ရှန်ဟိုင်းတွင် ဂေါက်ကွင်းများဖျက်သိမ်းခံရလျက်ရှိရာပိုင်ရှင်တစ်ဦးကယွမ်ငွေ သန်း ၃၀၀ (ကန်ဒေါ်လာ ၄၆ သန်း) လျော်ကြေးတောင်း - Property News in Myanmar from iMyanmarHouse.com
880 Views

ရှန်ဟိုင်းတွင် ဂေါက်ကွင်းများဖျက်သိမ်းခံရလျက်ရှိရာပိုင်ရှင်တစ်ဦးကယွမ်ငွေ သန်း ၃၀၀ (ကန်ဒေါ်လာ ၄၆ သန်း) လျော်ကြေးတောင်း

ရှန်ဟိုင်းတွင် တရုတ်အာဏာပိုင်များကဂေါက်ကွင်း များဖျက်သိမ်းလျက်ရှိ ရာပိုင်ရှင်တစ်ဦးက ယွမ်ငွေ သန်း ၃၀၀ (ကန်ဒေါ်လာ ၄၆ သန်း) လျော်ကြေးတောင်း လိုက်ကြောင်းမတ်လ ၂၈ ရက် နိုင်ငံတကာသတင်း များတွင် ဖော်ပြသည်။

ယင်းဂေါက်ကွင်း၏ အမည်မှာ Shanghai Orient Golf Club ဖြစ်ပြီးတရုတ် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေသည့် ဂေါက်ကွင်း များကိုဖျက်သိမ်းလျက်ရှိရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဂေါက်ကွင်းမှာသောက်သုံးရေရင်းမြစ်တစ်ခုဖြစ်သောဟွမ်ပူမြစ်အနီးတွင် တည်ရှိနေခြင်းကြောင့် ဆောင်ကျန်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့ ကဖျက်သိမ်းရန် အမိန့်ပေးခဲ့ကြောင်း Orient Golf Club မှ ဥက္ကဌပန်ဇောင်ပင်ကပြောကြားသည်။

တရုတ်ပြည်မကြီးဥပဒေတွင် သောက်သုံးရေရင်းမြစ်များ အနီးဂေါက်ကွင်းများ ဆောက်လုပ်ခြင်း တားမြစ်ထားကြောင်း အုပ်ချုပ်ရေးအဖွဲ့ ကပြောခဲ့သည် ဟုပန်ဇောင်ပင်ကပြောကြားသည်။
“ဒီအမိန့်ကို ကျွန်တော်လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့  ဂေါက်ကွင်းဆောက်လုပ်စဉ် ကအုပ်ချုပ်ရေးဌာနရဲ့ လိုအပ်တဲ့ အတည်ပြုချက်တွေ ရယူခဲ့သလို ခရိုင်သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဗျူရိုရဲ့  ခွင့်ပြုချက်တွေလည်းရယူပြီးမှ ဆောက်လုပ်ခဲ့တာပါ” ဟု၎င်းက ဆက်လက်ပြောကြားသည်။

ဒေသတွင်းလယ်သမားတို့၏ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအသုံးပြုမှုမှာမိမိတို့ထက် အဆ ၂၀ မှ ၃၀ သာလွန်သည်ဟုပန်ဇောင်ပင်ကဆိုသည်။
ဟွမ်ပူမြစ်ကိုအပြည့်အ၀ကာကွယ်နိုင်ရန် မဖြစ်နိုင်ကြောင်း၊ ယင်းမြစ်မှာပင်မသင်္ဘောလမ်းကြောင်းတစ်ခုဖြစ်နေသည့်အပြင် မြစ်ကမ်းဘေးတွင် စက်ရုံများ၊ လူနေအိမ်ရာဆောက်လုပ်မှုများများစွာရှိနေကြောင်းလည်းဆက်လက်ပြောကြားသည်။

Shanghai Orient Golf Clubသည် ၁၈ ကျင်းပါ ဂေါက်ကွင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာတရုတ် LPGA Tour ပြိုင်ပွဲများ လက်ခံကျင်းပရာဂေါက်ကွင်းလည်း ဖြစ်သည်။
အဆိုပါဂေါက်ကွင်းတွင် အဖွဲ့ဝင်ပေါင်း ၆၀၀ ကျော်ရှိပြီးဂေါက်ကွင်းတွင် နှစ်ပေါင်း ၅၀ လာရောက်ကစားခွင့်ရရန်အတွက် ယွမ်ငွေ ထောင်နှင့်ချီ၍ အဖွဲ့ဝင်ကြေးများ ပေးထားကြသည်။
ယခုအခါ အဆိုပါဂေါက်ကွင်းကို အာဏာပိုင်များ ကဘူဒိုဇာဖြင့် ဖယ်ရှားဖျက်သိမ်းလျက် ရှိသည်မှာရက်သတ္တပတ်ခန့်ရှိပြီ ဖြစ်သည်။

တရုတ်နိုင်ငံတွင် ဂေါက်ရိုက်ခြင်းမှာ ယခုနောက်ပိုင်းနှစ်များ အတွင်းလျင်မြန်စွာ ခေတ်စားလာခဲ့ရာ အဓိကအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အကျင့်ပျက်ခြ စားသောအရာရှိများကစားကြခြင်းဖြစ်သည်။

ယခင်ကတရုတ်နိုင်ငံတစ်ဝန်းတွင် ဂေါက်ကွင်းပေါင်း ၄၇ ခုသာရှိခဲ့ရာ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ၅၂၁ ကွင်းအထိရှိလာသည်။ တရုတ်ဥပဒေအရထွန်ယက် စိုက်ပျိုးနိုင်သောမြေ၊ သစ်တောမြေ၊ သောက်သုံးရေ ရင်းမြစ်များနှင့် နီးကပ်သောမြေ၊ ရေကြီးရေလျှံခြင်းမှ ကာကွယ်ရန် ရည်မှန်းထားသည့် မြေနေရာများ တွင် ဂေါက်ကွင်းများ ဆောက်လုပ်ခွင့် တားမြစ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service