ဆွစ်ဇာလန်တွင် နိုင်ငံသားတိုင်းလစဉ် ၀င်ငွေ ကန်ဒေါ်လာ ၂၅၅၁ ရရှိစေမည့် စီမံကိန်းတစ်ရပ် ဆန္ဒဖော်ထုတ်ပွဲကျင်းပ - Property News in Myanmar from iMyanmarHouse.com
1204 Views

ဆွစ်ဇာလန်တွင် နိုင်ငံသားတိုင်းလစဉ် ၀င်ငွေ ကန်ဒေါ်လာ ၂၅၅၁ ရရှိစေမည့် စီမံကိန်းတစ်ရပ် ဆန္ဒဖော်ထုတ်ပွဲကျင်းပ

ဆွစ်ဇာလန်နိုင်ငံတွင် အလုပ်အကိုင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေဆွစ်ဇာလန်နိုင်ငံအတွင်းတွင် နေထိုင်သူတိုင်းလစဉ် ၀င်ငွေ ကန်ဒေါ်လာ ၂၅၅၁ ရရှိစေမည့် စီမံကိန်းတစ်ရပ်ဖော်ဆောင်ရန် ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း အင်္ဂလန်အခြေစိုက် သတင်းမီဒီယာတစ်ခုတွင် ဖော်ပြသည်။

ယင်းစီမံကိန်းအရ အရွယ်ရောက်ပြီးသူတစ်ဦးလျှင် လစဉ်ဝင်ငွေ ကန်ဒေါ်လာ ၂၅၅၁ ရရှိစေမည်ဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးလူငယ်များအတွက် လစဉ်ဝင်ငွေ ကန်ဒေါ်လာ ၆၄၆ ရရှိစေမည်ဟု ဆိုသည်။

အဆိုပါစီမံကိန်းသည် လူ့ဂုဏ်သိက္ခာနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာကို မြင့်တက်စေမည်ဖြစ်ကြောင်း ယင်းစီမံကိန်းထောက်ခံသူတို့က ဆိုသည်။

အစိုးရအပါအ၀င် အတိုက်အခံတို့က ပြောကြားရာတွင်မူ ယင်းစီမံကိန်းမှာ ကုန်ကျစရိတ်အလွန်ကြီးမားမည်ဖြစ်ပြီး တိုင်းပြည်စီးပွားရေးကို အထိနာစေနိုင်ကြောင်း သုံးသပ်ကြသည်။

ဆန္ဒဖော်ထုတ်သူတို့က နိုင်ငံတကာအာရုံစိုက်မှုရစေရန် ကြိုးပမ်းခဲ့ကြပြီး ဘောလုံးကွင်းတစ်ကွင်း၏ အကျယ်အ၀န်းထက် ပိုမိုကြီးမားသော ပိုစတာတစ်ခုပြုလုပ်ကာ “၀င်ငွေတစ်ခုအမြဲရှိမယ်ဆိုရင် သင်ဘာလုပ်မှာလဲ” 'What would you do if your income was secure?' ဟု ရေးသားလှုံ့ဆော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သည့်နေရာသို့ ဖြတ်သန်းသွားလာသူများကိုလည်း ၁၀ တန်ငွေစက္ကူများ ဝေငှခဲ့ကြသည်။
၎င်းတို့က အဆိုပါ လှုပ်ရှားမှုကို ဗွီဒီယိုဖိုင်တစ်ခုလည်း လွှင့်တင်ကာ လှုံ့ဆော်ခဲ့ကြရာ ယင်းဗွီဒီယိုဖိုင်ကို https://goo.gl/sJlxEw လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

ဆွစ်ဇာလန်သည် တိုက်ရိုက်ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံတစ်ခုဖြစ်ပြီး အခြေခံဝင်ငွေနှင့်စပ်လျဉ်း၍ အမျိုးသားညီလာခံခေါ်ယူမည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service