တစ်စတုရန်းပေကို ကျပ်တစ်သိန်းနဲ့ ယခုလရောင်းချမယ့် ဧရာဝဏ်နဲ့ ရတနာအိမ်ရာ - Property News in Myanmar from iMyanmarHouse.com
3563 Views

တစ်စတုရန်းပေကို ကျပ်တစ်သိန်းနဲ့ ယခုလရောင်းချမယ့် ဧရာဝဏ်နဲ့ ရတနာအိမ်ရာ

ဧရာဝဏ်နဲ့ရတနာအိမ်ရာစီမံကိန်း အခန်းလျှောက်လွှာတွေကို အခုလ နောက်ဆုံးအပတ်မှာ စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။

‘အခန်းတွေကို open sale ပုံစံနဲ့ လျှောက်လွှာတွေ ရောင်းချပေးသွားမယ် ၊ အရင်အိမ်ရာတွေလို မဲစနစ်နဲ့မဟုတ်ဘဲ ကြိုက်တဲ့သူဝယ်ယူနိုင်မယ် ၊ ဈေးနှုန်းကိုတော့ အခန်းအကျယ်ပေါ်မှုတည်ပြီး သတ်မှတ်ထားတယ် ၊ အထပ်အလိုက်မဟုတ်ဘဲ အကျယ်ပေါ်မှုတည်ပြီးပဲ ဈေးပြောင်းသွားမယ်’ လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

အခန်းဈေးနှုန်းတွေကတော့ တစ်စတုရန်းပေကို ကျပ်တစ်သိန်းသတ်မှတ်ထားပြီး အခန်းအကျယ်အဝန်းတွေကတော့ ၆၀၀ စတုရန်းပေနဲ့ ၁၂၀၀ စတုရန်းပေဖြစ်ပါတယ်။ အခန်းဝယ်ယူမှုကိုတော့ အရစ်ကျပုံစံနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို အခန်းစတင်ဝယ်ယူချိန်မှာ ၃၀ ရာခိုင်နှုန်း ၊ ကျန်ရှိတဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ ရှစ်ရစ်ခွဲပေးရမှာဖြစ်ပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ရှစ်နှစ်အရစ်ကျနဲ့ ချေးပေးသွားမှာဖြစ်ပါတယ်။

အခန်းလျှောက်ထားခွင့်လျှောက်လွှာတွေကိုတော့ ယခုလနောက်ဆုံးပတ်မှာ စတင်ရောင်းချပေးသွားမှာဖြစ်ပြီး လျှောက်လွှာဈေးနှုန်းကိုတော့ မသတ်မှတ်ရသေးဘူးလို့သိရပါတယ်။ ၁၈ ထပ်ဆောက်လုပ်နေတာဖြစ်ပါတယ်။ အဆောက်အအုံပေါင်း ၄၉ လုံးပါဝင်ပြီး အခန်းပေါင်း ၁၉,၆၀၀ ပါဝင်ဖြစ်ပါတယ်။

‘စီမံကိန်းအားလုံးရဲ့ဒီဇိုင်းကို စင်္ကာပှုနိုင်ငံ Surbana ကုမ္ပဏီက တာဝန်ယူထားတယ် ခိုင်ခံ့မှုအပိုင်းကို စိစစ်ထားတယ်’ လို့ အဆိုပါတာဝန်ရှိသူကပဲ ပြောပါတယ်။

အဆိုပါစီမံကိန်းအတွင်းမှာတော့ လူနေအိမ်ရာတွေအပြင် ယခင်ကတည်းက ဆောက်ပြီးလက်ရှိအသုံးပြုနေတဲ့ ယဉ်ကျေးမှုတက္ကသိုလ် ၊ အဆင့်မြင့်ဟိုတယ်၊ အားကစားကွင်း ၊ ဈေးဝယ်စင်တာ ၊ ဘတ်စ်ကားဂိတ်ရုံ ၊ ကျောင်းစတဲ့အဆောက်အအုံတွေပါဝင်ပါတယ်။

လက်ရှိမှာတော့ အချို့စီမံကိန်းအပိုင်းတွေမှာ အကြမ်းထည်ပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ၄၀ ရာခိုင်နှုန်းလောက်ပြီးစီးနေပြီဖြစ်ပါတယ်။ အဆိုပါစီမံကိန်း တည်နေရာကတော့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်း ၊ ဧရာဝဏ်လမ်း ၊ ပြည်ထောင်စုလမ်း စတဲ့နေရာတွေမှာ တည်ရှိတာဖြစ်ပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service