မကွေးတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံအသစ် မကြာမီတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
3115 Views

မကွေးတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံအသစ် မကြာမီတည်ဆောက်မည်

မကွေးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံသစ် ကို နေရာအသစ်တွင် ယခုနှစ် အတွင်း စတင်တည်ဆောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနှစ် ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်မှာ ကျပ်သန်းတစ်ထောင် (ဘတ်ဂျက်)ကျပါတယ်။ တိုင်းအ စိုးရကလည်း မြေနေရာစီစဉ်ပေး နေပြီဖြစ်တော့ ယခုနှစ်အတွင်းမှာ စတင် တည်ဆောက်မှာ ဖြစ်ပါ တယ်’’ဟု မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော် မျိုးဝင်းက ပြောသည်။

လွှတ်တော်တည်ဆောက် ရေးကော်မတီတစ်ရပ်ကိုလည်း တိုင်းအစိုးရအဖွဲ့က ဆောက်လုပ် ရေးဝန်ကြီးအပါအဝင် ဌာနဆိုင် ရာအကြီးအကဲများ၊ တိုင်းဒေသ ကြီးလွှတ်တော်မှ လွှတ်တော်ဒုတိ ယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စား လှယ်များဖြင့် ယာယီဖွဲ့စည်းထား ပြီးဖြစ်သည်။ လွှတ်တော်တည် ဆောက်မည့် မြေနေရာကို တိုင်း အစိုးရအဖွဲ့ထံမှ အတည်ပြုချက် ရရှိပါက ကော်မတီတစ်ရပ်အ တည်ပြုဖွဲ့စည်းမည်ဖြစ်ကြောင်း မင်းဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေ မျိုးကျော်က ပြောသည်။

လွှတ်တော်တည်ဆောက် မည့် မြေနေရာကို မကွေးမြို့ လေ့ကျင့်ရေးဂေါက်ကွင်းအတွင်း ရှိ မြေ ၇ ဒသမ ၄၈ ဧကကို တိုင်းအစိုးရက သတ်မှတ်ပေးထားပြီး လိုအပ်သော မြေစာရင်းပုံစံများ၊ လုပ်ထုံး လုပ်နည်းများ ဆောင် ရွက်နေပြီဖြစ်ကြောင်း တိုင်းလွှတ် တော်ဒုတိယဥက္ကဋ္ဌက ပြောသည်။ ယခုနှစ်လာမည့် လေးလခန့် အတွင်း လုပ်ငန်းစတင်နိုင်မည် ဖြစ်ပြီး နောက်ဘဏ္ဍာနှစ်တွင် အပြီးသတ် ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မကွေးတိုင်းဒေ သကြီးလွှတ်တော်သည် တိုင်းအစိုးရအဖွဲ့ဝင်းအတွင်း တည်ရှိနေ သည်။

ဒုတိယအကြိမ်လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ကျင်းပစဉ်ကပင် လွှတ်တော်အ စည်းအဝေးကျင်းပရာ ခန်းမနေရာ ကျဉ်းသည်ဟူသော အကြောင်းပြ ချက်ဖြင့် အစည်းအဝေးကျင်းပနေ စဉ် သတင်းမီဒီယာများဝင်ရောက် သတင်းရယူခွင့် ကန့်သတ်ခြင်း ခံခဲ့ရသည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service