ယခုဘဏ္ဍာနှစ်အိမ်ခြံမြေကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ပြန်မြင့်တက်လာ - Property News in Myanmar from iMyanmarHouse.com
1140 Views

ယခုဘဏ္ဍာနှစ်အိမ်ခြံမြေကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ပြန်မြင့်တက်လာ

ယခုဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ
ပြန်လည်မြင့်တက်လာပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏအားလုံး၏ ၁၅ ရာခိုင်နှုန်းထိ
ရှိလာကြောင်းမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏
ထုတ်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု
ပမာဏသည် အမေရိကန်ဒေါ်လာ ၇၂၈ ဒသမ ၆၈ သန်း ၀င်ရောက်ခဲ့ပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအားလုံး၏ ၇ ဒသမ ၇ ရာခိုင်နှုန်းခန့်သာရှိခဲ့သည့်အတွက်
ယခုဘဏ္ဍာနှစ်တွင် ပိုမိုများပြားလာသည်ကို တွေ့ရသည်။

ယခုဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုသည်ပြီးခဲ့သည့်
နှစ်ထက် မြင့်တက်လာခဲ့သော်လည်း ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံ၏အိမ်ခြံမြေကဏ္ဍတွင်
ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုချက် ရရှိထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ စီမံကိန်းတစ်ခု
သာရှိသည်။

သို့သော် ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်မားပြီး အမေရိကန် ဒေါ်လာ
သန်း ၁၀၅ မီလျံ ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက သိရသည်။

ပြီးခဲ့သည့် နှစ်များအလိုက် အိမ်ခြံမြေ ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုကို ကြည့်လျှင်
၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၇၈၀ ဒသမ ၇၄၅ သန်း ၀င်ရောက်ခဲ့ပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအားလုံး ၏ ၉ ဒသမ ၇၄ ရာခိုင်နှုန်းရှိသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်မူ အမေရိကန်ဒေါ်လာ ၄၄၀ ဒသမ ၅၇၃ သန်းဝင်ရောက်ခဲ့ပြီး
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏအားလုံး၏ ၁၀ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုများတွင် ကဏ္ဍအလိုက် ခွဲခြားကြည့်လျှင်
အိမ်ခြံမြေကဏ္ဍသို့ ၀င်ရောက်မှုသည် အဆင့် ၇ နေရာတွင်ရှိနေသည်။

ယနေ့ အချိန်ထိ ၀င်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုများ အားလုံးတွင် ရေနံနှင့် သဘာဝ
ဓာတ်ငွေ့ကဏ္ဍသည် အများဆုံးဖြစ်နေပြီး စုစုပေါင်း၏ ၃၄ ဒသမ ၇၉ ရာခိုင်နှုန်း ရှိနေသည်။

စွမ်းအင် ကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက် မှု ဒုတိယနေရာတွင် ရှိနေပြီး
စုစုပေါင်း၏ ၃၀ ဒသမ ၅၆ ရာခိုင်နှုန်းရှိနေသည်။

ထုတ်လုပ်မှုလုပ်ငန်းများကဏ္ဍသည် စုစုပေါင်း ရင်နှီးမြှုပ်နှံမှုအားလုံး၏ ၁၀ ဒသမ
၇၅ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်ရှိနေကာ ရင်းနှီးမြှုပ်နှံမှုလည်း နှစ်အလိုက်
ပိုမိုတိုးလာလျက်ရှိသည်။


Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service