အောင်မြင်နေသူများရဲ့ အရည်အချင်း သို့မဟုတ် ဓလေ့စရိုက် - Property Knowledge in Myanmar from iMyanmarHouse.com
4675 Views

အောင်မြင်နေသူများရဲ့ အရည်အချင်း သို့မဟုတ် ဓလေ့စရိုက်

Knowledge | Posted by Aye Myat Thu

အောင်မြင်နေသူများလည်း ထမင်းစားတယ်။ သင်လဲ ထမင်းစားတယ်။ ကျုပ်လည်း ထမင်းစားတယ်။ ဒါဆို ဘာများ ကွာသလဲပေါ့။ လူချင်းတူပေမယ့် ဥာဏ်ချင်းမှ မတူတာလို့လည်း ပြောကြပါတယ်။ လက်ခံပါတယ်။


ဒါပေမယ့် တော်ပြီး အောင်မြင်နေအများစုရဲ့ သာမန်လူနဲ့ မတူတဲ့ ဓလေ့စရိုက်များကို သိထားတော့ ကိုယ်လည်း တစ်စုံတစ်ယောက် ဖြစ်လာနိုင်တာပေါ့။ မိမိတို့ အလုပ်မှာလည်းကိုယ့်ထပ်သာနေသူတွေ၊ တော်နေသူတွေ တွေ့ရပါလိမ့်မယ်။သူတို့ရဲ့ဓလေ့စရိုက်များက အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁) အပြည့်အဝ တာဝန်ယူ၊ ပြီးအောင်လုပ်တတ်သူ

အလုပ်တစ်ခု တာဝန်တစ်ခု ရလိုက်ပြီဆိုရင် သူဟာ ယင်းအလုပ်တာဝန်ကို သူနဲ့ သက်ဆိုင်တဲ့အပိုငးကို အပြည့်အဝ ယူပြီးတော့ လုပ်ပါတယ်။ လုပ်ပြီဆိုရင်လည်း ဒါကို ပြီးအောင် လုပ်တယ်။ မလုပ်ခင်မှာကတည်းက “ကျနော်ဒါကို သေချာ ပြီးအောင် လုပ်ပါ့မယ်” ဆိုပြီးတော့ သတ္တိရှိရှိ ကြေညာ ပြောတတ်သူ ဖြစ်ပါတယ်။

၂) အစုံသုပ် မလုပ်

ဘမ်းစကားအရ အစုံသုပ်ဆိုပေမယ့် အသုပ်သုပ်တာကို မဆိုလိုပါဘူး။ Multitasking မလုပ်တာကို ပြောတာပါ။ အလုပ်တစ်ခုမှာ အာရုံစိုက်နေတုန်း သူ အခြား အာရုံ အဝင်မခံဘူး။ Facebook, Gmail နဲ့ ဟာသဗီဒီယိုလေးတွေ၊ အကျူဇယားတွေလည်း သူမေ့ထားတတ်တယ်။ ဘာလို့လဲဆို သူ့ခေါင်းထဲမှာ ဒီ အလုပ်တစ်ခု ပရောဂျက် တစ်ခုပြီးအောင် လုပ်ကို လုပ်ရမယ်လို့ ခေါင်းထဲ ဝင်နေတယ်။ ဒါကြောင့်မို့ အခြား လုပ်ချင်တာလေးတွေရှိရင်တောင် Task ကို တစခုဆို တစ်ခုတည်း သူအာရုံ ထားပါတယ်။

၃) အကူအညီကို အားမနာတမ်းငြင်းသူ

“သယ်ရင်းရေ.. ငါ့ကို ဒါလေး တစ်ချက်လောက်ကူညီပါအုံး” လို့ လာအကူအညီတောင်းရင် သူမအားဘူး။ လောလောဆယ် ဒါလေး ပျက်အောင် လုပ်နေလို့ဆိုပြီးတော့ ငြင်းလွတ်တတ်တယ်။ ဘော်ဒါဘော်ချက်တွေကလည်း လာပါ၊ သွားရအောင် လာရအောင် အစရှိသဖြင့်လည်း ခေါ်လိုက်မယ်။ အခြားသော အကူညီများလာရင်လည်း သူ့အလုပ်ကို ပျက်မယ်ထင်ရင် အားနာစွာပဲ ငြင်းတတ်ပါတယ်။

၎) လူတော်ချင်း ပေါင်းတတ်သူ

အကယ်၍ သင်ဟာ အခန်းထဲမှာ အတော်ဆုံး ဖြစ်နေရင် သင်ဟာ အခန်းမှားထဲကို ရောက်နေပါတယ်တဲ့။ လူတော်၊ အလုပ်ကြိုးစား၊ ရေကုန်ရေခန်း လုပ်တတ်သူက သူတို့လို လူတွေနဲ့ပဲ ပိုပေါင်းဖြစ်ပါတယ်။ ပျင်းရိထုံထိုင်းသူ၊ အလုပ် ရေသာခိုသူတွေနဲ့ အပေါ်ယံ ဆက်ဆံရေးအရ သူ စကားတော့ ပြောလိမ့်မယ်။
ဒါပေမယ့် အပြင်အတူထွက်တာတို့၊ အတူ သောက်စားတာတို့ သူရှောင်လိမ့်မယ်။ အကြောင်းက သူဟာ လူတော်ချင်းပေါင်းမှ အတွေးအမြင်တွေ တူတယ်။ ပြောဆိုတာ တူတယ်။ အိုင်ဒီယာတွေ ဖလှယ်လို့ရတယ်ပေါ့။ ပျင်းနေသူတစ်ယောက်ကို အားကြိုးမာန်တက်ရှိနေသူတစ်ယောက်က အားကြိုးမာန်တတ် သွားပြောနေလို့ စကား ကောင်းမလာသလို၊ စကားတစ်ခုကို အလေးနက်ပြောတဲ့အခါ တစ်ဖက်စကားက သူ့အတွက်လည်း ပေါ့နေတတ်ပါတယ်။

၅) စိတ်ခံစားချက်ကို ဖယ်ထားနိုင်သူ

စိတ်ခံစားချက်ဆိုတာ ပြင်ပ ပယောဂကြောင့် ကိုယ်ဟာ စိတ်တို၊ စိတ်ဆိုးတာလည်းပါမယ်။ အလုပ်မှာ လုပ်နေရင်း လုပ်ဖောင်ကိုင်ဖက် သို့မဟုတ် အထက်က လူပြောလို့ စိတ်ဆိုးတာလည်း ရှိမယ်။ ဒါတွေကို စိတ်ဆိုးခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း အစရှိသဖြင့် စိတ်ခံစားချက် emotionကိုထုတ်တတ်သူများ၊ ဖော်ပြတတ်သူများ၊ ပြန်လည် တုံ့ပြန်တတ်သူများဟာ အလုပ်မှာ အဆင်မပြေပါဘူး။ အဆင်ပြေရင်တောင် ပိုအဆင့်မြင့်တဲ့ level တစ်ခုရောက်ဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆို သူဟာ မရင့်ကျက်ဘူး သို့မဟုတ် အလုပ်ထပ် သူ့ခံစားချက်ကို ဦးစားပေးသူ ဖြစ်တာကြောင့် conflict of interest ဖြစ်တယ်လို့ မြင်လို့ပါ။ Super achiever များကတော့ ယင်း emotion ကို ခေါင်းထဲက ထုတ်ထားပြီး အလုပ်ကို လုပ်တတ်ကြ ပါတယ်။

Credit: (ရိုးရာလေး)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

Upcoming Property Events

42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service