ကမ္ဘာ့ရွှေဈေးနှင့် ငွေလဲနှုန်း ကျရိပ်ပြလာသောကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၅၀၀၀၀ အောက် ပြန်ဆင်း - Property News in Myanmar from iMyanmarHouse.com
5790 Views

ကမ္ဘာ့ရွှေဈေးနှင့် ငွေလဲနှုန်း ကျရိပ်ပြလာသောကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၅၀၀၀၀ အောက် ပြန်ဆင်း

ကမ္ဘာ့ရွှေဈေးနှင့် ငွေလဲနှုန်း ကျရိပ်ပြလာသောကြောင့် ပြည်တွင်း ၁၆ ပဲရည်ရွှေ ဈေးနှုန်း ကျပ် ၈၅၀၀၀၀ အောက်ပြန်ဆင်းလာကြောင်း ရွှေဈေးကွက်နှင့် နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်း ရောင်းဝယ်နေသူများထံမှ သိရသည်။

ရက်သတ္တပတ် နှစ်ပတ်ခန့် ကျပ် ၈၅၀၀၀၀ ကျော်တန်းတွင် ရှိခဲ့သော ရွှေဈေးနှုန်းသည် စက်တင်ဘာ ၁ ရက်တွင် ၈၄၈၂၀၀ ကျပ် ၀န်းကျင်အထိ ပြန်ဆင်းလာပြီး ကမ္ဘာ့ရွှေဈေး နှုန်းမှာ ၁၃၀၇ အထိ ကျဆင်းလာကာ ပြင်ပ ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၂၁၄ အထိ ကျ ဆင်းလာခြင်းဖြစ်သည်။

“ကမ္ဘာ့ရွှေဈေးနှုန်းက တစ်ပတ်အတွင်း ဒေါ်လာ ၃၀ လောက်ကျလာတယ်။ ငွေဈေး ကလည်း သြဂုတ် ၃၁ ရက်မှာ ၁၂၂၅ လောက် ရှိရာကနေ အခု ၁၀ ကျပ်လောက် ပြန်ကျလာတယ်။ အဲဒါကြောင့် ပြည်တွင်း ရွှေဈေးလည်း ကျပ်ရှစ်သိန်းခွဲအောက်ကို ပြန်ဆင်းလာတာပါ” ဟု ရွှေဘုံသာလမ်း အခြေစိုက် ရွှေနှင့် နိုင်ငံခြားငွေကြေး ရောင်းဝယ်သူ တစ်ဦးက ပြောကြားသည်။

သြဂုတ် ၂၄ ရက်တွင် ကျပ် ၈၇၆၀၀၀ ကျော်အထိ အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းသည် ယခု ရှစ်ရက်အတွင်း ကျပ် ၂၆၀၀၀ ကျော် ပြန်လည်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ သြဂုတ် ၁ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၃၅၀ ဒေါ်လာ ရှိရာမှ သြဂုတ် ၂၄ ရက်အထိ ၁၃၃၇ ဒေါ်လာအထိ ပေါက်ဈေး ရှိသေးသော်လည်း သြဂုတ် ၂၅ ရက်မှ စတင်ကာ ဆက်တိုက်ကျဆင်းလာရာ စက်တင်ဘာ ၁ ရက်တွင် ၁၃၀၇ ဒေါ်လာအထိ ဈေးနှုန်းပြန်လည် လျော့ကျလာခြင်း ဖြစ်သည်။

ပြည်တွင်းငွေလဲနှုန်း ပြင်ပပေါက်ဈေးသည် သြဂုတ် ၁ ရက်တွင် တစ်ဒေါ်လာ ၁၁၈၅ ကျပ်ဝန်းကျင်ရှိပြီး သြဂုတ် ၂၀ ရက် တွင် တစ်ဒေါ်လာ ၁၂၀၀ ကျပ်အထိ မြင့်တက်လာခဲ့သည်။ သြဂုတ်လ ၂၄ ရက်တွင် လက်ရှိအစိုးရ သက်တမ်းအတွင်း အမြင့်ဆုံး ငွေလဲနှုန်းအဖြစ် တစ်ဒေါ်လာ ၁၂၃၀ ကျပ် အထိ စံချိန်တင်မြင့်တက် လာခဲ့ပြီးနောက် ယခုစက်တင်ဘာ ၁ ရက်တွင် တစ်ဒေါ်လာ ၁၂၁၄ ကျပ်ဝန်းကျင်အထိ ပြန်လည်ကျဆင်း လာကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service