သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုတွင် ၁ နှစ်ကြာ ရပ်နားထားခဲ့သော အမေရိကန်ဒေါ်လာဘီလျံများစွာတန် Port City စီမံကိန်း တည်ဆောက်မှုကို ပြန်လည် စတင်နိုင်ပြီဖြစ်ကြောင်း သီရိလင်္ကာအစိုးရက တရုတ်ရင်းနှီးမြှုပ်နှံသူများကို မတ် ၁၅ ရက်တွင် တရားဝင်အကြောင်းကြားခဲ့သည်။
CHEC Port City Colombo (Pvt) Ltd, ကုမ္ပဏီသည် Port City စီမံကိန်း တည်ဆောက်မှုကို ချက်ချင်းပြန်လည်စတင်နိုင်ပြီဖြစ်သည်ဟု ဆိပ်ကမ်းနှင့်သင်္ဘောရေကြောင်းစု ၀န်ကြီးဌာနက ယင်းကုမ္ပဏီသို့ ပေးပို့သော တရားဝင်စာတွင် ဖော်ပြခဲ့သည်။