ဘာရိန်းနိုင်ငံတွင် အစိုးရဌာနဆိုင်ရာ အဆောက်အအုံများကို Green building များအဖြစ် ဆောက်လုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
1158 Views

ဘာရိန်းနိုင်ငံတွင် အစိုးရဌာနဆိုင်ရာ အဆောက်အအုံများကို Green building များအဖြစ် ဆောက်လုပ်သွားမည်

ဘာရိန်းနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် အဆောက်အအုံပရောဂျက်ပေါင်း ၄၀ အကောင်အထည် ဖော်လျက်ရှိကြောင်းဘာရိန်းနိုင်ငံမြို့ တော်၊ မနာမာအခြေစိုက်သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ယင်းပရောဂျက်များ၏ အဓိကရည်ရွယ်ချက်မှာ စွမ်းအင်နှင့် ရေသုံးစွဲမှုလျှော့ချရေး၊ ကာဗွန်ထုတ် လွှတ်မှုလျှော့ချရေးတို့ဖြစ်သည်။
အဆိုပါပရော ဂျက်များကို The green building initiative ဟုအမည်ပေးထားသည်။
The green building initiative သည် ဘာရိန်းအလုပ်အကိုင်၊ စည်ပင်သာယာရေးနှင့် မြို့ ပြစီမံကိန်း ၀န်ကြီးဌာန၏ အရေးအပါဆုံး မဟာဗျူဟာရည်မှန်းချက် တစ်ခုဖြစ်သည်။

The green building initiativeကိုဘာရိန်းအစိုးရ ၀န်ကြီးဌာနများ၏ ဆောက်လုပ်ဆဲနှင့် အသစ်ဆောက်လုပ်မည့် ပရောဂျက်များတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီးပရောဂျက် ဒီဇိုင်းရေးဆွဲခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကိုအလုပ်အကိုင်၊ စည်ပင်သာယာရေးနှင့် မြို့ ပြစီမံကိန်း ၀န်ကြီးဌာနမှ ဦးဆောင်သွားမည် ဖြစ်သည်။

Green building အဖြစ်အကောင်အထည်ဖော်ရာတွင် အဓိကအချက် ၆ ရပ်အပေါ်တွင် ဦးတည်မည်ဖြစ်ရာ တည်နေရာ၊ အသုံးပြုမည့်ပစ္စည်းများ၊ အတွင်းပိုင်းအရည်အသွေး၊ စွမ်းအင်ထိရောက်မှု၊ ရေနှင့် စီမံခန့်ခွဲမှုတို့ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
ယင်းအပြင်အခြားအချက်များလည်းပါဝင်ရာ စွမ်းအင်သုံးစွဲမှုနည်းပါးသည့် မီးလုံး၊ မီးချောင်းများ၊ လျှပ်စစ်မီးသုံးစွဲမှု ထိန်းချုပ်ရေးနည်း စနစ်များ၊ ရေချိုးခန်း များတွင် အာရုံခံကိရိယာများတပ် ဆင်ခြင်း၊ နေစွမ်းအင် သုံးအပူပေးစက်များအစရှိသည်တို့ ပါဝင်သည်။
Green building များသည် စွမ်းအင်နှင့်ရေသုံးစွဲမှု လျှော့ချနိုင်ပြီးသုံးစွဲမှုနှင့် ပြုပြင်ထိန်း သိမ်းမှုတို့တွင် စရိတ်စကများစွာလျှော့ချနိုင်ကြသည်။

မှတ်တမ်းများအရ Green building များသည် လျှပ်စစ်နှင့် ရေသုံးစွဲမှုတွင် ၃၀ ရာခိုင်နှုန်းလျှော့ ချနိုင်ပြီးသုံးစွဲမှုနှင့် ပြုပြင်ထိန်းသိမ်းမှုတွင် ၁၅ ရာခိုင်နှုန်းလျှော့ချနိုင်စွမ်းရှိသည်။
ထို့အပြင် ကာဗွန်ထုတ်လွှတ်မှုကို ၃၅ ရာခိုင်နှုန်းလျှော့ချနိုင်စွမ်းရှိပြီးဆောက်လုပ်ရေးကဏ္ဍလေလွင့်မှုကို ၅၀ မှ ၇၅ ရာခိုင်နှုန်းလျှော့ချနိုင်စွမ်းရှိသည်ဟုဆိုသည်။

လက်ရှိအားဖြင့် ဆောက်လုပ်ပြီးစီးသွားသောအဆောက်အအုံမှာ ၀ါဒီအယ်လ်ဆေးလ် ယောက်ျားလေး အလယ်တန်းကျောင်းဖြစ်ပြီးမကြာသေးမီကပင် ဘာရိန်းပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
area-one-business-complex
(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီး

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service