ဗဟိုစီးပွားရေးဇုန်ခွဲ ငါးခု လုပ်ဆောင်ဖို့ရှိ - Property News in Myanmar from iMyanmarHouse.com
1292 Views

ဗဟိုစီးပွားရေးဇုန်ခွဲ ငါးခု လုပ်ဆောင်ဖို့ရှိ

မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ အရ ဗဟိုစီးပွားရေးဇုန်ခွဲစီမံကိန်း ငါးခု လုပ်ဆောင်ဖို့ရှိတယ်လို့ သိရပါတယ်။

ဗဟိုစီးပွားရေးဇုန်ခွဲ စီမံကိန်း ငါးခုမှာ မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မဗဟိုစီးပွားရေးဇုန်အပါအဝင် ၊ ရန်ကင်းမြို့နယ် ဗဟိုစီးပွားရေးဇုန် ၊ ဒဂုံမြို့သစ် (တောင်ပိုင်း ၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း) သုံးမြို့နယ် ဆက်စပ်နေတဲ့ ဒဂုံတောင်မြောက် လမ်းဆုံ စီးပွားရေးဇုန်စီမံကိန်း ၊ ပဲခူးမြစ်ကမ်းဘေးနဲ့ သီလဝါစက်မှုဇုန်တို့နဲ့ ဆက်စပ်လိုအပ်လာမယ့် စီးပွားရေးအဆောက်အအုံတွေ တည်ဆောက်သွားမယ့် ဇုန်တို့ ဖြစ်ပါတယ် ။

ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွန်ကြားရေးမှူး ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေယာဌာန ဒုတိယညွန်ကြားရေးမှူး ၊ ဦးတိုးအောင်က ‘ရန်ကင်းစီးပွားရေးဇုန်က ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်နေတယ် ။ မင်းဓမ္မဗဟို စီးပွားရေးဇုန်က လက်ရှိမှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက တင်ဒါအောင်မြင်ပြီး လုပ်ငန်းစတင်လုပ်ကိုင်နေတာ ဖြစ်တယ်’ လို့ ပြောပါတယ် ။

မင်းဓမ္မစီမံကိန်းကို တင်ဒါခေါ်ပြီး သီးသန့်ဖွံ့ဖြိုးအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး တခြားစီမံကိန်းတွေကိုတော့ အစိုးရက စီမံဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရတယ် ။ စီမံကိန်းထဲရှိ တချို့နေရာတွေက ဖွံ့ဖြိုးပြီးသားနေရာတွေ ပါဝင်တာကြောင့် စီးပွားရေးလုပ်ငန်းတွေ ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ပြောပါတယ် ။



Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service