မည်သည့်အသင်းအဖွဲ့၏ ဥပဒေကြမ်းကိုမှ အတည်ပြုရွေးချယ်ထားခြင်မရှိသေးကြောင်း ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
955 Views

မည်သည့်အသင်းအဖွဲ့၏ ဥပဒေကြမ်းကိုမှ အတည်ပြုရွေးချယ်ထားခြင်မရှိသေးကြောင်း ထုတ်ပြန်

အိမ် ခြံ မြေ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ နယ်ပယ်မှ အသင်းအဖွဲ့သုံးခုမှ ဥပဒေမူကြမ်းရေးဆွဲတင်ပြခဲ့ကြသော်လည်း ကော်မရှင်အနေဖြင့်မူ မည်သည့်အသင်းအဖွဲ့တစ်ခု၏ ဥပဒေကြမ်းကိုမှ အတည်ပြုရွေးချယ်ခဲ့ခြင်းမရှိကြောင်း ရန်ကုန်တိုင်း အိမ် ခြံ မြေ လုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

ကျွန်တော်တို့ ဒီလိုပြောတယ်ဆို တာက တစ်ခြားအသင်းက သူတို့ရဲ့ ဥပဒေကြမ်းကို အတည်ပြုသယောင် အပြောတွေ ပြောဆိုပြီး ပွဲစားတွေ အကျိုးဆောင်တွေကို သူတို့ရဲ့လိုင်စင်ရမှ လုပ်လို့ရမယ့် သဘောမျိုးပြောနေတာတွေတွေ့ရလို့ပါ။ကျွန်တော်တို့ ရန်ကုန်တိုင်းအသင်းရယ်၊ မြန်မာနိုင်ငံအိမ်ခြံမြေ အသင်းရယ်၊ မန္တလေးက အသင်းရယ် ၃ သင်းပေါ့။အသင်းကိုယ်စီကနေ ရေးဆွဲထားတဲ့ ဥပဒေကြမ်းတွေကို တင်ပြခဲ့ကြတယ်။ဥပဒေကြမ်းလေ့လာဆန်းစစ်ရေးကော်မရှင်က သူရဦးရွှေမန်းက ဘယ်ဟာကို ရွေးချယ်တယ်လို့မပြောဘူး။သူပြောတာက ဒါက အသင်းတွေက ရေးဆွဲရုံလောက်နဲ့ မပြီးဘူးပေါ့။သက်ဆိုင်ရာ နယ်ပယ်ကလူတွေ၊ ပညာရှင်တွေ၊ စိတ်ဝင်စားတဲ့ ပြည်သူလူထုတွေ ဝိုင်းဝန်းဆွေးနွေး ဝေဖန်ပြီးမှ အတည်ပြုလို့ရမှာပေါ့ ။ ခရီးရောက်ဖို့အများကြီးလိုနေသေးတယ်ပေါ့။ဒီလိုပြောခဲ့တာပါ။ဒါကို တချို့အသင်းက သူတို့ရဲ့ ဥပဒေကြမ်းအတည်ပြုသလိုမျိုးနဲ့ပြောနေတဲ့ အတွက် ကျွန်တော်တို့က ကြေညာချက်ထုတ်ပြီးရှင်းလင်းပြောဆိုရတာပါ။""ဟု ရန်ကုန်တိုင်း အိမ် ခြံ မြေ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။

အိမ် ခြံ မြေ အကျိုးဆောင်များသိရှိစေရန် အသိပေးကြေငြာခြင်းဟူသော ခေါင်းစဉ်ပါ ကြေငြာချက်တွင် အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေ ရေးဆွဲရန်အတွက် အလှမ်းကွာဝေးသည့် အခြေအနေတွင်သာရှိနေသေးကြောင်း၊အသင်းတစ်သင်းတည်း၏ ဥပဒေမူကြမ်းအား အတည်ပြုခြင်းလုံးဝမဟုတ်ကြောင်း အစရှိသ တို့ကို ထည့်သွင်းရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။
လက်ရှိတွင် အကျိုးဆောင်များအနေဖြင့် တည်ငြိမ်သော အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေတစ်ရပ်ပေါ်ထွန်းစေရန် လိုလားနေကြသည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service