ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် တင်ဒါအောင် တရုတ်ကုမ္ပဏီနှင့်ပူးပေါင်းရန် တင်ပြထားသည့် ကုမ္ပဏီ ၁၉ ခုရှိ - Property News in Myanmar from iMyanmarHouse.com
1154 Views

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် တင်ဒါအောင် တရုတ်ကုမ္ပဏီနှင့်ပူးပေါင်းရန် တင်ပြထားသည့် ကုမ္ပဏီ ၁၉ ခုရှိ

ကျောက်ဖြူအထူးစီး ပွားရေးဇုန်တွင် တင်ဒါအောင် ထားသည့် တရုတ်ကုမ္ပဏီနှင့် ပူး ပေါင်းဆောင်ရွက်ရန် တင်ပြထား သည့် မြန်မာကုမ္ပဏီ ၁၉ ခုရှိ ကြောင်း သတင်းရရှိသည်။

အဆိုပါတရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုနှင့် ပူးတွဲလုပ် ဆောင်ရန် မြန်မာဘက်မှ ကုမ္ပဏီ များ ၂၀၁၆ မတ်လ ၃၁ ရက်နောက်ဆုံးထား၍ စိတ်ဝင်စားမှုဖော်ပြ လွှာတင်ပြရန် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

‘‘အခုက တင်ပြလာတဲ့ ကုမ္ပဏီတွေကို သုံးသပ်နေပါတယ်။ ဘယ်ကုမ္ပဏီကို ကမ်းလှမ်းမယ်ဆိုတာ ဧပြီလကုန်ပိုင်းလောက်ဖြစ်မယ်’’ဟု အဆိုပါ ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကုမ္ပဏီ ၁၉ ခု၏ ငွေကြေးတောင့်တင်းမှု၊ လုပ်ငန်းအတွေ့အကြုံနှင့် တိုင်းရင်းသားကုမ္ပဏီဟုတ်၊ မဟုတ်တို့ကို အဓိကစစ်ဆေးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ရွေးချယ်ခံကုမ္ပဏီများ၏ ငွေရေးကြေးရေးပေါ်မူတည်၍ လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီအရေအတွက်ကို စဉ်းစားမည် ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။


ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင်စက်မှုဇုန်နှင့် ရေနက်ဆိပ် ကမ်းစီမံကိန်းအကောင်အထည် ဖော်ရန်ကုမ္ပဏီခြောက်ခုဖြင့် ဖွဲ့ စည်းထားသော တရုတ်အစိုးရပိုင် CITIC Consortium က တင်ဒါ အောင်မြင်ကြောင်း အစိုးရက ၂၀၁၅ ဒီဇင်ဘာ ၃၀ ရက်၌ ထုတ် ပြန်ကြေညာခဲ့သည်။ CITIC Consortium သည် စီမံကိန်းနှစ်ခု စလုံးအတွက် အမေရိကန်ဒေါ် လာ ကိုးဘီလီယံရင်းနှီးမြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုစီမံကိန်း၏ ချေးငွေသည် အတိုးမဆပ်နိုင်ပါက လုပ်ငန်းပါ သိမ်းယူနိုင်သည့် ချေးငွေပုံစံဖြစ် ပြီး လုပ်ငန်းအမြတ်မှာ နှစ် ၄၀ ကျော်မှရရှိမည် ဖြစ်သော်လည်း ချေးငွေအတွက် အတိုးကအမြတ်မရမီ ပေးဆပ်ရမည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

အထူးစီးပွားရေးဇုန်နည်းဥပ ဒေ၌ တင်ဒါအောင်မြင်ပြီး ကုမ္ပဏီနှင့် ခြောက်လအတွင်း သဘောတူ ညီချက်စာချုပ်ချုပ်ဆိုနိုင်သည်ဟု ပြဋ္ဌာန်းထားသဖြင့် လာမည့် ခြောက်လအတွင်း စာချုပ်နှင့် ပတ်သက်၍ မြန်မာအစိုးရက ဆုံးဖြတ် ချက်ထပ်မံပေးပိုင်ခွင့်ရှိသည်။

ဦးသိန်းစိန်အစိုးရလက်ထက်ကုန်ခါနီးတွင် အဆိုပါစီမံကိန်းကိုအလျင်အမြန်အကောင်အထည် ဖော်ရန်
ဆောင်ရွက်ခြင်းခဲ့ဖြစ်ပြီး ဒေသခံများက တရုတ်ကုမ္ပဏီ လုပ်ပိုင်ခွင့်ရရှိခြင်းအပေါ် စိုးရိမ်မှု များရှိနေသည်။


Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service