ရက်ပိုင်းအတွင်း နိုင်ငံခြားငွေ တန်ဖိုး ဆက်တိုက် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
3807 Views

ရက်ပိုင်းအတွင်း နိုင်ငံခြားငွေ တန်ဖိုး ဆက်တိုက် မြင့်တက်

အစိုးရ၏ ယေဘုယျဆန် သော စီးပွားရေးမူဝါဒ ထုတ်ပြန်ပြီး တစ်လကျော်အကြာတွင် ပြည် တွင်း၌ စီးပွားရေးနှေးကွေးနေခြင်း ကြောင့် နိုင်ငံခြားငွေတန်ဖိုး ဆက် တိုက်မြင့်တက်လာပြီး ကျပ်ငွေ တန်ဖိုးကျဆင်းလာကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာရွေး ကောက်ပွဲ မတိုင်မီကတည်းက နိုင်ငံရေးအခြေအနေစောင့်ကြည့်
နေသော စီးပွားရေးလုပ်ငန်းရှင် များမှာ ယနေ့အထိ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်း မရှိသေးဘဲ စောင့်ကြည့်နေသည့် အဆင့်သာရှိ၍ ပြည်တွင်း၌ နိုင်ငံခြားငွေရှားပါးကာ
ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ဩဂုတ် ၃၁ ရက်တွင် ပြင်ပ ဈေးကွက်၌ အမေရိကန်တစ်ဒေါ် လာလျှင် ၁,၂၂၂ ကျပ် သို့ မြင့် တက်လာပြီး တရုတ်ငွေ တစ်ယွမ် လျှင် ၁၈၀ ကျပ်ကျော်၊ ထိုင်းတစ် ဘတ်လျှင် ၃၅ ကျပ်ကျော်သို့ မြင့် တက်လာသည်။ ဩဂုတ် ၁ ရက် တွင် အမေရိကန် တစ်ဒေါ်လာ လျှင် ၁,၈၀၀ ကျပ်ခန့်၊ တရုတ်ငွေ တစ်ယွမ်လျှင် ၁၇၅ ကျပ်၊ ထိုင်း ဘတ်ငွေ တစ်ဘတ်လျှင် ၃၄ ကျပ်ခန့်ရှိခဲ့သည်။ ဩဂုတ် တစ်လ အတွင်းမှာပင် အမေရိကန်တစ် ဒေါ်လာလျှင် ကျပ် ၄၀ ကျော် မြင့် တက်ခဲ့သည်။

ဒေါ်လာဈေး ဆက်တိုက်မြင့် တက်လာခြင်းသည် ပြည်ပပို့ကုန် ကဏ္ဍမှ နိုင်ငံခြားဝင်ငွေလျော့ကျ ခြင်းကြောင့်ဟု စီးပွားရေးလုပ်ငန်း ရှင်များက သုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ အဓိကကုန်သွယ် ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံ နှင့် နယ်စပ် ကုန်သွယ်ရေးတွင် ဇူလိုင်၌ ဖြစ်ပွားသော ရွှေလီမြစ် ရေကြီးမှု၊ တရုတ်အစိုးရ၏ မှောင် ခိုဖမ်းဆီးမှုတို့ကြောင့် ကုန်သွယ် ရေးရပ်နားခဲ့ရသည်။ ထို့ကြောင့်နိုင်ငံခြားဝင်ငွေလျော့ကျပြီး ပို့ကုန်ရငွေ တန်ဖိုးများ မြင့်တက်ကာ ဒေါ်လာဈေး မြင့်တက်ရခြင်းဟု ပို့ကုန်လုပ်ငန်းရှင် အချို့က ဆို သည်။

‘‘ဒေါ်လာဈေးတက်တာ အ ခြေခံ လူတန်းစားတွေအတွက် ကုန်ဈေးနှုန်းကြီးတဲ့ ဒုက္ခခံရမှာပဲ’’ ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေ ဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရသဖြင့် ဒေါ်လာဈေးမြင့်တက်ပါက ထွေထွေကုန်ဈေး နှုန်းများပါ မြင့်တက်လာမည်ဟု ဆိုသည်။

လက်ရှိ အစိုးရသစ်လက် ထက်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၁၂ ရာခိုင်နှုန်း ကျော်ရှိပြီး ယခုနှစ်၌ ၁ ရာခိုင်နှုန်း ကျော် မြင့်တက်လာသည်။ ကုန် ဈေးနှုန်းကြီးလာခြင်းကြောင့် ငွေ ကြေးဖောင်းပွမှု
မြင့်တက်လာချိန် တွင် ဒေါ်လာဈေးမြင့်တက်မှု ကြောင့် ကုန်ဈေးနှုန်း ထပ်မံကြီးမြင့်လာပါက ငွေကြေးဖောင်းပွမှု ထပ်မံမြင့်တက်လာမည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောကြားသည်။

ငွေကြေး ဖောင်းပွမှုများ သည့် နိုင်ငံများတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ ဝင်ရောက်မှုနည်း ပါးလေ့ရှိသည်ကိုလည်း အစိုးရ က သတိထားသင့်ကြောင်း ဦးလှ မောင်က ဆိုသည်။

လက်ရှိ အစိုးရသည် ငြိမ်း ချမ်းရေးကိုသာ အဓိကထားပြီး ဆောင်ရွက်နေ၍ စီးပွားရေးကို အာရုံစိုက်မှုလစ်ဟင်းခြင်း ဖြစ်နိုင်သည်ဟု ဦးဇော်ဖေဝင်းက ပြောသည်။ ၂၁ ပင်လုံညီလာခံပြီးလျှင် အစိုးရအနေဖြင့်စီးပွားရေးကို ပြန်လည်အာရုံစိုက်မည်
ထင်ကြောင်း ၎င်းက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service