စိန်ခေါ်မှုတွေကြားက မြို့တော်ရန်ကုန် - Property News in Myanmar from iMyanmarHouse.com
3538 Views

စိန်ခေါ်မှုတွေကြားက မြို့တော်ရန်ကုန်

ကမ္ဘာနေချင်စဖွယ် အကောင်းဆုံး မြို့ကိုးမြို့ ၊ နေချင်စဖွယ်မကောင်းတဲ့ မြို့ကြီး ကိုးမြို့ စာရင်းကို Economist intelligence unit အဖွဲ့ကနေ ယခုရက်ပိုင်းအတွင်းမှ ထုတ်ပြန်ကြေညာပေးလိုက်ပါပြီ ။

အမေရိကန် ပြည်ထောင်စု က မြို့ကြီးအချို့နဲ့ ဥရောပက မြို့တစ်ချို့်ကတော့ ကမ္ဘာနေချင်စဖွယ် အကောင်းဆုံးမြို့တော်တွေ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ် ၊ နေချင်စဖွယ်မကောင်းဆုံး မြို့ကြီးကိုးမြိုအဖြစ် အာဖရိက နဲ့ အရှေ့အလယ်ပိုင်း ၊ တောင်အမေရိက က နိုင်ငံတစ်ချို့က မြို့ကြီးတွေ ဖြစ်တယ်လို့ မှတ်တမ်းအတင်ခံလိုက်ရပါပြီ ။
အဆိုးထဲကအကောင်းလို့ ပြောရမလားမသိ လောလော
ဆယ် Economist intelligence unit ကထုတ်ပြန်တဲ့ ကမ္ဘာနေချင်စဖွယ် မကောင်းဆုံး မြို့ကြီး ကိုးမြို့ စာရင်းထဲမှာ မြို့တော်ရန်ကုန် မပါသေးတဲ့ အတွက် အချိန်မှီ ပြန်လည်ကုစားလို့ ရနိုင်မယ့် အခြေအနေ ကောင်းတွေ ရှိသေးတယ် လို့ ယုံကြည်ရပါတယ် ။

၁၉၆၂ ခုနှစ်မတိုင်မီ က အာရှမှာ အကောင်းဆုံးလေဆိပ်ရှိခဲ့တဲ့ မြို့ ၊ မစ္စတာလီကွမ်ယု ကိုယ်တိုင် ရန်ကုန်ကိုလာကြည့်ပြီးမှ စင်ကာပူကို တည်ထောင်ခဲ့ရတယ် ဆိုတဲ့ အာကျသန့်ရှင်းသပ်ရပ်တဲ့ မြို့တော်ရန်ကုန်ဟာ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ စီမံခန့်ခွဲမှု အလွဲတွေ ၊ တံခါးပိတ် စီးပွားရေး စနစ်တွေ ကြောင့် နှစ်ပေါင်း ၅၀ အတွင်းမှာ အိမ်နီးချင်းထိုင်းနိုင်ငံက ဘန်ကောက်မြို့ အခြေအနေ ကိုတောင် လိုက်မမီ နိုင်တော့တဲ့ အထိ ဘက်ပေါင်းစုံ နောက်ကျကျန်ခဲ့ပါတယ်။

၂၀၁၀ နောက်ပိုင်းကစပြီး မြို့ပြဖွံ့ဖြိုးမှုကို ပြန်လည်အသက်သွင်းဖို့ ၊ စနစ်ကျတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ဖို့ အတွက် နှစ်ပေါင်း ၅၀ ကျော်ပြတ်တောက်သွားခဲ့ရတဲ့ မြို့ပြ ပညာရပ်တွေကို အကူအညီပေးနိုင်ဖို့ ဆိုပြီး ဂျပန် ၊ ဂျာမနီ ၊ အင်္ဂလန် အစရှိတဲ့ နိုင်ငံတွေက ပညာရှင်တွေ ကူညီပေးဖို့ ရောက်လာပြီး မြို့ပြစီမံကိန်းတွေတောင် အာဏာပိုင်တွေနဲ့ ပေါင်းပြီး ရေးဆွဲနေကြပါတယ် ။ တစ်ချို့လုပ်ငန်းတွေဆိုအကောင်အထည်ဖော်
တာတွေတောင် ရှိလာပါပြီ။ ဒီအရှိန်အဟုန်ကောင်းတွေက အမေစု လက်ထက်မှာလည်း ဆထက်တန်ပိုးတိုးတက်ဖို့ အလားအလာ ရှိတဲ့ အတွက် အခု ဆိုရင် ရန်ကုန်ရဲ့ဝန်ကြီးချုပ်ကိုယ်တိုင် စင်ကာပူ ၊ ပြင်သစ်ကို ထွတ်ပြီး လေ့လာနိုင်တဲ့ အထိ အလားအလာကောင်းတွေ မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာပါပြီ ။

လတ်တလော အခြေအနေ အရ ပြောရရင် လမ်းပေါ်မှာကားကျပ်တဲ့ ပြသနာတွေ ၊ လမ်းဘေးဈေးသည်တွေ ၊ အားနည်းတဲ့ အမှိုက်သိမ်းစနစ်ကြောင့် ရေကြီးရေလျှံ ဖြစ်နေဆဲ ဖြစ်တဲ့
ရေမြောင်းစနစ်တွေ ၊ စနစ်တကျ နေရာချထားပေးခြင်း မရှိဘဲ အဆင်ပြေသလို အာဏာပိုင်တွေ နဲ့ပေါင်းပြီး အများပြည်သူအပန်းဖြေစရာနေရာတွေ ပျောက်ဆုံးကုန်တဲ့
ပြသနာတွေ ၊ တိုးပွားလာတဲ့ လူဦးရေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ နေစရာအိမ်တွေ ၊ မိလ္လာစနစ် ၊ ရေထောက်ပံ့မှုတွေ ကအစ အများကြီး ဖြေရှင်းဖို့ ကျန်နေပါသေးတယ် ။လွှဲမှားတဲ့ စီမံခန့်ခွဲမှု စနစ်တွေ ကြောင့် ခေတ်အဆက်ဆက်မှာ အထက်လူကြီး ငြိုငြင်မှာစိုးတဲ့ အတွက် လိမ်လည်တင်ပြခဲ့ရတဲ့ စာရင်းဇယား data အချက်အလက်အမှားတွေ ကြောင့် လူမရှိတဲ့ ကွင်းခေါင်ခေါင်က လယ်ကွက်တွေ ကြားထဲမှာကွန်ကရစ် လမ်းတွေကို သိန်းထောင်နဲ့ချီ အကုန်ခံပြီး ခင်းခဲ့တဲ့ အဖြစ်အပျက်တွေ ရှိခဲ့သလို အမှန် တကယ် လူနေရပ်ကွက်လမ်းတွေ အခုအချိန်ထိ ဗွက်တောထဲမှာ ရုန်းကန်လျှောက်လှမ်းနေရတဲ့ နေရာတွေဟာ ရန်ကုန်မှာ လက်ညိုးထိုးမလွဲ ရှိပါတယ် ။

တန်ဖိုးနည်းအိမ်ရာဆိုပြန်တော့လည်း ကနဦး သွင်းဈေးကိုက ကျပ်သိန်း ၄၀ လောက်ကျပြီး တိုက်တန်ဖိုးက ကျပ်သိန်း ၁၂၀ လောက်အနည်းဆုံးဖြစ်နေတော့ အပြင် ကန်ထရိုက်တိုက်ဈေးနှုန်းလောက်နီးနီး ဖြစ်နေပါတယ် ၊ မရှိလိုတဲထိုးနေရပြီး အစိုးရ ဆောက်တဲ့ တန်ဖိုးနည်းအိမ်ရာကို မျှော်လင့်ပါတယ်ဆိုကာမှ ကနဦးသွင်းဈေးက မြင့်တဲ့အပြင် နှစ်ရှည်လည်း ငွေပေးသွင်းတဲ့ စနစ် မဟုတ်တဲ့ အတွက် အစိုးရမြေ ဆုံးရှုံးသွားတာသာ အဖတ်တင်ပြီး အမှန်တကယ် အိမ်ရာ လိုအပ်သူတွေ လက်ထဲကို မရောက်ခဲ့တာ အားလုံး အသိဘဲဖြစ်ပါတယ် ၊ ဒီတော့ အကျိုးဆက်အနေနဲ့ ပိုင်ရာဆိုင်ရာကို ဂါရ၀ ပြုပြီး ရပ်ကွက်ထဲက မြေနေရာလွတ်တွေမှာ ကျုးဇတ်လမ်းကလာတဲ့ အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်မှု မှာ အရုပ်ဆိုးအကျည်တန်စေခဲ့ပါတယ် ။
ဆင်းရဲသားတွေ ၊ အောက်ခြေက ၀န်ထမ်းတွေ အိမ်ရာပိုင်ဆိုင်ဖို့ ဆိုတာ အခုနောက်ပိုင်း အိမ်ဈေးတိုက်ခန်းဈေးတွေ တက်လာလို့ အိမ်ပိုင်ဖို့ မဆိုထားနဲ့ အိမ်ဌားဖို့တောင် အခက်အခဲတွေ့နေရတဲ့ ပြသနာတွေကို ဖြေရှင်းဖို့လိုပါတယ် ၊ မဆလ အစိုးရလက်ထက်က အိမ်ရာလိုအပ်ချက်ကို ဖြေရှင်းတဲ့နည်းလမ်းဖြစ်တဲ့ အစိုးရက စိုက်ထုတ်ဆောက်တဲ့ အိမ်ရာစီမံကိန်းတွေဆိုတာကလည်း အစိုးရကိုယ်တိုင် ပိုက်ဆံမရှိပါဘူးလို့ ပြောနေတဲ့ ယနေ့အချိန်မှာ အလုပ်ဖြစ်ဖို့ မလွယ်ပါဘူး ။

ဒါဆို နိုင်ငံတကာမှာအောင်မြင်နေတဲ့ ဘဏ်များနဲ့ အစိုးရအဖွဲ့ အစည်းများက ငွေကြေးစိုက်ထုတ်ပြီး အရစ်ကျစနစ်နဲ့လုပ်ပေးမယ်ဆိုရင် တိုက်ခန်းဈေးတွေကျဆင်းလာပါမယ် ဒါ့အပြင် မြေဈေးတွေ ပါ ကျမှာဖြစ်ပါတယ်။ ဆောက်လ်ုပရေး လုပ်ငန်းတွေ အပြင် အခြားသေား ဆပ်စပ် လုပ်ငန်းတွေလည်းအများကြီးဖြစ်ပေါ်လာမှာမို့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီး ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ တရုတ်ပြည်မကြီး ၊ စင်ကာပူ နဲ့ မလေးရှားနိုင်ငံတွေမှာ လွန်ခဲ့တဲ့ အနှစ်(၃၀)လောက်ကတည်းက ၀န်ထမ်းတွေ ပြည်သူတွေကို နှစ်ပေါင်းများစွာ သားစဉ်မြေးဆက်၊ အရစ်ကျစနစ်နဲ့၊ အိမ်ပိုင်ဖြစ်အောင်လုပ်ပေးထားတဲ့ စနစ်တွေကို ကျွန်တော်တို့နိုင်ငံမှာ အသက်သွင်းဖို့လိုပါပြီ ။
လက်ရှိ ပြည်တွင်းက ပုဂ္ဂလိက ဘဏ်တွေရဲ့ ငွေကြေးအင်အား ကို ပြန်ကြည့်လိုက်ရင်လည်း မြို့တော်ရန်ကုန်ကြီးကို ပြုပြင်ဖို့ မဆိုထားနဲ့ နှစ် ၃၀ အရစ်ကျ စနစ်နဲ့ အများပြည်သူ အိမ်ပိုင်ဖို့တောင် လုပ်နိုင်တဲ့ ငွေကြေးအင်အား နည်းပါးပါတယ် ၊ တစ်ဖက်မှာ ဘဏ်တိုးနှုန်းတွေ လျှော့ရမှာဖြစ်ပြီး ငွေကြေးအင်အားတောင့်တင်းတဲ့ နိုင်ငံတကာ ဘဏ်ကြီးတွေ လာရောက်ရင်းနှီးမြုပ်နှံဖို့ ဆွဲဆောင်ရမှာဖြစ်ပါတယ် ။ သူတို့လာလုပ်ချင်အောင်တော့ ကိုယ့်ဘက်က အာမခံချက်ကောင်းကောင်းပေးဖို့ အရေးကြီးပါတယ် ။

မိုးလေး နေ့စဉ်ရက်ဆက် မဆိုထားနဲ့ နာရီးပိုင်းလောက် ဆက်တိုက်ရွာလိုက်တာနဲ့ တင် ရန်ကုန်က အချိှု့သောနေရာတွေမှာ ပုံမှန်ဆိုသလို ရေကြေီးရေလျှံမှုတွေ ဖြစ်နေပါတယ် ၊ ရန်ကုန်မြို့လယ်ခေါင်က ရေမြောင်းကြီးတွေ ၊ ဆပ်စပ်ရေမြောင်းကြီးတွေ ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကာလမှာ အရင်ရှိပြီးသား ရေမြောင်းစနစ်တွေနဲ့ သဟဇာတ ဖြစ်အောင် ပြုပြင်ခဲ့ပါတယ် ၊ ရေမြောင်းတွေကို အသစ်တူးတာထက် အရေးအကြီးဆုံးအချက်ကတော့ လက်ရှိ မြို့သစ်တွေမှာရှိတဲ့ ရေမြောင်းများကို Contour Survey စနစ်တကျလုပ်ပြီး ရေမြောင်းများရဲ့ရေစီးဆင်းတဲ Direction ကို ပုံဖော်ပေးနိုင်တဲ့ master Plan ကို ရေးဆွဲပေးရမှာဖြစ်ပါတယ် ။ သိပ်အများကြီး ပြင်စရာ မလိုဘူးလို့ ယူဆနိုင်ပေမယ့် တိကျတဲ့ data အချက်အလက်တွေ ၊ ကျွမ်းကျင်တဲ့ မြို့ပြစီမံကိန်း ပညာရှင်တွေ ၊ အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေ နဲ့ အုပ်ချုပ်မှုဆိုင်ရာ အထောက်အပံ့ကောင်းကောင်း နဲ့ ငွေကြေးအရင်းအမြစ်ကတော့ လိုအပ်နေဆဲဖြစ်ပါတယ် ။

ဒါ့အပြင် နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုကတော့ အင်္ဂလိပ်လက်ထက်က တည်ဆောက်ခဲ့တဲ့ မြို့တွင်းခြောက်မြို့နယ် က လူပေါင်းသုံးသိန်းကျော် အသုံးချနေဆဲဖြစ်တဲ့ နှစ်ပေါင်း(၁၀၀)ကျော် သက်တမ်းရှိနေတဲ့ Central SewerSystem (ခေါ်) ဗဟိုစုပေါင်း မိလ္လာပိုက်လိုင်းကြီးဟာ ယနေ့အချိန်မှာ မနိုင်ဝန်ထမ်းနေရပါတယ် ၊
ဒီပိုက်လိုင်းကြီးကို ပုံစံထုတ်ထားတာ လူဦးရေ ၃၀၀၀၀ အတွက်ဘဲဖြစ်ပါတယ် ၊ တစ်ခြားမြို့နယ်တွေက ရပ်ကွက်တွေမှာဆိုရင် မိလ္လာစွန့်ပစ်စနစ်ကို နောက်ဖေးလမ်းကြားနှင့် မိမိတို့၏ ခြံဝင်းအတွင်းမှာမြေကျင်းတူး၍ အသုံးပြုနေရပါတယ် ၊ မိုးတွင်းမှာဆိုရင် မကြာခဏပြည့်လျှံတက်တဲ့ ပြသနာရှိတာကြောင့် နေထိုင်သူတွေကော ပတ်ဝန်းကျင်ပါ အနံ့အသက်ဆိုးတွေကို ခံစားရလေ့ရှိပြီး ရေပုတ်စုပ်ယာဉ်ခေါ်ပြီး စုပ်ရသောဒုက္ခလည်း ကြုံနေရဆဲဖြစ်ပါတယ်။ အဆင်ပြေအောင် လတ်တလောဖြေရှင်းကြတဲ့ စနစ်တစ်ခုသာ ဖြစ်ပြီး နိုင်ငံတကာ အဆင့် ကောင်းမွန်သော စနစ်မဟုတ်တဲ့ အတွက် မိုးတွင်းရေကြီးရေလျှံဖြစ်ပါက မြစ်ချောင်းအနီးအပါးက ရပ်ကွက်တွေထဲကအညစ်အကြေးတွေမြစ်ချောင်းများသို့လျှံ၍မျောပါသွားတဲ့အတွက်ရေညစ်ညမ်းမှုဖြစ်ပေါ်စေပါတယ်။ Treatment System ဖြစ်သော မိလ္လာကန်စနစ်များကို တပ်ဆင်အသုံးပြုရန်မူဝါဒများ တွေကို ရေးဆွဲအကောင်အထည်ဖော်ရအုံးမှာဖြစ်ပါတယ် ။

နှစ်ပေါင်း ၅၀ ကျော် လုပ်ချင်သလို လုပ်ခဲ့ပြီး ဖြစ်ချင်သလို ဖြစ်ခဲ့တဲ့ မြို့တော်ရန်ကုန်ကို အပ်ချလောင်း စင်ကာပူလို ပဲရစ်လို ဖြစ်အောင် လုပ်ဖို့ကတော့ ၁၀၀ ရာခိုင်နှုန်းမဖြစ်နိုင်ပါဘူး ၊ ကျော်လွှားရမယ့် အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေ အများကြီး ကျန်ရှိနေပါသေးတယ် ၊ အရေးအကြီးဆုံး စိန်ခေါ်မှုကတော့ တိုင်းပြည်ဆင်းရဲလို့ အကုန်အကျ များတဲ့ မြို့ပြစီမံကိန်းလုပ်ငန်းတွေကို စာရွက်ပေါ်မှာ သာ လုပ်နိုင်ပြီး အမှန်တကယ် လက်တွေ့ လုပ်နိုင်ဖို့ ငွေ လိုပါတယ် ၊ ငွေကြေးအရင်းအမြစ် ရှားပါးမှု ပြသနာက တစ်ခြားသော ပြသနာတွေထက် ပထမ ဦးဆုံးဖြေရှင်းရမှာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ တော့ ဒီမိုကရေစီ အစိုးရ တက်လာပြီး အုပ်ချုပ်ရေးစနစ်တွေ အနည်းငယ် အပြောင်းအလဲ ရှိခဲ့တဲ့ အတွက် ပြည်ပထွတ်ပြီး အလုပ်လုပ်တဲ့ လူတွေ အလည်အပတ် ဆေးကုထွတ်တဲ့ လူတွေ များလာပါတယ်။ ၊ သူတို့တွေ ရောက်ခဲ့တဲ့ နိုင်ငံတွေက မြို့ကြီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ငေးမောအားကျပြီး မိခင်နိုင်ငံက မြို့ကြီးတွေကိုလည်း ပြုပြင်ချင်တဲ့ စိတ်ကူးစိတ်သန်းတွေ အိမ်မက်တွေဟာ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ဖော်ထုတ်ရေးသားခွင့် ၊ ဟောပြောပွဲတွေမှာတက်ရောက်ဆွေးနွေးခွင့် ဆိုတဲ့ အခွင့်အရေးတွေကြောင့် နှစ်ပေါင်းငါးဆယ် ကျော် ပြင်ပကမ္ဘာနဲ့ အထိအတွေ့ အဆက်အဆံမှု အားနည်းတဲ့ မြို့ပြ ရဲ့ ဗျုရိုကရက် ယန္တရား အလွှာကို လှုပ်နိုးလိုက်ကြပါတယ်။ လှုပ်နိုးလိုက်ရုံနဲ့မပြီးသေးဘဲကိုယ်စွမ်းညဏ်စွမ်းရှိသလောက်ရှိတဲ့ ငွေကြေးအရင်းအမြစ်တွေနဲ့အာဏာပိုင်တွေနဲ့ ပြည်
သူတွေ လက်တွဲလုပ်ကိုင်ဖို့လိုပါတယ် ၊ ဒါမှသာ ကမ္ဘာနေချင်စဖွယ်အကောင်းဆုံး မြို့စာရင်းထဲမှာ ရန်ကုန်မပါရင် ကိစ္စမရှိပေမယ့် ကမ္ဘာနေချင်စဖွယ်မကောင်းဆုံး မြို့ထဲမှာ ရန်ကုန်ပါမသွားဖို့ တော့ အားလုံးမှာ တာဝန်ရှိတယ် လို့ ယုံကြည်မိပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service