ဗန္ဓုလအငှားအိမ်ရာ နေထိုင်ခွင့် မဲပေါက် သူများကို အိမ်ပိုင်ရှိ၊ မရှိ စိစစ်မည် - Property News in Myanmar from iMyanmarHouse.com
1203 Views

ဗန္ဓုလအငှားအိမ်ရာ နေထိုင်ခွင့် မဲပေါက် သူများကို အိမ်ပိုင်ရှိ၊ မရှိ စိစစ်မည်

မဟာဗန္ဓုလ အငှားအိမ်ရာတွင် နေထိုင်ခွင့် ရရှိရန် လျှောက်ထားသူများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မဲနှိုက်ရွေးချယ်ထားပြီး ဖြစ်သော်လည်း နေထိုင်ခွင့်မဲပေါက်
သူများသည် အိမ်ရာပိုင်ဆိုင်မှုရှိ၊ မရှိ ပြန်လည်စိစစ်သွားမည်ဖြစ်သဖြင့် အပြီးသတ် နေထိုင်ခွင့်ရရှိ သူများစာရင်းကို လာမည့်ရက်သတ္တပတ်နှစ်ပတ်အတွင်း ထုတ်ပြန်ကြေညာသွားမည်ဟု
တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် မဟာ ဗန္ဓုလအငှားအိမ်ရာ နေထိုင်ခွင့်လျှောက်ထားသူများကို အများပြည်သူရှေ့မှောက်တွင် မဲနှိုက်ရွေးချယ်ပေးခဲ့ပြီးဖြစ်သော်လည်း
အိမ်ပိုင်ဆိုင်မှုရှိ၊မရှိစိစစ်ပြီးမှသာ နေရာချထား ပေးမည်ဖြစ်
သည်။

"မဲကတော့နှိုက်ပြီးသွားပါပြီ၊ ဒါပေမဲ့ လိမ်လည်လျှောက်ထားမှုတွေရှိနိုင်တဲ့အတွက် ပြန်စိစစ်ပြီးမှ အတည်ပြုစာရင်းကိုထုတ်ပြန်ပေးပါမယ်၊ အခန်းနေဖို့ရှိရဲ့ သားနဲ့ လိမ်ပြီးလာလျှောက် မဲပေါက်သွားတဲ့သူတွေကို
ဖျတ်သိမ်းပြီး နောက်လူကို အစဉ် လိုက်နေရာချပေးမယ်၊ အဲဒါကြောင့် ပြန်စိစစ် ရတာဖြစ်တယ်၊
နှစ်ပတ်အတွင်းမှာအတည်ပြုသတင်းထုတ်ပြီး နေရာ
ချထားပေးပါမယ်" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သစ်တော နှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။

မဟာဗန္ဓုလ အငှားအိမ်ရာတွင် အငှား စနစ်ဖြင့် နေထိုင်ခွင့်ရရှိရန် လျှောက်ထားသူ ၃၅,၅၀၀
ရှိသည့်အနက် အမှန်တကယ် နေရာ ချထားပေးနိုင်မှုမှာ အခန်းပေါင်း ၁,၁၅၂ ခန်း သာရှိသည်။
လျှောက်ထားသူများအနက် ၁,၄၀၀ ကို မဲနှိုက်ရွေးချယ်ထားပြီးဖြစ်သော် လည်း အမှန်တကယ်နေရာ
ချထားပေးမည့် အခန်းအရေအတွက်မှာ ၁,၁၅၂ ခန်းသာရှိ သည့်အတွက် ကျန်၂၄၈ ဦးကို
အရန်တန်းစီ ဇယားဖြင့် သတ်မှတ်ထားရှိမည်ဖြစ်သည်။

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ရန်ကုန် -မန္တလေးအမှတ် ၂ လမ်းမကြီးပေါ်တွင် ဆောက်လုပ်လျက်ရှိသည့် မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်းမှ စတုရန်းပေ ၅၇၀ ကျယ်ဝန်း သည့်အခန်းများကို ကျပ် ၃၀,၀၀၀ နှုန်းဖြင့်
နှစ်ရှည်ငှားရမ်းမည်ဖြစ်ရာ ရန်ကုန်ပြည်သူ လူထုအကြားတွင် စိတ်ဝင်စားမှုများပြားသည့်
အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည်။

အခန်းပေါင်း ၁,၂၀၀ ထွက်ရှိမည့် ယင်းစီမံ ကိန်းမှ အခန်းပေါင်း ၁,၁၅၂ ခန်းကိုသာ မဲနှိုက်
နေရာချထားပေးမည်ဖြစ်ပြီး ကျန်ရှိအခန်း များကို ယင်းနေရာတွင် နေထိုင်သူများကို ပြန်လည်
နေရာချထားပေးမည်ဖြစ်သည်။

"မူလနေထိုင်တဲ့ ၄၈ ယောက်ကို အခန်း ပြန်ပေးဖို့ လုပ်ထားတယ်၊ ဆောက်မယ်ဆို တုန်းကလည်း သူတို့က
နေရာဖယ်ပေးထားတဲ့ အပြင် ဘယ်ကျုးကျော်မှလည်း မလာရဲအောင် သူတို့ကကာကွယ်ပေးထားကြတယ်"ဟု ဦးကျော်စိုးက ပြောသည်။

ဌားရမ်းနေထိုင်ခွင့် ရရှိသူများသည်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းရှိအိမ်ရာစီမံခန့်ခွဲရေးရုံးခန်းသို့ တစ်လလျှင်ဌားရမ်းခကျပ်သုံးသောင်းပေးသွင်းရမည်ဖြစ်ကာ
ပြန်လည် ရောင်းချခွင့်မရှိဘဲ
နှစ်ရှည်ဌားရမ်းသည့် နိုင်ငံပိုင်အိမ်ရာများ ဖြစ်သည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service