မြေဈေးနဲ့ ငှားခတွေမြင့်လို့ လုပ်ငန်းရှင်တချို့ ဈေးသက်သာတာ ရွှေ့ - Property News in Myanmar from iMyanmarHouse.com
2454 Views

မြေဈေးနဲ့ ငှားခတွေမြင့်လို့ လုပ်ငန်းရှင်တချို့ ဈေးသက်သာတာ ရွှေ့

စီးပွားရေးလုပ်ငန်းရှင်တချို့က မြို့တွင်းလမ်းမတန်းတွေ မြို့ထဲနေရာတွေမှာ ဆိုင်ခန်း၊ အရောင်းပြခန်းတွေ ဖွင့်ချင်ပေမဲ့ မြေဈေးနဲ့ ငှားခတွေဈေးမြင့်တာကြောင့် ဈေးသက်သာတဲ့ လမ်းမတန်းနေရာတွေကို ပြောင်းရွှေ့ပြီး ဈေးကွက်အသစ်ရှာကြရတယ်လို့ သိရတယ်။

အများစုက အရောင်းပြခန်းတွေဖွင့်ဖို့နဲ့ ရုံးခန်းတွေဖွင့်ဖို့ နေရာရှာကြတာပါ။ဈေးမာဈေးမြင့်တွေ မငှားကြတော့ဘဲ ဈေးသက်သာတဲ့ နေရာတွေမှာ လုံးချင်းတွေငှားတာ၊ မြေကွက်ငှားပြီး ကိုယ်တိုင်ဆိုင်ခန်းဆောက်ကြတာတွေ ရှိလာတာပါ။ကားအရောင်းပြခန်းအတွက်ဆိုရင် လုပ်ငန်းရှင်တွေကြိုက်တာက ဟံသာဝတီအဝိုင်းနဲ့ နီးတဲ့ စမ်းချောင်း၊ ကမာရွတ်၊ ဗဟန်း၊ မရမ်းကုန်း စတဲ့ မြို့နယ်တွေကို ပိုပြီးစိတ်ဝင်စားကြပေမဲ့ ဈေးကမြင့်သလို နေရာကလည်း ရှားနေပါပြီ။

ရှိုင်းအကျိုးဆောင်မှ ဦးစိုးမိုးက ‘မြို့တွင်းပိုင်းတွေ၊ ပြည်လမ်းလိုနေရာတွေမှာ ပြည်လမ်းလုပ်ငန်းရှင်တွေတင်မကဘူး၊ ပြည်ပလုပ်ငန်းရှင်တွေတောင် ငှားဖို့ တော်တော်လေး စဉ်းစားရတယ်၊ ဈေးမြင့်လို့ပါ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သုဝဏ္ဏ၊ မြို့သစ်ဘက်တွေကို ဈေးကွက်ပြောင်းကြတဲ့ သူတွေများတယ်၊’ လို့ ပြောပါတယ်။

လုပ်ငန်းရှင်တချို့က ကြိုက်တဲ့နေရာထက် အဆင်ပြေတဲ့နေရာကို ငှားပြီး ဖွင့်ကြတယ်လို့ ပြောပါတယ်။မြို့တွင်းရှိ ဆိုင်ခန်း၊ အရောင်းပြခန်းအတွက်၊ အငှားဈေးနှုန်းတွေက တစ်လကို ကျပ် ၉၀၀,၀၀၀ ကနေ ၃၅သိန်းကြားရှိတယ်။အရောင်းပြခန်းကတော့ တစ်လကို ကျပ်သိန်း ၃၀ ကနေ သိန်း ၁၀၀နဲ့ အထက်ရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

လက်ရှိမှာ ငှားရမ်းခဈေးတွေက တာမွေ၊ ကျောက်မြောင်း၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ ရန်ကင်းစတဲ့ ဘက်တွေမှာ ဈေးမြင့်လာတာပါ။ မြို့တွင်း ဆိုင်ခန်း အငှား ဈေးတွေ မြင့်နေတာနဲ့ပဲ နေရာရှားတာကြောင့် လက်ရှိဈေးကွက်ကနေ နေရာပြောင်းပြီး ဈေးကွက်ထပ်ရှာရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက ‘တာမွေဘက်မှာတောင် မြေညီထပ် အခန်းငှားခက ကျပ် ၈၀၀,၀၀၀ အထက်ရှိတယ်၊ ဒီနောက်ပိုင်းမှာ မြောက်ဒဂုံလို မြို့သစ်ရဲ့ အတွင်းလမ်းမတန်းတွေမှာတောင် ကားပစ္စည်း အရောင်းဆိုင်တွေ၊ ပြင်ဆိုင်တွေက ဖောက်သည်တွေကို ဆွဲခေါ်ပြီး မြို့တွင်းပိုင်းကနေ ထွက်နေကြတာ’ လို့ ပြောပါတယ်။


Credit:Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service