ထောက်ခံချက်ရမှသာ ဟိုတယ် ထပ်မံဆောက်လုပ်ခွင့်ရမည် - Property News in Myanmar from iMyanmarHouse.com
1126 Views

ထောက်ခံချက်ရမှသာ ဟိုတယ် ထပ်မံဆောက်လုပ်ခွင့်ရမည်

ရန်ကုန်၊ မန္တလေး နဲ့အင်းလေဒေသမှာ ဟိုတယ်ထပ်မံဆောက်လုပ်ခွင့် တားမြစ်လိုက်တယ်ဆိုတာ မဟုတ်ဘဲ ခရီးသွားဝင်ရောက်မှုနဲ့ တည်ခိုးနိုင်တဲ့ဟိုတယ်အရေအတွက် ပေါ်မူတည်ပြီး အောက်တိုဘာလကုန်ကစပြီး ဟိုတယ်ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ထောက်ခံချက်ရမှသာ ခွင့်ပြုပေးမှာဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ကြီး ဦးမျိုးလှိုင်က ပြောပါတယ်။

သူက ‘ ဟိုတယ်တစ်ခုကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုမယ်ဆိုရင် နံပါတ်တစ်က ၁၉၉၃ ခုနှစ်မှာ ပြဠာန်းခဲ့တဲ့ မြန်မာနိုင်ငံဟိုတယ်နဲ့ ခရီးသွားလာရေး ဥပဒေအရ ပါမစ်အတွက် ကြိုတင်ခွင့်ပြုမိန့်တင်ရပါတယ်၊ ကြိုတင်ခွင့်ပြုမိန့်တင်ပြီးလို့ ခွင့်ပြုနိုင်မယ်ဆိုရင် ဟိုတယ်နဲ့တည်းခိုရိပ်သာလုပ်ငန်း ဆိုင်ရာလုပ်ကိုင်ခွင့်ပြုနေပါတယ်၊ ဒါကြောင့်ဒီနေ့ အထိ ဟိုတယ်ရော၊ တည်ခိုရိပ်သာရော၊ ခွင့်ပြုမိန့်ရော လိုင်စင်ရော ပိတ်ပင်ထားခြင်းမရှိသေးပါဘူး။
ဒါပင်မဲ့ ခုဆိုရင် အရင်က manual နဲ့ proposal တင်ရတာကနေ အွန်လိုင်းစနစ်နဲက ဆောင်ရွက်နေပါပြီး ဒါ့အပြင် လိုင်စင်ကြေးတွေရော ၊ ဒဏ်ကြေးတွေရောလျှော့ချပေးနေတာတွေရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေးနဲ့အင်းလေးဒေသမှာ ဟိုတယ်ဆောက်လုပ်ခွင့် ထပ်မံချမပေးတော့ဘူးဆိုတာနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၀ ရက် နေ့မှာ ပြည်ထောင်စုဝန်ကြီးနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေတွေ့ဆုံကြရာကနေ သတင်းရရှိတာဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ရက်နေ့အထိဟိုတယ်ဆောက်လုပ်ခွင့်တွေ
ကိုခွင့်ပြုပေမှာဖြစ်ပြီး အဲသည်ရက်နောက်ပိုင်းမှာရန်ကုန်၊ မန္တလေးနဲ့ အင်းလေးဒေသမှာ အထပ်မြင့်ဟိုတယ်တွေ ဆောက်လုပ်မယ်ဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းမယ်လို့ သိရပါတယ်။

အခုအစိုးရသစ်လက်ထက်ပြီးခဲ့တဲ့ ဧပြီလကနေ လေးလတာကာလအတွင်း ဟိုတယ် ၃၈လုံး၊ အခန်း ၁၇၀၃ ခန်းခွင့်ပြုပေးတာကြောင့်သိ၇ပါတယ်။
ရန်ကုန်မှာကိုးလုံး၊ ၆၇၅ ခန်း၊မန္တလေး မှာ ကိုးလုံး ၊ ၃၇၉ ခန်း၊ ညောင်ရွှေမှာ ရှစ်လုံး၊ ၂၆၂ ခန်း၊ ကလောမှာ နှစ်လုံး ၊ ၄၆ ခန်း ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။

စက်တင်ဘာလအထိ ဆောက်လုပ်ခွင့်ပေးခဲ့တဲ့ ဟိုတယ်တွေမှာ ရန်ကုန်တိုင်းဒေသကြီးနှစ်လုံး၊ ဧရာဝတီ ၊ ငွေဆောင်နဲ့ ချင်းပြည်နယ်ကန်ပတ်လက်၊ ရခိုင်ပြည်နယ် ဂွကမ်းခြေ၊ ရှမ်းပြည်နယ် ကလောတို့မှာ တစ်လုံးစီး၊ မော်လမြိုင် ကျိုက်ထိုးမှာ နှစ်လုံး၊ ကရင်ပြည်နယ် ဘားအံမှာလေးလုံး ဆောက်လုပ်ခွင့်ချပေးထားတဲ့ ဟိုတယ်ပေါင်း ၁၇ လုံးရှိကြောင်းဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။တစ်နိုင်ငံလုံးမှာ စုစုပေါင်းဟိုတယ် ၁၃၇၃ လုံးရှိပြီး ၅၃,၇၈၃ ခန်းရှိကြောင်း သိရပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service