ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က အငှားအိမ်ရာ တိုက်ခန်းများ တန်ဖိုးသင့် အိမ်ရာများ ဇွန်လဆန်းမှ စတင် အကောင်အထည် ဖော်မည် - Property News in Myanmar from iMyanmarHouse.com
1669 Views

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က အငှားအိမ်ရာ တိုက်ခန်းများ တန်ဖိုးသင့် အိမ်ရာများ ဇွန်လဆန်းမှ စတင် အကောင်အထည် ဖော်မည်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က လူမှုဘ၀ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ပဲခူးမြို့ ဥဿာမြို့သစ် ရပ်ကွက်ကြီး (၈) မြို့ရှောင်လမ်းမဘေးတွင် တည်ဆောက်ပြီးစီးသော အခန်းလေးခန်းတွဲပါ လေးထပ်တိုက်အိမ်ရာ ခုနစ်လုံးရှိ နေအိမ်အခန်းများကို အငှားစနစ်ဖြင့် စီမံဆောင်ရွက်ထားပြီဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးတွင် လက်ရှိ တာဝန်ထမ်းဆောင်နေပြီး ပဲခူးမြို့တွင် အခြေချ နေထိုင်လိုသော အငြိမ်းစားယူရန် နှစ်နှစ်အလိုဝန်ထမ်းများ၊ ပဲခူးမြို့တွင် အိမ်ပိုင်မရှိသဖြင့် အိမ်ငှားနေထိုင်လျက် ရှိသော အငြိမ်းစားဝန်ထမ်းများနှင့် ပဲခူးမြို့တွင် အနည်းဆုံးငါးနှစ်ဆက်တိုက်နေထိုင်ပြီး အိမ်ပိုင်မရှိသော အိမ်ငှားနေ ထိုင်သူများအားဦးစားပေး လျှောက်လွှာခေါ်ယူ၍ မဲစနစ်ဖြင့် အငှားချ ထားခြင်းဖြစ်သည်။

"လူနေတိုက်ခန်း အကျဉ်း၊ အကျယ်အပေါ် မူတည်ပြီး ဈေးသတ်မှတ်ထား တယ်။ တိုက်ခန်းအကျဉ်းဆို တစ်လ ကျပ် ၂၅၀၀၀ ကျသင့်ပြီး တိုက်ခန်း အကျယ်က ကျပ် ၃၀၀၀၀ ပေးနေရတယ်။ အပြင်ငှားနေရတာထက် အဆင်ပြေပါတယ်။ ရေ၊ မီးစုံပါတယ်" ဟု အငြိမ်းစား ဝန်ထမ်းတစ်ဦး က ပြောသည်။

အိမ်ပိုင်မရှိသူများအား ငါးနှစ်စာချုပ်ချုပ်ဆိုပြီး သတ်မှတ်အခန်းတန်ဖိုးအလိုက် အငှားစာချုပ်ဖြင့် ငှားရမ်းနေထိုင်ခွင့် ပြုထားသည်။

"အငှားစနစ်နဲ့နေထိုင်ခွင့် ပြုထားတာပါ။ နှစ်ရှည် ပိုင်ဆိုင်ခွင့်ပုံစံ မဟုတ်ပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် အပြင်မှာ ငှားရမ်းနေထိုင်ရတာထက် အဆင့်မြင့် အိမ်ရာ ဖြစ်ပါတယ်။ အိပ်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာ အားလုံးပါ တယ်"ဟု အိုးအိမ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အငှားအိမ်ရာကို အစိုးရကပိုင်ဆိုင်ပြီး စာချုပ် စည်းကမ်းအရ ရေ၊ မီးခွန်နှင့် သန့်ရှင်းရေးခွန်များပါ တိုက်ခန်း ငှားရမ်းသူက ပေးဆောင်ရမည်ဖြစ်သည်။

"အိမ်ခန်းအထပ်ပေါ် မူတည်ပြီး အိမ်ခန်းတန်ဖိုး သတ်မှတ်ရင် ပိုအဆင်ပြေ မယ်။ အခုလည်း အဆင်မပြေလို့ မဟုတ်ပါဘူး" ဟု တိုက်ခန်းငှားနေထိုင်သူ အငြိမ်းစားတစ်ဦးက ပြောသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တန်ဖိုးသင့် အိမ်ရာများကို ထပ်မံတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ ရက် ၁၀၀ စီမံချက် အကောင် အထည်ဖော်ဆောင်ရွက်ခြင်း အနေဖြင့် တန်ဖိုးသင့်အိမ်ရာများကို ဇွန် လဆန်းမှ စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service