မြေထက်ဈေးပိုကြီးနေသော ဂရန် နှင့် ဖြေဆေးလိုနေတဲ့ အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
2373 Views

မြေထက်ဈေးပိုကြီးနေသော ဂရန် နှင့် ဖြေဆေးလိုနေတဲ့ အိမ်ခြံမြေဈေးကွက်

ကျွန်တော်တို့ နိုင်ငံမှာမြေဈေးကြီးနေတယ်လို့ပြောနေတယ်၊ မြေဈေးမကြီးပါဘူး။ ကြီးနေတာက ဂရန်ဈေးပါ၊ ဘာကြောင့်လဲ မြေသည် ဒီကနေ့ ဝယ်လို့ရနေတဲ့နေရာတွေ အများကြီးရှိပါတယ်။ သို့ပေမဲ့ နေထိုင်မှုအတွက် အခြားနည်းသုံးစွဲခွင့်ကို နိုင်ငံတော်အစိုးရက လိုအပ်သူလက်ထဲကို အရောက်မပို့ဘဲနဲ့ မလိုအပ်သူတွေရဲ့ လက်ထဲကို စီးပွားရေးအရ အခွင့်အလမ်းတွေအဖြစ် ဖန်တီးပေးလိုက်တဲ့အတွက် တစ်ကယ်လိုအပ်တဲ့ ဆင်းရဲသားပြည်သူတွေက အိမ်တွေဝယ်ခွင့်မရခဲ့ဘူး။ မရခဲ့တဲ့အတွက်သူတို့က ဘေးကနေတစ်ဆင့်ဝယ်တဲ့အတွက် ဈေးကြီးတဲ့ပြဿနာတွေဖြစ်နေတယ်။

ဥပမာ ပြောရရင် မှော်ဘီမှာရှိတဲ့မြေကွက်တစ်ကွက် နဲ့ လှိုင်သာယာ မှာရှိတဲ့ စက်မှုဇုန်က ဈေးဟနေတာဟာ လှိုင်သာယာစက်မှုဇုန်ဆိုတဲ့ အမည်လေးတပ်ပြီးတော့ ဂရန်ဆိုတဲ့ စကားလုံးလေးနှစ်လုံးထဲနဲ့ မြေဈေးကွာနေတယ်၊ မှော်ဘီမှာ ငါးရာ နဲ့ဝယ်လို့ရတဲ့ မြေကွက်လောက်ကို လှိုင်သာယာမှာဒီကနေ့ ငါးထောင်တို့ တစ်သောင်းတို့ ဖြစ်နေရင် ဂရန်ကဈေးကြီးတာလား မြေကဈေးကြီးတာလားအဖြေထွက်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဌ ဦးတင်မောင်မှ မေလ ၇ ရက်နေ့က ပြုလုပ်ခဲ့သော “၂၀၁၆ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်အခြေအနေနှင့် အနားဂတ်အလားအလာ” ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

“ဈေးကွက်ရဲ့ လိုအပ်ချက်အရ ဈေးတက်တာပါ။ ဈေးကွက်ကို ကျွန်တော်တို့ အကျိုးဆောင်တွေကော၊ ဝယ်ရောင်းတွေကော မည်သူမှ ဆွဲတင်နိုင်မဲ့ စွမ်းအားမရှိပါဘူး” ဟုလည်း အိမ်ခြံမြေ ဈေးကွက်၏ လက်တလော အဖြစ်အပျက်များ နှင့် အကျိုးဆောင်များ၏ ရပ်တည်ချက်တို့အား ထပ်လောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲမှာပင် စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်မှ ဘောဂဗေဒ သဘောအရ Supply များပြီး Demand နည်းနေသည့်အတွက်ကြောင့် လက်ရှိမြန်မာ့အိမ်ခြံမြေဈေးကွက် ပျက်သလိုဖြစ်နေကြောင်းကို

“နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုနဲ့ အတူ အတော်များများဝင်လာတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးက အထူးသဖြင့် ၁၁၊ ၁၂၊ ၁၃ မှာ တိုင်းပြည်ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ဈေးနှုန်းတွေကအစ ဝယ်ရောင်းတွေလဲ တော်တော်ကြီးဖြစ်ခဲ့တာပေါ့နော်၊ ဖြစ်ပြီးတော့ တော်တော်များများ စီးပွားရေးလုပ်တဲ့သူတွေကို မေးတဲ့အခါမှာ အများစုကဘာလဲဆိုရင် အိမ်ခြံမြေ စီးပွားရေးမှတပါးပေါ့။

အထူးသဖြင့် သိန်းတစ်ရာနဲ့ ဝယ်တဲ့မြေက ၁နှစ် ၂ နှစ်အတွင်းမှာ ထောင်ဂဏန်းဖြစ်သွားမယ်၊ တစ်ချို့သောင်းဂဏန်းဖြစ်သွားတာတွေလဲ အများကြီးပေါ့နော်၊ ပြောချင်တာက အဲ့အချိန်တုန်းကတော့ စီးပွားရေးသမားတွေရဲ့ စိတ်ဝင်စားမှုအများဆုံးလို့ပြောရင်တော့ အိမ်ခြံမြေပေါ့နော် ဒါ Real Estate မှာစိတ်ဝင်စားမှု အများဆုံးရှိတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အားလုံးသိပြီးသားဖြစ်မှာပါ ၂၀၁၄ နောက်ပိုင်းပြန်ကျလာတယ် နောက်ပြီးအစိုးရပိုင်းမှာလည်း တိုင်းပြည်ရဲ့တည်ငြိမ်မှုတွေ တက်လာတယ်၊ နောက်ရွေးကောက်ပွဲတွေနဲ့ဘာနဲ့ အဲ့နောက်ပိုင်းမှာ ပြန်ကျလာတာ ခုချိန်ထိပဲ။ ပြောချင်တာက ဘောဂဗေဒစကားနဲ့ပြောမယ်ဆိုရင် Supply များတယ်၊ Supply များတဲ့အတွက် ခုချိန်မှာ ဈေးကွက်ပျက်သလောက်ဖြစ်နေတာပေါ့နော်”။

“အခုဆိုရင် ကွန်ဒိုမီနီယမ် law ကလွှတ်တော်ကို အခုတင်ထားပြီးပါပြီ။ ဒါသာတစ်ကယ့်ကို အတည်ဖြစ်လာရင် ဒါလဲကျွန်တော်ထင်တယ် ဖြေဆေးတစ်ခုဖြစ်ချင်ဖြစ်မှာပေါ့နော်။ ကျွန်တော်ပြောချင်တာက လုပ်ငန်းတွေအားလုံးက လက်ရှိမှာက အခြေအနေမကောင်းပေမဲ့ မကြာခင်အချိန်မှာပဲ ပြန်တိုးတက်လာမယ်လို့ မျှော်လင့်တယ်” ဟုလက်တလော အိမ်ခြံမြေဈေးကွက်အခြေအနေနှင့် အလားအလာများအပေါ် သုံးသပ်ဆွေးနွေးသွားခဲ့သည်။

အဆိုပါဟောပြောပွဲအား ပြီးခဲ့သည့် မေလ ၇ ရက် စနေနေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းနှင့် iMyanmarHouse.com တို့မှ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ဟောပြောပွဲသို့  လူပေါင်း ၄၀၀ ကျော်ခန့်တက်ရောက်ခဲ့သည်။

Credit: စီးပွားရှင်

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service