နေပြည်တော်တွင် ကျပ်သိန်းခြောက်ထောင်ကျော်တန် မြေကွက်များ အရောင်းအ၀ယ်ဖြစ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1827 Views

နေပြည်တော်တွင် ကျပ်သိန်းခြောက်ထောင်ကျော်တန် မြေကွက်များ အရောင်းအ၀ယ်ဖြစ်ဟုဆို

နေပြည်တော်တွင် သြဂုတ် လနောက်ဆုံးပတ်အတွင်း ကျပ်သိန်း၆,၀၀၀ ကျော်တန် မြေကွက်များအပါ အ၀င် သိန်းထောင်ကျော်တန်မြေကွက် များ အရောင်းအ၀ယ်ဖြစ်နေကြောင်း နေပြည်တော်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များက ပြော သည်။

တစ်နိုင်ငံလုံးတွင် အိမ်ခြံမြေဈေး ကွက်အရောင်းအ၀ယ်များ အေးစက်နေ ချိန်၌ အစိုးရရုံးစိုက်ရာ နေပြည်တော် ဒေသတွင် စီးပွားရေးလုပ်ငန်းများလုပ် ကိုင်ရန် မြေကွက်များအရောင်းအ၀ယ် ဖြစ်နေသည်ဟု နေပြည်တော် အိမ်ခြံ မြေ၀န်ဆောင်မှုအသင်းမှ အတွင်းရေးမှူး ဦးမိုးမြင့်နိုင်က ဆိုသည်။

‘‘၀ယ်ရောင်းသမားတွေ လာဝယ် တာ မဟုတ်ဘူး။ ဒီမှာတကယ်စီးပွားရေး လုပ်ဖို့ ရုံးဖွင့်မယ်၊

ကျောင်းဖွင့်မယ်၊ အိမ်ဆောက်ပြီး နေမယ့်သူတွေလာဝယ်တာ များ တယ်။ ၀ယ်ရောင်းတွေ လုံးဝမလာဘူး’’ဟု ဇေယျအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဦးနန္ဒကျော်က ပြောသည်။

သြဂုတ်အတွင်း ဥတ္တရသီရိမြို့နယ်နှင့် ရွှေကြာပင်တို့တွင် စီး ပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ကျပ်သိန်း ၆,၂၀၀ တန် မြေကွက်အပါအ၀င် စုစုပေါင်း သိန်းထောင်ကျော်တန်မြေကွက် ၁၀ ကွက်အ ရောင်းအ၀ယ်ဖြစ်ခဲ့သည်ဟု သိရ သည်။

ပျဉ်းမနားမြို့တွင်မူ တန်ဖိုးသင့် ကျပ်သိန်း ၅၀၀ မှ သိန်း ၁,၀၀၀ ခန့်မြေကွက်နှင့် လုံးချင်းများ ပြန်လည်အ၀ယ်လိုက်နေကြောင်း ပျဉ်းမနားအခြေစိုက်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များက ဆိုသည်။

နိုင်ငံခြားမှ ကိုယ်စားလှယ် ရုံးခွဲအချို့ကလည်း မြေကို လာ ရောက်ဝယ်ယူခြင်းထက် အိမ်လုံး ချင်းတွင် ရုံးခန်းဖွင့်ခြင်း၊ ငှားရမ်း နေထိုင်ခြင်းများပြုလုပ်နိုင်ရန် လာရောက်စုံစမ်းမေးမြန်းမှုများရှိနေကြောင်း ပျဉ်းမနားမြို့နယ်အခြေစိုက် မြဖူးငုံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်ရီရီမာက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service