နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏအမှန်ရရှိရေး ၂၀၁၇ တွင် စတင်ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
872 Views

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏအမှန်ရရှိရေး ၂၀၁၇ တွင် စတင်ဆောင်ရွက်မည်

ကုန်ဆုံးခဲ့သော ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော် ရှိခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၏ ပမာဏအမှန်ရရှိရေးအတွက်
၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက် သွားမည်ဟု ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးဌာနညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန တရားဝင်ထုတ်ပြန်ချက်များအရ ၂၀၁၅ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီအထိ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ၅ ဒသမ ၆ ဘီလျံ ၀င်ရောက်ခဲ့ပြီး မတ်လကုန်အထိ ကန် ဒေါ်လာ ၉ ဒသမ ၄ ဘီလျံအထိရှိခဲ့ရာမတ်တစ်လတည်းတွင် ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်မြန်မာနိုင်ငံသို့ ၀င်ရောက် သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြလာ သည့် စာရင်းများနှင့် ၀န်ကြီးဌာနများက ခွင့်ပြု ထားသည့်စာရင်းများကိုသာ အခြေခံဆောင် ရွက်နေရသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏအမှန်ကိုရရှိရန်အခက်အခဲ ရှိနေသေး ခြင်းဖြစ်နေသည်ဟု ဦးကျော်ဝင်းထွန်းက ပြောသည်။

"အခုလက်ရှိမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စာရင်းအမှန်ကို မရသေးဘူး။ နိုင်ငံတကာမှာဆိုရင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မှာက ငွေသားစီးဆင်းမှုက ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်။ လုပ်ငန်းအတွက်လိုအပ်တဲ့ စက်ယန္တရားတွေက ၃၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒါပေမဲ့ ဒီမှာကတင်ပြလာတဲ့ပမာဏ ကလွဲပြီး တကယ်တမ်းငွေသားစီးဝင်လာတဲ့ ပမာဏအမှန်ကို စာရင်းမကောက်နိုင်သေး ဘူး။ နောက်ပိုင်းမှာ အဲဒါကိုစနစ်တကျလုပ်သွားမှာပါ" ဟု ၎င်းကပြောသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာ နိုင်ငံသို့ ၀င်ရောက်မည့် နိုင်ခြားရင်းနှီးမြှုပ်နှံမှုပမာဏကို 'ကန်'ဒေါ်လာ ခြောက်ဘီလျံ လျာ ထားခဲ့သော်လည်း လျထားချက်ထက် ၃ ဒသမ ၄ဘီလျံကျော် ၀င်ရောက်ခဲ့ခြင်းဖြစ်သည် ဟု ဦးကျော်ဝင်းထွန်းက ပြောသည်။

ပြီးခဲ့ သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၈ ဒသမ ၁ ဘီလျံရှိခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် တစ်ဘီလျံကျော် ပိုမိုဝင်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံတကာတွင်မူရင်းနှီးမြှုပ်နှံမှု ၀င်ရောက် သည့် ပမာဏကိန်းဂဏန်းများကို စုစည်းရာ တွင် ခွင့်ပြုအဖွဲ့အစည်းသို့တင်ပြသည့် ပမာဏနှင့် ဘဏ်များမှတစ်ဆင့် စီးဝင်သည့် ငွေပမာဏများကို ချိန်ညှိဆောင်ရွက်သည့်စနစ်ဖြင့် အမှန်တကယ် ၀င်ရောက်သည့်ပမာဏကိုပိုမိုသိရှိနိုင်ခြင်း ဖြစ်သည်ဟုလည်း
ဦးကျော်ဝင်းထွန်းက ပြောသည်။

လက်ရှိတွင်မူ မြန်မာနိုင်ငံက ဘဏ် လုပ်ငန်းများ အပါအ၀င်ဌာနဆိုင်ရာ အဖွဲ့ အစည်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းနေသေးခြင်းကြောင့်ထိုကဲ့သို့ လုပ် ဆောင်နိုင်ခြင်းမရှိသေးဘဲ ဖြစ်နေသည်ဟု လည်း ၎င်းကပြောသည်။

ထိုကဲ့သို့ လုပ်ဆောင် ရာတွင် ပထမအဆင့်အဖြစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပြည်တွင်းအခွန်နှင့်အကောက်ခွန် စသည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏအမှန်များကိုရရှိရေးဆောင်ရွက်မည် ဖြစ်သည်ဟု ဆိုသည်။

"လုပ်သွားမယ့် အစီအစဉ်ကတော့ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံ
မှုကော်မရှင်က ခွင့်ပြုလိုက် တဲ့ အချက်အလက်တွေကို ပထမဆုံး ဌာနတွေကို (ဗဟိုဘဏ်၊ ပြည်တွင်းအခွန်ရယ်၊ အကောက်ခွန်) အရင်ဖြန့်ပေးလိုက်မယ်။ ပြီးတော့မှ လုပ်ငန်းတွေက တင်ပြလာတဲ့ အစီရင်ခံစာပေါ် မူတည်ပြီး သုံးလပတ်တစ်ကြိမ် ပြန်လည်စုစည်းတဲ့စနစ်နဲ့ သွားရမှာပါ။ နိုင်ငံတကာမှာလည်း သုံးလတစ်ကြိမ်းနှုန်းနဲ့ အချက် အလက် ပြန်လည်စုစည်းတာ ရှိတယ်" ဟု ဦးကျော်ဝင်းထွန်းကပြောသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ငွေလွှဲပြောင်း ခြင်းအပါအ၀င်၊
ချေးငွေပေးအပ်လွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များသည် ဘဏ်လုပ်ငန်းများမှတစ်ဆင့် ဆောင်ရွက်ရသဖြင့် နိုင်ငံတကာတွင်မူထိုကဲ့သို့အချက်အလက်ကောက်ယူ ခြင်းများကို နိုင်ငံတော်ဗဟိုဘဏ်ကအဓိက ဆောင်ရွက်သည့်စနစ်ဖြင့်လုပ်ဆောင်ကြ ခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ထိုကဲ့သို့အဆင်ပြေသည့် နည်းလမ်းတစ်ခုဖြင့် ဆောင်ရွက်သွားရန် စီစဉ်သွားမည်ဟု ဦးကျော်ဝင်းထွန်းကပြောသည်။ အဆိုပါ အစီအစဉ်အတွက် ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
သည်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက် အလက်များ ခြေရာခံကောက်ယူသည့် နည်း ပညာများကို
အာဆီယံ ဪ အီးယူကုန်သွယ်ရေး အစီအစဉ် (Asian-EU Commerce Program) ထံမှသင်ယူထားပြီး ဖြစ်သည်ဟု သိရသည်။

မကြာမီကာလတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ အချက်အလက်များကိုစစ်တမ်းကောက်ယူသည့်သင်တန်းများကို ထပ်မံရယူသွားမည် ဖြစ်သည်ဟု ဦးကျော်ဝင်းထွန်းက ပြောသည်။

စီးပွားရေးအခြေအနေ ဖွံ့ဖြိုးစသာ ရှိနေ သေးသည့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများထပ်မံဝင်ရောက်လာ နိုင်မည်ဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာနိုင်သည်ဟုလည်း ၎င်းကပြောကြားသည်။ ၁၉၈၈ ခုနှစ်မှ ယခု ၂၀၁၆ ခုနှစ်အထိ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေ ရိကန်ဒေါ်လာ ၆၀ ဒသမ ၃၉ ဘီလျံ ၀င်ရောက်ထားသည်။

Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service