အိမ်ခြံမြေ ရောင်းမှားဝယ်မှားမဖြစ်အောင် သင်ဒါတွေ သိဖို့လို - Property Knowledge in Myanmar from iMyanmarHouse.com
5192 Views

အိမ်ခြံမြေ ရောင်းမှားဝယ်မှားမဖြစ်အောင် သင်ဒါတွေ သိဖို့လို

Knowledge | Posted by Aye Myat Thu

အိမ်ခြံမြေ အရောင်းအ၀ယ်မှာ ရောင်းမှားဝယ်မှားမဖြစ်အာင် စိစစ်သင့်တဲ့ အချက်တွေရှိတယ်လို့ သိရပါတယ်။တချို့တွေက ၀ယ်ပြီးမှ သဘောမကျတော့တာ ၊ပြန်ရောင်းမထွက်တာ၊အလိမ်ခံရတာမျိုးစတဲ့ ရောင်းမှား
ဝယ်မှားမဖြစ်အောင်စိစစ်သင့်တာပါ။

နေရာရွေးတက်ဖို့စပြီးဝယ်ယူတယ်ဆိုကတည်းက
နေဖို့လား၊ပြန်ရောင်းဖို့လား နေရာရွေးမမှားဖို့ လိုပါတယ်။နေဖို့အတွက်ဆိုရင် ပြန်ရောင်းမထွက်နိုင်တဲ့ နေရာဝယ်မိရင်လည်း ပြဿနာရှိနိုင်ပေမဲ့ ပြန်ရောင်းမယ့် သူကတော့ ကိုယ်ဝယ်ထားတဲ့ အကွက်က ပြန်ရောင်းရလွယ်ကူပါ့မလားဆိုတာ ကြည့်ရမယ်။ဈေးကွက်ထဲကို မကျွမ်းကျင်ဘဲ ၀င်ရောက်ရင်းနှီးမြုပ်နှံသူတစ်ချို့ အ၀ယ်မှားပြီး ရောင်းမထွက်ဘဲ ပိုက်မိနေကြတာ နေရာရွေးမှားတာကြောင့် ဖြစ်ပါတယ်။

တချို့ကတော့ မျက်နှာလှည့်အရပ်မကြိုက်လို့၊ အိမ်နံပါတ်ဂဏန်းမကြိုက်လို့ စသဖြင့် အယူအဆမတူကြတာ ရှိတက်တာကြောင့် နေဖို့ဝယ်မဲ့သူ အနေနဲ့ ကိုယ်စိတ်ချမ်းသာလို့ဝယ်ထားတဲ့နေရာ အတွက်ပြဿနာမရှိပေမယ့် ရောင်းဖို့အတွက်ဆိုရင်
နေရာသေချာရွေးချယ်သင့်တယ်။

ဥပမာ လမ်းဦးတိုက်ဖြစ်နေလား။အိမ်နံပါတ်က ဘူဂဏန်းဖြစ်နေလား၊လေယာဉ်ကွင်းနားမှာ ဈေးတန်
တာကြောင့် ၀ယ်ခဲ့ပေမယ့် ပြန်ရောင်းလို့လည်းမရ ၊အငှားထားလို့မရဖြစ်နေတာမျိုးတွေလည်း ရှိတက်ပါတယ်၊ဈေးတန်တယ်ဆိုတာလေး တစ်ခုနဲ့ ၀ယ်မိပေမဲ့ ပြန်ရောင်းမထွက်တော့တာမျိုးပါ၊ သည်လိုနေရာက ရုံးခန်းနေရာအတွက် ငှားဖို့လောက်နဲ့ ဈေးပေါတဲ့ နေရာရှာ ငှားနေသူတွေလောက်သာ အဆင်ပြေမှာ ဖြစ်တယ်လို့ အကျိုးဆောင်တချို့က နေရာရွေးမှားတဲ့ အဖြစ်တွေကို ပြောပါတယ်။

စိစစ်ဖို့ သိဖို့ သတိပြုဖို့
ဝယ့်မယ့် အိမ်ခြံမြေပိုင်ဆိုင်မှုက တစ်ယောက်တည်းလား ၊အမွေဆိုင်လားအဆင့်ဆင့်လွှဲပြောင်းရောင်းချထားတာလား၊ဆက်စပ်စာချုပ်တွေရှိလား၊စာရွတ်စာတမ်းပြည့်စုံရဲ့လား ၊ပိုင်ဆိုင်မှု စာရွတ်စာတမ်းက ဘယ်လိုအမျိုးအစား
လဲဆိုတာတွေသိရှိဖို့လည်းလိုအပ်တယ်။ကိုယ်စားလှယ်လွှဲထားတာဆို အတုလားအစစ်လား လေ့လာရဦးမှာဖြစ်တယ်။

ဝယ်ဖို့သေချာပြီဆို စလစ်ဆိုလည်း မိတ္တူတောင်းယူပြီး မြို့တော်စည်ပင်မှာ အစစ်အမှန် ဟုတ်မဟုတ်စစ်ဆေးရမှာပါ။ဆက်စပ်စာချုပ်တွေသာ ဖြစ်
ခဲ့ရင် ချုပ်ဆိုရမယ့် တံဆိပ်ခေါင်းခွန်က ဘယ်လောက်တန်မှ တရားဝင်တယ်ဆိုတာကို သတ်မှတ်ထားတဲ့ ဥပဒေတွေ သိရမှာဖြစ်တယ်။

တချို့ကလိမ်လည်သူတွေ ပြုလုပ်နေကြတာက အမည်ပေါက်တစ်ဦး၊ရုံးတွေက အမည်ပေါက်နေတာက တစ်ဦးဖြစ်နေတက်တယ်။တစ်ခါတလေ အမည်ပေါက် ချင်းတူတာတောင်မှတ်ပုံတင်နံပါတ် လွဲနေတာ ၊မှားနေတာ မွေးသက္ကရာဇ် လွဲမှား နေတာ ကွဲပြားနေတာတွေနဲ့ လိမ်လည်ရောင်းတာတွေ ရှိတာကြောင့် သတိပြုသင့်တယ်လို့ သိရပါတယ်။

အရောင်းအ၀ယ်ပြုလုပ်တော့မယ်ဆို
စလစ်ပါမစ် ဂရန်တို့ကို သက်ဆိုင်ရာဌာနတွေမှာ သတ်မှတ်နှုန်းထားအတိုင်း ငွေပေးသွင်းကာ အတုအစစ်
ကို စစ်ဆေးလို့ ရပါတယ်။ကြာချိန်ကာလက တစ်ပက်လောက်ပဲဖြစ်ပြီး စစ်ဆေးတဲ့ အခါ သက်ဆိုင်ရာ စာရွက်စာတမ်းထုတ်ပေးထားတဲ့ ဌာနမှာ စစ်ဆေးရတာဖြစ်တယ်လို့ သိရပါတယ်။

စာချုပ်ချုပ်ဆိုတဲ့ အခါမှာလည်း စရန်ကိုပြီးစလွယ် မဟုတ်ပဲ ကိုယ့်အမည်ပေါက်ဖြစ်တဲ့ အထိ တာဝန်ယူပေးတဲ့ အထိ အချက်အလက်တွေနဲ့ချုပ်ဆိုရမှာဖြစ်ပါတယ်။ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် တာဝန်ယူဖြေရှင်းပေးရမယ်ဆိုတဲ့ အချက်တွေမပါ မဖြစ်လိုအပ်ပါတယ်။

စာချုပ်မှာ ပါဝင်သင့်တဲ့ အသုံးအနှုန်းတွေ အပိုဒ်တွေ သူ့နေရာနဲ့ သူ အစီစဉ်တကျ ရှိနေသင့်တယ်။ကိုယ်ဘက်ကအားနည်းချက် ရှိတာမျိုး မဟုတ်ပဲ ပြဿနာဖြစ်ခဲ့ရင် အကာအကွယ်ပေးနိုင်တဲ့ စာချုပ်စာတမ်းဖြစ်ဖို့ လိုအပ်တာဖြစ်တယ်လို့ အကျိုးဆောင်တစ်ချို့ဆီက သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service