အိမ်ခြံမြေထိုင်းမှိုင်း ၊ သီတင်းကျွတ်မှသာ အရောင်းပြန်ကောင်းနိုင်မည် - Property News in Myanmar from iMyanmarHouse.com
1588 Views

အိမ်ခြံမြေထိုင်းမှိုင်း ၊ သီတင်းကျွတ်မှသာ အရောင်းပြန်ကောင်းနိုင်မည်

အိမ်ခြံမြေဈေးကွက်က ထိုင်းမှိုင်းနေတဲ့ အခြေအနေမှာသာရှိပြီး သီတင်းကျွတ်ပြီးလောက်မှ အရောင်းအဈေးကွက် ပြန်ကောင်းလာနိုင်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘သီတင်းကျွတ်ပြီးလောက်မှ ဈေးကွက်ပြန်ကောင်း
လာနိုင်ခြေရှိတယ်၊အိမ်ခြံမြေဈေးကွက်က
တော်တော်ကြာနေပြီ ၊ ဈေးကွက်ပျက်နေတာ ၊ အရင်ကဒီလောက်ကြာတဲ့အထိ ဈေးကွက်အပျက်ဘူး ၊ အလွန်ဆုံးကြာတစ်နှစ်ပဲ ၊ အခုလိုဈေးကွက်က လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်ကလဲ ဖြစ်ခဲ့ဖူးတယ် ၊ မြေကွက်ကိုင်ထားတဲ့သူတွေကတော့ ဈေးကွက်ဘယ်
အချိန်ပြန်ကောင်းမလဲ မျှော်ကြရတာ’လို့ ပြောပါတယ်။
တချို့က အိမ်ခြံမြေ ပူဖောင်းပေါက်ကွဲသွားမလားလို့ ထင်မြင်နေကြတာတွေလည်း ရှိပါတယ်။

၂၀၁၄ ခုနှစ်နှစ်လယ်ပိုင်း ဝန်းကျင်ကတည်းက ဈေးကွက်အေးနေခဲ့တာ လက်ရှိအချိန်ထိ ဖြစ်နေတာပါ ။ အငှားဈေးကွက်နဲ့ တကယ်နေမယ့်သူတွေလောက်သာ အရောင်းအဝယ်ရှိခဲ့တာလို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။

ထိုင်းမှိုင်းအဆင့်သာရှိ
ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက ‘အိမ်ခြံမြေ အရောင်းအဝယ်လုပ်လို့ စီးပွားပျက်တဲ့သူမရှိသေးပါဘူး ၊ မမြတ်နည်းတာ ၊ များတာပဲ ရှိမယ် ၊ အခုဈေးကွက်က အေးနေတယ်ဆိုပေမဲ့
အမြင့်ဈေးတွေနဲ့ တန့်နေတာ ၊ အရင်ကတည်းက မြေဝယ်မကျဆိုတဲ့စကားနဲ့
ဈေးကွက်က ရပ်တည်ခဲ့ကြတာပဲ ၊ အခုဈေးကွက်တန့်နေတာကလဲ ငွေကြေးလည်ပတ်မှုတွေ အရင်လိုမဟုတ်လို့ပါ ၊ အခုကတော့အရောင်းအဝယ်ထိုင်းမှိုင်းနေတဲ့ အဆင့်ပဲရှိသေးတယ်’လို့ ရှင်းပြပါတယ် ။
အိမ်ခြံမြေဈေးကွက်က အရောင်းများပြီး အဝယ်မရှိဘဲ ဈေးကွက်ပျက်နေတယ်လို့ ပြောကြပါတယ်။ ရောင်းအားကျပြီး ဈေးနှုန်းတွေမကျတာကြောင့် ဈေးကွက်ပူဖောင်းပေါက်ဖို့ဆိုတာ အဖြစ်နိုင်သေးဘူးလို့ သိရတယ် ။ တချို့နေရာတွေမှာ ဈေးကျတယ် ၊ ဝယ်တုန်းက ဈေးပြန်မရဘူးဆိုတာတွေက ငွေမလည်လို့ဈေးလျော့ရောင်းကျသူတွေကြောင့် ဖြစ်တယ်။

အောင်းထားသူများ
ရန်ကုန်မြို့တွင်းမှာလည်း လူနေထိုင်မှုကျပ်တည်းနေတာကြောင့် အရောင်းဈေးကမကျဘဲ အမြင့်ဈေးသာရှိနေပြီး အငှားဈေးကွက် ပိုအားကောင်းနေတာပါ ။ ငွေအောင်းထားနိုင်သူတွေများတဲ့ အိမ်ခြံမြေမှာတော့ ဈေးကွက်ကျဖို့က အချိန်တစ်ခုအထိ လိုအပ်နေပြီး အမြင့်ဈေးနဲ့ပဲ ဆက်ရှိနေနိုင်သေးတယ်လို့ သိရတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ‘ဈေးကတော့ မလှနိုင်သေးဘူး ၊ မြို့သစ်တွေဖွံ့ဖြိုးလာပြီး ၊ မြို့နေရာတွေ ထပ်ချဲ့မယ်ဆိုလဲ ဈေးကွက်ပြန့်သွားတာမျိုးပဲ ရှိနိုင်မယ် ၊ မြို့တွင်းဈေးကွက်ကတော့ ခပ်မာမာနဲ့ပဲ ရှိနေဦးမှာပါ ၊ စီးပွားရေးတွေအားလုံးက တအိအိနဲ့ ကျနေတာကြောင့်ပါ ၊ စီးပွားရေးတွေပြန်ကောင်းလာတာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် အိမ်ခြံမြေဈေးကွက်က အရင်လိုပဲ ပြန်ပြီးဦးမော့လာမှာ’လို့ ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်အခုလိုအေးစက်နေပြီး အဝယ်ပျောက်နေတာကို ကျွမ်းကျင်သူအများစုကတော့ နိုင်ငံရေးအခြေအနေတွေနဲ့ စီးပွားရေးအခြေအနေတွေ မှုဝါဒအပြောင်းအလဲတွေကြောင့်လို့ ခန့်မှန်းသုံးသပ်ကြပါတယ် ၊ ဝယ်ရောင်းအများစုနဲ့ အိမ်ခြံမြေမှာရင်းနှီးမြှုပ်နှံသူတွေကတော့ ဈေးကွက်ဘယ်အချိန်ပြန်ပြီးဦးမော့လာနိုင်မလဲဆိုပြီး မျှော်လင့်နေကြ
တာဖြစ်တယ် ။ အိမ်ခြံမြေနဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေပါ ကျဆင်းနေတာကလည်း ဈေးကွက်အေးနေရတဲ့ အကြောင်းထဲပါဝင်တယ်လို့ သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service