ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၄ ခုနှစ်ကတည်းကဟိုတယ်ဆောက်လုပ်ခွင့်ကိုရပ်ဆိုင်းခဲ့
တာဖြစ်ပါတယ်။ဒါပင်မဲ့ အခုခွင့်ပြုလိုက်တဲ့ ဟိုတယ် ၂၅လုံးမှာ ကမ္ဘာ့အမွေးအနှစ်စာရင်း သတ်မှတ်ရာမှာ ထိခိုက်မှုမရှိစေဖို့ စိစစ်ခွင့်ပြုခဲ့တာလို့သိရပါတယ်။

‘ ဟိုတယ်ဆောက်လုပ်ထားတဲ့ လုပ်ငန်းရှင်တွေကလဲ ဘဏ်ကနေ အတိုးနှုန်းတွေနဲ့ချေးပြီး လုပ်ငန်းဆောင်ရွက်ထားတာဖြစ်တဲ့အတွက် ဝန်ကြီးဌာနအချင်းချင်းမေတ္တာရပ်ခံညှိနှိုင်းထားတာပါ။
၁၅နှစ်ပြီးရင်တော့ သူတို့တွေက အပြင်ကို ပြောင်းရမယ်၊ နေရာအစားထိုးပေး
ရမှာပေါ့ ' လို့ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

၂၀၁၄ခုနှစ်က ဆောက်လုပ်ဆဲ ဟိုတယ် ၄၂လုံးကို ရပ်ဆိုင်းခဲ့တုဖြစ်ပြီး ခုပြန်လည်ခွင့်ပြုလိုက်တဲ့ ဟိုတယ် ၂၅လုံးမှာလည်း အခုအခါ ၇၀ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းနီးပါပြီးစီးနေပြီးလို့ ဆိုပါတယ်။ အဲသည် ၂၅လုံးကို လုပ်ကိုင်ခွင့်ပေးဖို့ အတွက် ယူနက်စကိုမှ တာဝန်ရှိသူတွေနဲ့ သာ့သနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာနတို့ ညှိနှိုင်းခွင့်ပြုပေးကြောင်း သိရပါတယ်။

ခွင့်ပြုထားတဲ့ ဟိုတယ် ၂၅လုံးကို ဟိုတယ်လိုင်စင်ချပေးထားတဲ့ ရက်ကနေ ၁၅ နှစ်ကာလ သတ်မှတ်တာဖြစ်ကြောင်း သိရပါတယ်။
ယူနက်စကိုရဲ့ ကမ္ဘာ့အမွေးအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်မှာ ရှေးဟောင်းအဆောက်အအုံတွေရဲ့ ငါးကီလိုမီတာကနေ ခုနှစ်ကီလိုမီတာအတွင်း မည်သည့်လူနေအိမ်၊ ဟိုတယ်နဲ့ အခြားအဆောက်အအုံမရှိရလို့ စည်းကမ်းသတ်မှတ်ထားကြောင်း သိရပါတယ်။
လက်ရှိပုဂံဒေသမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက လိုင်စင်ချပေးထားတဲ့ ဟိုတယ်ပေါင်း ၈၁လုံး၊ အခန်းပေါင်း ၂၇၆၁ ခန်းရှိကြောင်း သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service