မန်းအိမ်ခြံမြေဈေးကွက် အရင်နှစ်ကထက် အငှားသွက် - Property News in Myanmar from iMyanmarHouse.com
1155 Views

မန်းအိမ်ခြံမြေဈေးကွက် အရင်နှစ်ကထက် အငှားသွက်

အိမ်ခြံမြေ ရောင်း၊ဝယ်၊ငှား ရာသီအစ မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အချက်အချာနေရာတွေက နေရာကျယ်ဝန်းတဲ့ အိမ်ခြံမြေတွေ အငှားသွက်နေတယ်လို့ အကျိုးဆောင်လုပ်ငန်းအချို့က သိရပါတယ်။

ဇွန်၊ ဇူလိုင်လဆန်းကနေ နိုဝင်ဘာ၊ဒီဇင်ဘာလအထိ ကာလတွေဟာ မန္တလေးအိမ်ခြံမြေ ရောင်း၊ဝယ်၊ ငှားဈေးကွက်ရဲ့ရာသီဖြစ်ပြီး ရာသီအစမှာပင် အရင်နှစ်ကထက် မန္တလေး အိမ်ခြံမြေအငှားသွက်နေတယ်လို့ အကျိုးဆောင်လုပ်ငန်းရှင်အချို့က ဆိုပါတယ်။

ဈေးကွက်ကောင်းတယ်

‘အငှားဈေးကွက်ကကောင်းတယ်၊ အငှားဈေးတွေကတတ်တယ်၊ လမ်း(၃၀)၊ ၃၅လမ်း၊ သိပ္ပံလမ်း အဲ့ဒီနေရာတွေကမြေကွက်ကျယ်ကျယ်တွေအလုပ်ဖြစ်တယ်အဓိကကားရှိုးရွမ်းတွေ၊ ဆိုင်ကယ်ရှိုးရွမ်းတွေတွေက ငှားတာများတယ်၊ သူတို့ကတော့ ရှိုးရွမ်းလဲပါမယ်၊ အခြားဝပ်ရှော့လိုမျိုးတွေလဲပါတော့ မြေနေရာကြီးကြီးလိုချင်တာ’ လို့ ဖိုးလမင်းအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးဝဏ္ဏစိုးက ပြောပါတယ်။

မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ လမ်း ၃၀၊ ၃၅လမ်း၊ ၆၂၊ ၇၈လမ်းနဲ့ သိပ္ပံလမ်းပေါ်က မြေကွက်အကျယ်တွေ အငှားသွက်နေတယ်၊ အခြားနေရာတွေရှိ မြေကွက်အသင့်အတင့် ကျယ်ဝန်းတဲ့ နေရာတွေမှာလဲ အငှားဈေးကွက် ကောင်းမွန်နေတယ်၊ အဓိက ပြည်ပက စီးပွားရေးလုပ်ငန်းတွေ၊ ပြည်ပကုမ္ပဏီနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းကုမ္ပဏီတွေက ငှားရမ်းတာများတယ်လို့ အကျိုးဆောင်အချို့ထံက သိရပါတယ်။

‘နိုင်ငံရေးစနစ်က အပြောင်းအလဲ ဖြစ်နေပြီ၊ စစချင်း ပြောင်းလဲခါစကတော့ သွေးတိုးစမ်းတဲ့ သဘောပါပဲ၊ ဝင်လာတာ၊ တဖြည်းဖြည်း ယုံကြည်မှုရလာတော့ မျှော်လင့်ချက်ပိုပြီးတော့ ကောင်းလာတယ်၊ ယုံကြည်ချက် ပိုတိုးလာတဲ့အချိန်မှာ စီးပွားရေးသမားက ပိုပြီးတော့ ရင်းနှီးမြှုပ်နှံချင်တဲ့ သဘော၊ ဒီရက်ပိုင်းမှာတော့ အလုပ်တွေဖြစ်တယ်၊ ဧကကွက်တွေ အငှားဖြစ်တယ်’ လို့ အကျိုးဆောင် ဦးမျိုးကျော်က ပြောပါတယ်။

အခြေခံလူတန်းစားတွေ အများဆုံးနေထိုင်ရာ ရပ်ကွက်တွေမှာလည်း အိမ်အငှားသွက်နေပြီး ငှားရမ်းခနှုန်းထားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုကထက်စာရင် မြင့်တတ်လာတယ်လို့ မြို့ခံအိမ်ခြံမြေအငှား အကျိုးဆောင်အချို့က ပြောပါတယ်။

နှုန်းထားတွေလည်းတတ်

ချမ်းအေးသာစံမြို့နယ်က ယာဉ်ပျံ၊ ရွှေယာဉ်မွန်၊ ကျန်းမာရေး၊ အောင်မြေသာစံမြို့နယ်က နန်းဦးလွင်၊ ဘူးကုန်း၊ သရက်ကုန်း၊ ပုသိမ်ကြီးမြို့နယ်က မဲခင်းကုန်း၊ ကျွဲရေကုန်း စတဲ့ ရပ်ကွက်တွေက အိမ်ငှားခတွေ မြင့်တတ်လာတာဖြစ်ပါတယ်။

‘တတ်တာတော့ အကုန်လုံးကိုတတ်တာ၊ ဥပမာ အရင်တစ်လ အိမ်ငှားရမ်းခကျပ် တစ်သိန်းတန်လောက်က အခုလက ကျပ် ၁၃၀,၀၀၀ လောက်တတ်တယ်၊ အိမ်အခြေအနေ၊ လမ်းအနေအထား အဲ့ဒါတွေပေါ်မှာ အနည်းဆုံး ၁၀,၀၀၀ လောက်ကနေ နှစ်ဆလောက်အထိ တတ်တာရှိတယ်’ လို့ အိမ်ခြံမြေ အငှားပွဲစား မစိုးခိုင် က ပြောပါတယ်။

သွားရေးလာရေး လွယ်ကူအဆင်ပြေတာ၊မြို့တွင်းအချက်အချာကျတဲ့ နေရာတွေနဲ့ မနီးမဝေးမှာ ရှိတာ၊ မြို့တွင်းအိမ်အငှားဈေးနှုန်းတွေနဲ့ယှဉ်ရင် အိမ်ငှားရမ်းခနှုန်းထား အဆမတန် သက်သာတာ စတာတွေကြောင့် အဲ့သည်ရပ်ကွက်တွေမှာ အိမ်ငှားနေထိုင်လိုသူတွေ ပိုမိုများပြားလာပြီး နောက်ပိုင်းအိမ်ငှားရမ်းခနှုန်းထားတွေ အခုလို မြင့်တတ်လာတာဖြစ်တယ်လို့ သိရပါတယ်။

Credit: Mordern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service