ဆောက်လုပ်ရေး အလုပ်သမားလုပ်ခမြင့်၊ ပုတ်ပြတ် ခေတ်စား - Property News in Myanmar from iMyanmarHouse.com
4308 Views

ဆောက်လုပ်ရေး အလုပ်သမားလုပ်ခမြင့်၊ ပုတ်ပြတ် ခေတ်စား

ပွင့်လင်းရာသီ ဆောက်လုပ်ရေး အလုပ်သမားဈေးကွက်မှာ ဈေးနှုန်းအနည်းငယ် မြင့်တက်လာပြီး နေ့စားထက် ပုက်ပြက်အလုပ်သမားဈေးကွက် ပိုခေတ်စားလာတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တချို့ထံကသိရတယ်။

အခုနောက်ပိုင်းက အလုပ်သမားခေါင်းကနေပြီးတော့ ပဲအပိုင်းလိုက် အလုပ်သမားငှားမယ် ကန်ထရိုက်တခုဆောက်မယ်ဆိုရင် အပိုင်းလေးခုလောက်ခွဲပြီး လုပ်ငန်းပိုင်းအလိုက်ခေါ်တယ်၊ အားလုံးကတော့ အလုပ်သမားခေါင်းဆောင်က တာဝန်ယူတာများတယ်လို့ အံ့ထူးဆောက်လုပ်ရေးက မန်နေဂျာကိုမင်းမင်းက ပြောပါတယ်။

ပွင့်လင်းရာသီ နေ့စားဈေးကွက်ကတော့ အလုပ်သမားခေါင်းဆောင်ကို တစ်နေ့ကျပ် ၁၅၀၀၀ ၀န်းကျင်ပေးရပြီး အကူအလုပ်သမားတွေကိုတော့ တနေ့ ကျပ် ၇၀၀၀ ကနေ ကျပ် ၈၀၀၀ ၀န်းကျင်ရှိပါတယ်။
အရင်ကဆောက်လုပ်ရေး အလုပ်သမားဈေးကွက်ကတော့ သာမန်အကူအလုပ်သမားတစ်ဦးကို ကျပ် ၅၀၀၀ ၀န်းကျင်ရှိပြီး ခေါင်းဆောင်တွေကတော့ ကျပ် ၁၀၀၀၀ ၀န်းကျင်ရှိပါတယ်။

ပုတ်ပြတ် ဈေးကွက်တွေကတော့ လက်သမားဈေးကွက် အတွက် ကျောက်တိုင်လောင်းတဲ့ အထိကို တစ်လွှာကို ကျပ်ငါးသိန်း သတ်မှတ်ကြပြီး ၁၈ပေx၅၄ပေ (ဘေးလှေကား)တွက်ဖြစ်ပါတယ်။ပန်းရံ အကြမ်းထည်နဲ့ အုတ်စီလုပ်ငန်းတွေကတော့ သိန်း ၆၀၀ ၀န်းကျင်မှ သိန်း ၁၁၀ လောက်ထိ ဈေးကွက်ရှိပြီး အကျယ်အ၀န်းပေါ် မူတည်ကာ ဈေးနှုန်းတွက်ချက်ကြတာဖြစ်ပါတယ်။

ကြမ်းခင်းဆလက်လောင်းတဲ့ ဈေးကွက်ကတော့ ၁၈ပေx၅၄ပေ ပထမထပ်ကို ကျပ်နှစ်သိန်းဝန်းကျင်ရှိပြီး တစ်လွှာ့မြင့်တိုင်းကျပ် ၃၀၀၀၀ ပိုတောင်းယူပါတယ်။
သံချည်သံကွေး ဈေးကွက်ကတော့ ၁၈ပေx၅၄ပေ တစ်လွှာကို ကျပ်နှစ်သိန်း ပေးချေရပြီး သည်လုပ်ငန်းတွေကတော့ အများဆုံးတစ်လွှာကို တစ်ရက်ခွဲလောက်ပဲ အချိန်ကြာမြင့်တယ်လို့ သိရပါတယ်။အလူမီနီယံကွန်ပိုးစစ်ဈေးကွက်ကတော့ တစ်ပေဈေးနှုန်းနဲ့ တွက်ချက်ကြပြီး ပစ္စည်းဖိုးအပါ တစ်ပေပတ်လည်ကို ကျပ် ၁၂၀၀ နဲ့ အလုပ်သမားသီးသန့်တွက် ကျပ် ၅၀၀ မှ ကျပ် ၆၀၀ အထိ ဈေးကွက်ရှိပါတယ်။

အများစုကတော့ အလုပ်သမားဈေးကွက်ကို အလုပ်သမားခေါင်းနဲ့သာ တိုက်ရိုက်ရှင်းကြတာ များပြီး ကျန်တဲ့ အလုပ်သမားတွေကိုတော့ အလုပ်သမားခေါင်းက ရှာဖွေတာများပါတယ်။
ပုတ်ပြတ်ဈေးကွက်မှာကျတော့ အလုပ်သမားခေါင်းနဲ့ လုပ်ငန်းမစခင် ကတည်းက ညှိယူရတယ်၊အချို့အလုပ်သမားတွေကျတော့ ပုတ်ပြတ်ကို လူနည်းနည်းနဲ့ ရက်အများကြီးလုပ်တော့ အချိန်ပေးရသလို ရက်များလာရင် ငွေထပ်တောင်းလာတာတွေရှိလို့ တစ်ခါတည်း လူအရေအတွက်ပါ မေးရတယ်လို့ ယူကေ ဆောက်လုပ်ရေးကတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

အလုပ်သမားဈေးကွက်မှာ အများစုကတော့ အကြမ်းထည် အုတ်စီနဲ့ ပန်းရန်မှာပဲ လူအင်အားများများလိုအပ်ပြီး ကျန်တဲ့ အပိုင်းတွေမှာတော့ လူအင်အား လေးငါးယောက်နဲ့ လည်ပတ်ကြတာများတယ်လို့ သိရပါတယ်။

Credit : The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service