၂၀၁၆ ခုနှစ် Philippines Property Awards ဆုပေးပွဲ ကျင်းပပြီးစီး - Property News in Myanmar from iMyanmarHouse.com
584 Views

၂၀၁၆ ခုနှစ် Philippines Property Awards ဆုပေးပွဲ ကျင်းပပြီးစီး

နှစ်စဉ်ကျင်းပလာခဲ့ပြီး ယခု၂၀၁၆ ခုနှစ်တွင်ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် PhilippinesProperty Awards (ဖိလစ်ပိုင်အိမ်ခြံမြေဆုပေးပွဲ)ကို ဖိလစ်ပိုင်မြို့တော် မနီလာရှိ ကြယ်ငါးပွင့်အဆင့်ဟိုတယ် Fairmont Makati ၌ ဒေသစံတော်ချိန် ဧပြီ ၇ ရက်ညက ကျင်းပခဲ့သည်။

Megaworld ကော်ပိုရေးရှင်းက ယင်း ၂၀၁၆ ခုနှစ်ဆုပေးပွဲတွင် အကောင်းဆုံးအိမ်ခြံမြေ၀ယ်ယူ
ဆောက်လုပ်ရောင်းချရေးလုပ်ငန်းဆုဖြစ်သည့် Best Developer ဆုအပါအ၀င် ဆုကြီး ၄ ဆုကို
ဆွတ်ခူးခဲ့သည်။

Dr Andrew L Tan-led ကုမ္ပဏီကလည်း ထောက်ခံချက်အဆင့်အလွန်မြင့်သည့် လုပ်ငန်းပိုင်းဆိုင်ရာအသိအမှတ်ပြုလက်မှတ်များကို သိမ်းပိုက်ခဲ့သည်။

ယခုနှစ်တွင် ထပ်တိုးခဲ့သည့် Best Boutique Developer ဆုကို AppleOne အိမ်ခြံမြေအင်
ကော်ပိုရိတ်တက်က ရရှိခဲ့သည်။

အာရှထိပ်တန်းအိမ်ခြံမြေပေါ်တယ်လ်လုပ်ငန်းစု PropertyGuru က ကြီးမှူးပြီး ရေချိုးခန်း၊သန့်စင်ခန်းသုံးအစိတ်အပိုင်းများ ထုတ်လုပ်သည့် Hansgrohe ဂျာမနီကုမ္ပဏီက တင်ဆက်ကျင်းပခဲ့ခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်အတွင်း အိမ်ခြံမြေတိုးတက်ဖြစ်ထွန်းရုပ်လုံးပေါ်လာမှုများကို ဆန်းစစ်လေ့လာခဲ့ပြီး ဆုပေးခဲ့ခြင်းဖြစ်သည်။

စုစုပေါင်း ဆု ၂၇ ဆုကို ဖိလစ်ပိုင်၏ အကောင်းဆုံးအိမ်ခြံမြေ၀ယ်ယူဆောက်လုပ်ရောင်းချရေးလုပ်ငန်း developer များနှင့် စီမံကိန်းများကို ပေးအပ်ခဲ့သည်။

ယင်းဆုများအနက် မြန်မာ့အိမ်ခြံမြေဈေးကွက်လေ့လာသူများ စိတ်အ၀င်စားဆုံးဖြစ်မည့်ဆုများကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

အကောင်းဆုံးစီးပွားဖြစ်အဆောက်အအုံဆောက်လုပ်သူဆု
ဆုရရှိသူ: SM Seaside City Mall by SM Prime Holdings Incအကောင်းဆုံးအိမ်ရာဆောက်လုပ်သူဆု
ဆုရရှိသူ: Northpoint by Vista Land & Lifescapes Inc

အကောင်းဆုံးကွန်ဒိုဆု
ဆုရရှိသည့်အဆောက်အအုံ: Acqua Private Residences
(တည်ဆောက်သည့်ကုမ္ပဏီ: Century Properties Group Inc)

အကောင်းဆုံးအဆင့်မြင့်ဇိမ်ခံကွန်ဒိုဆု
ဆုရရှိသည့်အဆောက်အအုံ: Admiral Grand Suites
(တည်ဆောက်သည့်ကုမ္ပဏီ: Anchor Land Holdings Inc)

အကောင်းဆုံးအလယ်အလတ်အဆင့်ကွန်ဒို
ဆုရရှိသည့်အဆောက်အအုံ: Acqua Private Residences
(တည်ဆောက်သည့်ကုမ္ပဏီ: Century Properties Group Inc)

အကောင်းဆုံးဈေးနှုန်းလက်လက်မှီသောကွန်ဒိုဆု
ဆုရရှိသည့်အဆောက်အအုံ: Hacienda Balai North Quezon City(တည်ဆောက်သည့်ကုမ္ပဏီ: Phinma Properties)

အကောင်းဆုံးဟိုတယ်ဆု
ဆုရရှိသည့်အဆောက်အအုံ: Conrad Manila
(တည်ဆောက်သည့်ကုမ္ပဏီ: SM Prime Holdings Inc)

အကောင်းဆုံးရုံးခန်းဆု
ဆုရရှိသည့်အဆောက်အအုံ: Ore Central
(တည်ဆောက်သည့်ကုမ္ပဏီ: Monte de Tesoro Corp)

အကောင်းဆုံးလူနေအိမ်ဗိသုကာဒီဇိုင်းဆု
ဆုရရှိသူ: Uptown Ritz
(ဒီဇိုင်းဖန်တီးသည့်ကုမ္ပဏီ: Megaworld Corporation)

အကောင်းဆုံးလူနေအိမ်ခန်းအတွင်းပိုင်းဒီဇိုင်းဆု
ဆုရရှိသူ: Admiral Grand Suites
(ဒီဇိုင်းဖန်တီးသည့်ကုမ္ပဏီ: Anchor Land Holdings Inc)

အကောင်းဆုံးလက်လီဗိသုကာဒီဇိုင်းဆု
ဆုရရှိသူ: SM Seaside City Cebu
(ဒီဇိုင်းဖန်တီးသည့်ကုမ္ပဏီ: SM Prime Holdings Inc)

အကောင်းဆုံးရုံးခန်းဗိသုကာဒီဇိုင်းဆု
ဆုရရှိသူ: ArthaLand Century Pacific Tower
(ဒီဇိုင်းဖန်တီးသည့်ကုမ္ပဏီ: ArthaLand)

အကောင်းဆုံးဟိုတယ်ဗိသုကာဒီဇိုင်း
ဆုရရှိသူ: Conrad Manila
(ဒီဇိုင်းဖန်တီးသည့်ကုမ္ပဏီ: SM Prime Holdings Inc)

အကောင်းဆုံးဟိုတယ်အတွင်းပိုင်းဒီဇိုင်းဆု
ဆုရရှိသူ: Conrad Manila
(ဒီဇိုင်းဖန်တီးသည့်ကုမ္ပဏီ: SM Prime Holdings Inc)

အကောင်းဆုံး Landscape ဗိသုကာဒီဇိုင်းဆု
ဆုရရှိသူ: Ore Central
(ဒီဇိုင်းဖန်တီးသည့်ကုမ္ပဏီ: Monte de Tesoro Corp)

ဆုစာရင်းအပြည့်အစုံကို www.asiapropertyawards.com တွင် ၀င်ရောက်ကြည့်ရှုရန်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service