မြန်မာမှာ စွမ်းအင်၊ ဘိလပ်မြေစက်ရုံ၊ ဟိုတယ်တွေ တည်ဆောက်ဖို့ ထိုင်းလုပ်ငန်းရှင်တွေ ဆုံးဖြတ်ထား - Property News in Myanmar from iMyanmarHouse.com
1417 Views

မြန်မာမှာ စွမ်းအင်၊ ဘိလပ်မြေစက်ရုံ၊ ဟိုတယ်တွေ တည်ဆောက်ဖို့ ထိုင်းလုပ်ငန်းရှင်တွေ ဆုံးဖြတ်ထား

တိုင်းပြည်ရှေ့ကို ရောက်အောင်လုပ်ကြစို့ လို့ဗိုလ်ချုပ်ကြီးချက်တရာက ပြောလိုက်ပါတယ်။

တို့တစ်တွေရဲ့ တိုင်းပြည်ဟာ ဖဲကြဉ်ခံရတာ အတော်ကိုကြာခဲ့ပြီ တို့တွေ ထိုင်းပြည်သူတွေက အချင်းချင်းတိုက်ခိုက်နေကြတယ်၊ကျွန်တော်တို့သာ အတူတကွ ရှိနေမယ်ဆိုရင် ဘယ်တိုင်းပြည်ကိုမဆို ယှဉ်ပြိုင်နိုင်လိမ့်မယ်၊အခုအချိန်ကတော့ တို့တစ်တွေရဲ့ အင်အားနဲ့ အသိပညာကို မြှင့်တင်ရမယ့် အချိန်ပဲလို့ သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံဖူးခက်ကျွန်းမှာ ပြုလုပ်တဲ့ ထိုင်း-မြန်မာစီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးခွဲတည်ထောင်တဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။အဲသည်အခမ်းအနားကို မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားနေတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

ထိုင်း-မြန်မာစီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ဟာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနှံ့ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေစေလွှတ်ပြီး နောက်မှာ ရုံးခွဲတည်ထောင်ဖို့ဖြစ်လာခဲ့တာပါ။

စိတ်ဝင်စားမှုမြင့်တက်

ထိုင်း-မြန်မာ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ ဒါရိုက်တာ ဗိုလ်ချုပ်ကြီး Athichat Charo-enying က ထိုင်းစီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ စိတ်ဝင်စားမှုမြင့်တက်နေပါတယ်လို့ ပြောပါတယ်။

သူကကျွန်တော်တို့မြန်မာနိုင်ငံမှာ စိတ်ဝင်စားနေတဲ့ စက်မှုလုပ်ငန်းကဏ္ဍ အများအပြားရှိပါတယ်၊ဘိလပ်မြေစက်ရုံ၊စွမ်းအင်လုပ်ငန်းတွေ ဟိုတယ်လုပ်ငန်းတွေဖြစ်ပါတယ်။ကျွန်တော်တို့ အဖွဲ့ဝင်တွေဟာဝန်ကြီးချုပ်ချမှတ်ထားတဲ့ လမ်းပြမြေပုံအတိုင်း လိုက်ပါ လုပ်ဆောင်နေပါတယ်၊ကျွန်တော်တို့ရဲ့ စီမံကိန်းတွေကိုလဲ မြန်မာနိုင်ငံက အာဏာပိုင်တွေနဲ့ ဆွေးနွေးပြီးပါပြီ လို့ ဗိုလ်ချုပ်ကြီး Athichat ကပြောပါတယ်။

စီးပွားရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုအတွက် ဒေသဆိုင်ရာ အစိုးရအဖွဲ့ အစည်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ပြီးသွားပြီလို့ သူကဆက်ပြောပါတယ်။

မြန်မာအစိုးရ တာဝန်ရှိသူတွေကလည်း ကျွန်တော်တို့ဆီမှာ ရှိတဲ့ ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေ ၊ကြက်ဝက်မွေးမြူရေးလုပ်ငန်းတွေ ဘိလပ်မြေစက်ရုံတွေကို လာရောက်လေ့လာပြီးပါပြီ ကျွန်တော်တို့ရည်ရွယ်ချက်က တော့နှစ်နိုင်ငံခြားတစ်ဦးနဲ့ တစ်ဦးစီးပွားရေးက အထောက်အပံ့ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေ့း မြှင့်တင်ဖို့ ဖြစ်ပါတယ်လို့ သူကဆက်ပြောပါတယ်။

ကူညီပေးမည်

ထိုင်း-မြန်မာစီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ရဲ့ ဖူးခက်ရုံးခွဲရဲ့ ဥက္ကဌ Dr .Durin Bamrung-phol ကထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေအတွက် မြန်မာဈေးကွက်မှာ ရင်းနှီးမြုပ်နှံဖို့ လိုအပ်တဲ့ ပူးပေါင်းဆောင်၇ွက်မှုတွေ စီးပွားရေးဆိုင်ရာ မဟာဗျူဟာတွေကို ကုညီပေးသွားမယ်လို့ ပြောဆိုပါတယ်။

ဖူးခက်က စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ လိုအပ်တဲ့သတင်းအချက်အလက်တွေကို ရယူနိုင်ပြီး အဖွဲ့ကိုချတ်ဆက်နိုင်မှာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖူးခက်ကစီးပွားရေးလုပ်ငန်းရှင်တွေဟာ ပင်လယ်စာလုပ်ငန်းတွေ စားသောက်ဆိုင် လုပ်ငန်းတွေ ဟိုတယ်ကဏ္ဍတွေကို ရင်းနှီးမြှပ်နှံဖို့ စိတ်ဝင်စားကြပါတယ်။
ဒါပေမဲ့ ဘယ်လိုရင်းနှီးမြုပ်နှံရမလဲဆိုတာကိုသာ မသိကြတာပါ။အဲဒီအတွက် ကျွန်တော်တို့ဟာ ကုန်သွယ်မှုကြားခံအဖွဲ့အစည်းအဖြစ် ရပ်တည်ပေးနိုင်ပါတယ်၊မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ လိုအပ်နေတဲ့ အချက်တွေ သူတို့စိုးရိမ်ပူပန်မှုတွေအတွက် ကျွန်တော်တို့ အဖွဲ့ထဲက မြန်မာစီးပွားရေးမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ တွေ့ပေးပြီးပါပြီလို့ Mr.Surin ကပြောပါတယ်။

တိုးတက်အောင်လုပ်ဆောင်

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု ထိပ်တန်း ၁၀နိုင်ငံ စာရင်းမှာ နံပါက် ၆ မှာ ရှိနေပြီး ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ဘဏ္ဍနှစ်အရ နှစ်နိုင်ငံကြားကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံရှိပါတယ်။နှစ်နိုင်ငံကြားကုန်သွယ်မှုကို လာမယ့် ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလျံအထိ တိုးတက်သွားအောင်လုပ်ဆောင်ဖို့ နှစ်နိုင်ငံကြား သဘောတူထားပါတယ်။

ထိုင်းနိုင်ငံကနေ အီလက်ထရွန်းနစ်၊အစားအသောက်၊အချိုရည်၊စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ အိမ်တွင်းသုံးပစ္စည်းတွေကို တင်ပို့နေပါတယ်။
မြန်မာနိုင်ငံကတော့ စိုက်ပျိုးရေးထွက်ကုန်၊ရေထွက်ကုန်တွေကို ပြန်လည်တင်ပို့နေပါတယ်။ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုမှာ ဒုတိယအကြီးဆုံးကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။


Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service