Starship Troopers နှင့် တာဇံသရုပ်ဆောင် ကက်စပါဗန်ဒီယန်၏ နေအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1959 Views

Starship Troopers နှင့် တာဇံသရုပ်ဆောင် ကက်စပါဗန်ဒီယန်၏ နေအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းချမည်

၁၉၉၇ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် သိပ္ပံဆန်းကြယ်ဇာတ်ကားကြီးဖြစ်သော Starship Troopers တွင် ဂျွန်နီရီကိုအဖြစ် သရုပ်ဆောင်ကာ ကမ္ဘာကျော်တစ်ဦးဖြစ်လာခဲ့သော ကက်စပါဗန်ဒီယန်နှင့် ဇနီးဖြစ်သူ ကက်သရင်း အောက်ဇန်ဘာ့ဂ်ျတို့ ပိုင်ဆိုင်သည့် နေအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂ ဒသမ ၇၇ သန်းဖြင့်ရောင်းချရန် အရောင်းဈေးကွက်သို့ ၀င်ရောက်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်တည်ရှိသည့်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်တွင် ဖြစ်သည်။

ကက်စပါဗန်ဒီယန်နှင့် ကက်သရင်း အောက်ဇန်ဘာ့ဂ်ျတို့သည် ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်း ကွာရှင်းပြတ်စဲခဲ့ကြရာ ကွာရှင်းပြီးနောက်ပိုင်း ယခုနှစ်ဧပြီလအတွင်း ယင်းနေအိမ်ကြီးကို ကန်ဒေါ်လာ ၂ ဒသမ ၉၉၅ သန်းဖြင့် ရောင်းချခဲ့သော်လည်း ရောင်းမစွံခဲ့ချေ။

ခြံဝန်းအကျယ်အ၀န်း တစ်ဧကခန့်ကျယ်ကာ ပင်လယ်ကမ်းခြေတွင် တည်ရှိသော ယင်းနေအိမ်ကြီးကို လွန်ခဲ့သော ၁၀ နှစ်ခန့်က ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းဖြင့် ၀ယ်ယူခဲ့ကြခြင်းဖြစ်သည်။

အဆိုပါနေအိမ်ကို မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၃၇၀၁ ပေ ရှိပြီး ခြံဝန်းအတွင်း ငါးအလှမွေးကန်များ၊ ပန်းဥယျာဉ်များ၊ သစ်ခွခြံနှင့် သီးပင်စားပင်များစွာ ပါဝင်သည်။

အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၃ ခန်း ပါဝင်ပြီး ဧည့်ခန်း၊ အိပ်ခန်းတို့တွင် မီးလင်းဖိုများ ပါဝင်ကာ အိပ်ခန်းအတွင်းမှတစ်ဆင့် ပင်လယ်ရှုမြော်ခင်းကို တိုက်ရိုက်တွေ့မြင်နိုင်သည်။

ကက်စပါဗန်ဒီယန်သည် ဇာတ်ကားများစွာ သရုပ်ဆောင်ခဲ့သည့်အနက် အကျော်ကြားဆုံးမှာ Starship Troopers (၁၉၉၇) ၊ တာဇံနှင့် ပျောက်ဆုံးနေသောမြို့တော် (၁၉၉၈)နှင့် ၀ါရှင်တန်အားဗင်း၏ ဂန္ထ၀င်ဝတ္ထုကို ပြန်လည်ရိုက်ကူးသည့်ဇာတ်ကားဖြစ်သော Sleepy Hollow (၁၉၉၉) တို့ ဖြစ်ကြသည်။

ကက်စပါဗန်ဒီယန်ကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မီလ်တန်မြို့တွင် ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် မွေးဖွားသည်။

ဖခင်မှာ အမေရိကန်ရေတပ်မှ တပ်မှူး၊ တိုက်လေယာဉ်မောင်းလေသူရဲတစ်ဦးဖြစ်ပြီး မိခင်မှာ မူကြိုကျောင်းဆရာမတစ်ဦးဖြစ်သည်။

ကက်စပါဗန်ဒီယန်သည် အိမ်ထောင် ၂ ဆက်ရှိခဲ့ပြီး ကာရီမစ်ချမ်နှင့် ၁၉၉၃ တွင် လက်ထပ်ကာ ၁၉၉၇ တွင် ကွာရှင်းသည်။

ကက်သရင်းအောက်ဇန်ဘာ့ဂ်ျနှင့် ၁၉၉၉ တွင် လက်ထပ်ပြီး ၂၀၁၅ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Starship Troopers နှင့် တာဇံသရုပ်ဆောင် ကက်စပါဗန်ဒီယန်၏ နေအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Starship Troopers နှင့် တာဇံသရုပ်ဆောင် ကက်စပါဗန်ဒီယန်၏ နေအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Starship Troopers နှင့် တာဇံသရုပ်ဆောင် ကက်စပါဗန်ဒီယန်၏ နေအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Starship Troopers နှင့် တာဇံသရုပ်ဆောင် ကက်စပါဗန်ဒီယန်၏ နေအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Starship Troopers နှင့် တာဇံသရုပ်ဆောင် ကက်စပါဗန်ဒီယန်၏ နေအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Starship Troopers နှင့် တာဇံသရုပ်ဆောင် ကက်စပါဗန်ဒီယန်၏ နေအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Starship Troopers နှင့် တာဇံသရုပ်ဆောင် ကက်စပါဗန်ဒီယန်၏ နေအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Starship Troopers နှင့် တာဇံသရုပ်ဆောင် ကက်စပါဗန်ဒီယန်၏ နေအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service