ရန်ကုန်မြို့သစ်စီမံကိန်းကို အရှေ့ဒဂုံရှိ မြေဧကနှစ်သောင်းခန့်တွင် စတင်တိုးချဲ့ရန် ပညာရှင်များ အကြံပြု - Property News in Myanmar from iMyanmarHouse.com
1169 Views

ရန်ကုန်မြို့သစ်စီမံကိန်းကို အရှေ့ဒဂုံရှိ မြေဧကနှစ်သောင်းခန့်တွင် စတင်တိုးချဲ့ရန် ပညာရှင်များ အကြံပြု

ရန်ကုန်မြို့သစ်စီမံကိန်း ကို အရှေ့ဒဂုံမြို့နယ် လေးထောင့်ကန်အနီးရှိ လယ်မြေဧက ၁၇,၀၀၀ ကျော်တွင် အကောင်အ ထည်ဖော်ရန် မြို့ပြစီမံကိန်းပညာ ရှင်များက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အကြံပြုထား ကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၉ ရက်က ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ပုလဲ ခန်းမတွင် ပြုလုပ်သော ရန်ကုန် မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ မြို့ပြစီမံကိန်း ကျွမ်းကျင်ပညာရှင် များ၊ စီးပွားရေးလုပ်ငန်းရှင်များပါ ၀င်သည့် ဆွေးနွေးပွဲတွင် မြို့ပြစီမံ ကိန်း ပညာရှင်များက ထိုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ဦးစားပေးမြို့သစ်စီမံကိန်းကို အ ရှေ့ဒဂုံမြို့နယ်ပြီးပါက သန်လျင် ကုလားဝဲ တံတားအနီး မြေနေရာ၊ ဒလမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ် ကြား မြေနေရာ၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၌ မြို့သစ်စီမံကိန်း များကို ဦးစားပေး အကောင်အ ထည်ဖော်ရန် မြို့ပြစီမံကိန်းပညာ ရှင်များက အကြံပြုခဲ့ကြောင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်က ဆိုသည်။

‘‘လေးထောင့်ကန်ဘက်က အမှတ်(၂) လမ်းမကြီးနဲ့လည်း နီး တယ်။ ရန်ကုန်-မန္တလေး ရထား လမ်းနဲ့လည်းနီးတဲ့အတွက် အဲဒီနေရာကို မြို့သစ်စီမံကိန်းလုပ်ဖို့ ဦးစားပေးချင်တယ်လို့ တင်ပြကြတယ်’’ ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တွံတေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောကြားသည်။

ပညာရှင်များ၏ အကြံပြု တင်ပြချက်များကို ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီက မှတ်တမ်းရယူထားပြီး အ ကောင် အထည်ဖော်နိုင်ရန်သင့်၊ မသင့်ကို သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် မြို့နယ်များတွင် ဆွေးနွေး မှုများပြုလုပ်ပြီးမှသာ ဆုံးဖြတ်နိုင် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင်အစိုးရလက်ထက်က စီမံခဲ့ သည့် နေရာများတွင်သာ လုပ် ဆောင်မည်ဖြစ်သော်လည်း စီမံ ကိန်းကိုမူ ပြန်လည်အဆင့်မြှင့် ရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော်တွင် တရားဝင် ပြောကြားထားပြီးဖြစ် သည်။

ထို့ပြင် ၀န်ကြီးချုပ်၏ မဲဆန္ဒ နယ်ဖြစ်သော လှည်းကူးဒေသမှ စတင်ကာ ရန်ကုန်မြို့သစ်စီမံ ကိန်း စတင်မည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် နာမည်ကြီးနေသည့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ စီမံကိန်းမှာ တဖြည်းဖြည်း အကောင်အထည်ဖော်လာနိုင်ဖွယ်ရှိကြောင်း ရင်းနှီးမြှုပ်နှံသူများက ထင်ကြေးပေး ပြောဆိုနေကြသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service