ပုဗ္ဗသီရိမြို့နယ်က မြေကွက်တွေ အကျဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
8781 Views

ပုဗ္ဗသီရိမြို့နယ်က မြေကွက်တွေ အကျဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ဝန်ထမ်းတွေကိုမြေကွက်ချပေးခဲ့ရာမှာ နေအိမ်ဆောက်လုပ်ခြင်းမရှိတဲ့ မြေကွက်တွေကို စည်ပင်သာယာရေးကော်မတီက ပြန်လည်သိမ်းဆည်းမယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်းမှာ လူနေအိမ်တွေဆောက်လုပ်ပြီး အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

‘မဖြစ်မနေအိမ်တွေဆောက်ရမယ်ဆိုတော့ အများစုကဆောက်ကြတယ် ၊ ဆောက်ပြီးတော့ ရရာဈေးနဲ့ရောင်းတယ် ၊ အဲဒီတော့ပေါက်ဈေးမဟုတ်ဘဲအချင်းချင်း အဆင်ပြေသလို အောက်ဈေးတွေနဲ့ ရောင်းထုတ်တာတွေ များကြတယ်’လို့ ပုဗ္ဗသီရိမြို့နယ် ၊ တံခွန်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသိန်းထိုက်က ပြောပါတယ်။

ဝန်ထမ်းအိမ်ရာတွေ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေကြတဲ့ဈေးနှုန်းမှာ ကျပ်သိန်း ၅၀ နဲ့အထက် အရောင်းအဝယ်ဖြစ်နေပြီး ရောင်းသူဝယ်သူကျေနပ်ရင် ကျပ်သိန်း ၅၀ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေကြတာခည်းရှိတယ်လို့ အိမ်ခြံမြေပွဲစားတွေ ပြောပြချက်အရသိရပါတယ်။

ဝန်ထမ်းအိမ်ရာမဟုတ်ဘဲ ပုဗ္ဗသီရိမြို့နယ်အတွင်းက မြေကွက်တွေရဲ့ ကာလပေါက်ဈေးမှာ လမ်းမတော်မေးတင်အကွက်တွေဆိုရင် မေ၆၀ x ပေ ၈၀ အကွက်တွေဆိုရင် ကျပ်သိန်း ၁၈၀ မှ ကျပ်သိန်း ၂၀၀ ကြားမှာရှိပြီး ချောင်ကျတဲ့(အတွင်းပိုင်းအကွက်) နေရာမျိုးတွေဆို ကျပ်သိန်း၁၀၀ မှ ကျပ်သိန်း ၁၅၀ ကြားအထိ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

အစိုးရဝန်ထမ်းတွေကို ၂၀၀၈ ခုနှစ်မှာ မြေကွက်တွေကို စတင်ပေးခဲ့တာဖြစ်တယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ဝန်ကြီဌာနရုံးမှဝန်ထမ်းတွေ ၊ ရုံးအဖွဲ့အစည်းက ဝန်ထမ်းတွေ နဲ့ ပင်စင်စားဝန်ထမ်းတွေကို အများဆုံးပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မြေကွက်တွေကို ချပေးစဉ်ကတည်းက မြေကွက်ရတဲ့သူတွေဟာ သုံးလအတွင်း နေအိမ်တွေကို စတင်ဆောက်လုပ်ပြီး တစ်နှစ်အတွင်းမှာ အပြီးဆောက်ရမယ်ဆိုတဲ့စည်းကမ်းချက်တွေ ထုတ်ပြန်ထားပေမဲ့လည်း မြေကွက်ရရှိပြီးဖြစ်တဲ့ ဝန်ထမ်းတွေက အိမ်မဆောက်ဘဲ မြေလွတ်အတိုင်းထားတာဖြစ်ပါတယ်။

လူနေအိမ်မဆောက်ဘဲ မြေကွက်လပ်ထားရှိတဲ့ မြေကွက်တွေမှာ လူနေအိမ်ဆောက်လုပ်ဖို့ ကြေညာချက်ထုတ်ပြန်ပြီး သုံးလအတွင်းမှ စကာတစ်နှစ်အတွင်း အပြီးသတ်ဆောက်လုပ်ဖို့ အမိန့်ကြော်ငြာစာကို ၂၀၁၅ ခုနှစ်စက်တင်ဘာ ၈ ရက်နေ့မှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

‘သူတို့အနေနဲ့ အခုလိုလုပ်တာက ပုဗ္ဗသီရိကို လူစည်အောင်လုပ်တာပဲ ၊ အခုလိုလုပ်မဲ့အစား လက်ရှိဆောက်ထားပြီးသားရှိတဲ့အိမ်တွေမှာ လူနေလာအောင်လုပ်ရင်ပိုကောင်းမယ် ၊ ဘာလို့လဲဆိုတော့ ဝန်ထမ်းတွေအနေနဲ့ အိမ်တစ်လုံးဆိုတာ လွယ်လွယ်နဲ့မဆောက်နိုင်ကြဘူးလေ ၊ အဲဒီတော့ ရရာဈေးနဲ့ထုတ်ရောင်းကြတော့ ဈေးကွက်ပျက်တာတွေလဲရှိတာပေါ့’ လို့ တံခွန်အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းက ဦးသိန်းထိုက်ဦးက သုံးသပ်ပါတယ်။

ပုဗ္ဗသီရိမြို့နယ်ရှိ မြေကွက်ချပေးထားတဲ့ အကွက်အရေအတွက်မှာ ၁၆၄၆ ကွက်ရှိပြီး အိမ်အရေအတွက်မှာ ၁၀၀၀ ကျော်ဆောက်လုပ်ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။

လူနေအိမ်ဆောက်လုပ်ခြင်းမပြုတဲ့ မြေကွက်တွေကို စည်ပင်သာယာရေးကော်မတီက စာရင်းကောက်သွားပြီး အခုအချိန်ထိတော့ အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ အိမ်ခြံမြေပွဲစားတွေရဲ့ ပြောပြချက်အရသိရပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service