မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်သော ဟိုတယ်စီမံကိန်း ၅၂ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာသန်း ၂၉၀၀ ကျော် ရှိ - Property News in Myanmar from iMyanmarHouse.com
1459 Views

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်သော ဟိုတယ်စီမံကိန်း ၅၂ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာသန်း ၂၉၀၀ ကျော် ရှိ

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်း ၅၂ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ၂၉၁၈ သန်းရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ် မတိုင်မီက ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးမှု နည်းပါးခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဟိုတယ်နဲ့ စီးပွားရေးအဆောက်အအုံစီမံကိန်း ၃၆ ခုသာ ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ ၁၁၄၄ သန်းသာ ရှိခဲ့ပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် ခရီးသွားလုပ်ငန်းအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများဖွံ့ဖြိုးလာခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှ စတင်ပြီး နှစ်စဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများ တိုးတက်လာခဲ့ပြီး ၂၀၁၆ ဇူလိုင်လအထိစာရင်းများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုပါဝင်တဲ့ ဟိုတယ်စီမံကိန်း ၅၂ ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုများမှာ စင်ကာပူနိုင်ငံက ကန်ဒေါ်လာ ၁၆၂၄ သန်းနဲ့ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး
ဒုတိယအများဆုံးအဖြစ် ထိုင်းက ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄၄၅ သန်း၊ တတိယ အများဆုံးအဖြစ် ဗီယက်နမ်က ကန်ဒေါ်လာ ၄၄၀ သန်း တို့ဖြစ်ပါတယ်။ဟောင်ကောင်၊ ကိုးရီးယား၊ ဂျပန်၊ မလေးရှား၊ ယူကေ၊ လူဇင်ဘတ်နဲ့ ယူအေအီးနိုင်ငံများကလည်းဟိုတယ်လုပ်ငန်းမှာ လာရောက် ရင်းနှီးမြှုပ်နှံထားကြပါတယ်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေနဲ့ မြန်မာနိုင်ငံသား ကော်မရှင်ကခွင့်ပြုမိန့်ထုတ်ပေးဆောင်ရွက်ထားတဲ့ ဟိုတယ် ၆၃ ခု ရှိပြီးရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း ၁,၄၃၉,၄၆၃ ထိ ရှိပါတယ်။

Credit: SFJ Strategy First Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service