လုပ်ငန်းတစ်ခုချင်းအလိုက် စက်မှုဇုန်သစ်တွေ တည်ထောင်မည် - Property News in Myanmar from iMyanmarHouse.com
1376 Views

လုပ်ငန်းတစ်ခုချင်းအလိုက် စက်မှုဇုန်သစ်တွေ တည်ထောင်မည်

လုပ်ငန်းတစ်မျိုးတည်း လုပ်ကိုင်ခွင့်ပြုတဲ့ စက်မှုဇုန်သစ်တွေ တည်ထောင်မယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှူးဦးစီးဌာနက သိရပါတယ်။

စက်မှုဇုန်တွေကို အထည်ချုပ်ဆိုရင် အထည်ချုပ်စက်မှုဇုန်၊ စားသောက်ကုန်ဆိုရင် စားသောက်ကုန် စက်မှုဇုန်၊ အီလက်ထရွန်းနစ် ဆိုရင် အီလက်ထရွန်းနစ် စက်မှုဇုန်ဆိုပြီး လုပ်ငန်းအလိုက် စက်မှုဇုန်သစ်တွေ တည်ထောင်မှာ ဖြစ်ပါတယ်။

သည်စက်မှုဇုန်တွေ တည်ထောင်ဖို့ ဟောင်ကောင်နဲ့ ကိုရီးယား နိုင်ငံကကုမ္ပဏီတွေလာရောက်ဆွေးနွေးနေပြီး
ပြည်နည်နဲ့ တိုင်းဒေသကြီးတွေက မြေယာ အရှုပ်အရှင်း ကိစ္စတွေ ပြီးပြတ်သွားတာနဲ့ လုပ်ငန်းစတင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက‘စက်မှုဇုန်တွေထပ်မံဖော်ထုတ်ဖို့ရှိတဲ့အထဲမှာ အထူးပြုတဲ့ ဇုန်တွေပေါ့၊ လက်ရှိအားဖြင့် ကြည့်လိုက်ရင် စက်မှုဇုန်တွေက ပြန့်ကျဲနေတယ်ပေါ့၊ဇုန်တွေ ပြန့်ကျဲရုံတင်မကဘူး၊လုပ်ငန်းတွေလဲ ပြန့်ကျဲရောထွေးနေတယ်’လို့ ပြောပါတယ်။

အစိုးရသစ်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကဏ္ဍမှာ စက်မှုဇုန်အသစ်တွေတိုးချဲ့ထူထောင်ဖို့လည်းထည့်သွင်းရေးဆွဲထားပါတယ်။

စက်မှုဇုန်အသစ်တွေကို ကိုယ်ထူကိုယ်ထ ထူထောင်တာမျိုးမဟုတ်ဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ စနစ်တကျ ထူထောင်မှာ ဖြစ်ပါတယ်။စက်မှုဇုန်တွေမှာ လိုအပ်တဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ရေဆိုးစွန့်ပစ်စနစ်၊ အမှိုက်စွန့်ပစ်တဲ့စနစ် စတာတွေအပြင် ပတ်ဝန်းကျင် ထိခိုက်နိုင်တာတွေကို ထိန်းသိမ်းနိုင်မယ့် စက်မှုဇုန်ကြီးတွေကို အရေအတွက် များများ အားပေးဖိတ်ခေါ်မှာ ဖြစ်ပါတယ်။

သည်စက်မှုဇုန်တွေကို ရန်ကုန်တိုင်းတစ်ခုတည်းမှာ တည်ထောင်မှာမဟုတ်ဘဲသက်ဆိုင်ရာတိုင်းဒေသကြီးနဲ
့ ပြည်နယ်တွေမှာလည်းစက်မှုဇုန်သစ်တွေတည်ထောင်သွားမှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက ဘယ်နေရာတွေကို လုပ်စေချင်တယ်၊ စက်မှုဇုန် လုပ်နိုင်တဲ့ မြေပမာဏ ဘယ်လောက်အထိ ရှာပေးနိုင်မလဲဆိုတဲ့ အချက်တွေပေါ် မူတည်ပြီးတော့စက်မှုဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ ပူးပေါင်းပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။

တိုင်းဒေသကြီး ပြည်နယ်တွေတစ်ပြေးညီဖွံ့ဖြိုးဖို့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာစက်မှုဇုန်ကြီးတွေ ဖော်ဆောင်မယ့်အပြင်အလုပ်အကိုင်ရရှိဖို့စက်မှုဇုန်တွေမှာသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တွေပါ သင်ကြားပေးမှာ ဖြစ်ပါတယ်။

စက်မှုဇုန်တွေမှာ (Technical Training Education Center) သက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တွေ ကျွမ်းကျင်နိုင်ဖို့ ထပ်ဆင့်စီမံကိန်းတွေလည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

စက်မှုဇုန်တွေမှာ ကျွမ်းကျင်မှုရှိတဲ့ လုပ်သားတွေ အဓိက လိုအပ်ပါတယ်။စက်မှုဇုန်တွေတည်ထောင်ပြီးကုန်ထုတ်လုပ်ငန်းတွေ လုပ်ပေမဲ့ကိုယ့်နိုင်ငံသားတွေလုပ်ငန်းကျွမ်းကျင်ရင် တိုင်းပြည်အတွက်အကျိုးမရှိနိုင်တာကြောင့် နိုင်ငံသားတွေအတွက်သက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်တွေကျွမ်းကျင်ဖို့ ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ ဦးအောင်နိုင်ဦးက ရှင်းပြပါတယ်။

စက်မှုဇုန်သစ်တွေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်တွေနဲ့စက်မှုဝန်ကြီးဌာနတို့တာဝန်ခံပြီးဥပဒေတွေ ပြဋ္ဌာန်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service