ဆင်ခြေဖုံးအငှားဈေးကွက် ကျပ်တစ်သိန်းဝင်းကျင် အငှားများ - Property News in Myanmar from iMyanmarHouse.com
882 Views

ဆင်ခြေဖုံးအငှားဈေးကွက် ကျပ်တစ်သိန်းဝင်းကျင် အငှားများ

ဆင်ဖြေဖုံးမြို့နယ်တွေနဲ့ မြို့သစ်တွေရဲ့ အငှားဈေးကွက်မှာ ဈေးနှုန်းအနည်းငယ်တက်တဲ့ နေရာတွေရှိပေမဲ့ အငှားအများဆုံးက ကျပ်တစ်သိန်းဝန်းကျင်နေရာတွေလို့ သိရပါတယ်။

အငှားဈေးကွက်မှာ တချို့နေရာတွေက ဈေးတိုးတောင်းတဲ့သူတွေ ရှိသလို နေရာအများစုကတော့ အရင်အတက်ဈေးနဲ့ပဲ ငှားကြတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။ အများစုရဲ့ အငှားဈေးနှုန်းကတော့ ကျပ်တစ်သိန်းအောက်နည်းပြီး ကျပ်တစ်သိန်းအထက် ပေးရတာများပါတယ်။

အကျိုးဆောင် ဒေါ်တင်ကြည်က ‘တစ်လကို ကျပ် ၁၀၀,၀၀၀ နဲ့ ၁၂၀,၀၀၀ တန်နေရာတွေကို ငှားကြတဲ့သူများတယ် ၊ အနည်းဆုံး ခြောက်လလောက် စာချုပ်ရတော့ မတတ်နိုင်သူတွေက ဈေးအနည်းဆုံးနေရာတွေကို ရှာခိုင်းကြတယ် ၊ ကျပ်တစ်သိန်းအောက်ဆိုလဲ ရေမပါတာမျိုးတွေ အတွင်းထဲ အရမ်းဝင်ရတဲ့နေရာတွေများတယ်’ လို့ ဈေးကွက်အခြေအနေကိုပြောပြပါတယ်။

လုံးချင်းအိမ်ဈေးတွေက ဈေးမြင့်တာကြောင့် တချို့တွေက လူနေဆိုင်ခန်းတွေမှာ တစ်လကို ကျပ် ၅၀,၀၀၀၊ ၆၀,၀၀၀ ပေးပြီး ငှားနေကြတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။ တချို့ဈေးထပ်တောင်းကြတဲ့ နေရာတွေက အိမ်ရှင်နဲ့အကျိုးဆောင်တွေပေါင်းပြီး ဈေးတောင်းကြတာဖြစ်ပါတယ်။ ကျပ်တစ်သောင်းဝန်းကျင်ကနေ ၃၀,၀၀၀ နဲ့ ၅၀,၀၀၀ အထိဈေးတိုးတောင်းကြတာလည်း ရှိတယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။

ဇာမဏီအကျိုးဆောင် ဦးကျော်စွာက ဒဂုံဘက်မှာတော့ ဈေးသိပ်မတက်ပါဘူး။ အတွင်းလမ်းတွေမှာ တစ်လကို ကျပ်လေးသိန်းငါးသိန်းပေးရတဲ့နေရာတွေ ရှိတယ်။ အငှားများကြတော့ ကျပ် ၁၅၀,၀၀၀ အောက်နေရာတွေပါ။ အရှေ့ပိုင်းမှာဆို ကျပ် ခြောက်သောင်းခုနှစ်သောင်းတန်တွေ ရှိပေမဲ့ ရေမီးမစုံတာတွေ နေရာအတွင်းကျတာတွေဖြစ်ပြီး သွားလာရလွယ်ကူတဲ့နေရာတွေမှာတော့ ကျပ်တစ်သိန်းအောက် မရှိဘူး’လို့ ရှင်းပြပါတယ်။

ဈေးတိုးတောင်းတယ်ဆိုတာက

ဈေးတိုးတောင်းကြတယ်ဆိုတာက တချို့အကျိုးဆောင်တွေနဲ့ အိမ်ရှင်တွေကနေ ဈေးကိုမတန်တဆတိုးတောင်းကြတယ်။ ဆက်မငှားရင် နောက်လူထပ်ရှာလို့ရတယ်ဆိုတာမျိုးနဲ့ စာချုပ်တစ်ခါပြည့်တိုင်း ဈေးတစ်ခါတိုးတောင်းတာမျိုးတွေ ပြုလုပ်ကြတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ အိမ်ငှားနေသူ ဒေါ်တင်ဇာက ‘အိမ်ငှားနေတဲ့သူတွေအနေနဲ့ ဈေးတိုးတာမတန်မှန်းသိလဲ ပြောင်းရွှေ့ရမှာနဲ့ ပွဲစားကို အကျိုးဆောင်ခထပ်ပေးရမှာနဲ့တွက်ပြီး ဆက်ငှားနေကြရတာတွေပါ ၊ တချို့ ၁၀ ချုပ်မှဆိုတာတွေလဲ ရှိတယ်’ လို့ လခတိုးတောင်းတဲ့အပေါ် ကြုံရတဲ့အခက်အခဲကို ပြောပါတယ်။

အငှားဈေးကွက်အမြဲတမ်းရှိနေပြီး လူအများစုနဲ့ ဆက်စပ်နေတာကြောင့် အငှားဈေးကွက်ကို ဈေးနှုန်းတည်ငြိမ်အောင် ထိန်းနိုင်ဖို့က အရောင်းဈေးကွက်ကို ထိန်းရတာထက် ခက်ခဲတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service