ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့ကြို ပွိုင့်ရောင်းချသည့်ပုံစံမှ မိမိကိုယ်ပိုင်ငွေစိုက်ထုတ် တည်ဆောက်ပြီးမှ ရောင်းချမှုရှိလာ - Property News in Myanmar from iMyanmarHouse.com
1593 Views

ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့ကြို ပွိုင့်ရောင်းချသည့်ပုံစံမှ မိမိကိုယ်ပိုင်ငွေစိုက်ထုတ် တည်ဆောက်ပြီးမှ ရောင်းချမှုရှိလာ

ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့ကြိုပ္ပိုင့်ရောင်းချသည့်ပုံစံမှ မိမိကိုယ်ပိုင်ငွေစိုက်ထုတ်ကာတိုက်ခန်းများရုပ်လုံးပေါ်မှ
သာရောင်းချသည့် ပုံစံပြောင်းလဲလာကြောင်း အဆိုပါ
လုပ်ငန်းရှင်များကပြောသည်။

ကြိုပွိုင့်ကပျက်သလောက်ဖြစ်သွားပြီ ၀ယ်သူမရှိ ရောင်းသူမရှိတဲ့ ဈေးကွက်ဖြစ်သွားတာ" ဟု
သင်္ဃန်းကျွန်းမြို့နယ်မှ မြင့်မိုရ်ဧရာ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးနေ၀င်းလှိုင်ကပြောသည်။

ထို့ကြောင့် လုပ်ငန်းရှင်အများစုက မြေကို ကိုယ်တိုင်ဝယ်ယူပြီး မိမိငွေ၈၀ ရာ ခိုင်နှုန်းဖြင့် စတင်
လည်ပတ်ဆောက်လုပ်ကြပြီး တိုက်တစ်ခုလုံး၏ ရုပ်လုံးပေါ်မှသာ ဈေးကွက် အတွင်း
ပြန်လည်ေ၇ာင်းချသည်ပုံစံပြောင်းလဲလာကြောင်း ၄င်းကဆိုသည်။

အချို့လုပ်ငန်းရှင်အများစုကလဲ တိုက်ခန်းများအား အရစ်ကျရောင်းချသည့် ပုံစံပြောင်းလဲ ပြီး
တည်ဆောက်လျှက်ရှိကြောင်းသိရသည်။ထို့ပြင် မြေရှင်နှင့် ကန်ထရိုက်တာ အရှုပ်အရှင်းပြသနာများ ပိုမို များပြားနေသောကြောင့် လုပ်ငန်းရှင်များက မြေရှင်နှင့်ပူးတွဲပြီး အကျိုးတူ ဆောက်လုပ်မှုများကိုလဲ ရှောင်ရှား လာကြသည်ဟု လုပ်ငန်းရှင်များကပြောသည်။

အဓိကအားဖြင့် ရပ်ကွက်များအတွင်းတည်ဆောက်လာသည့် ကန်ထရိုက်တာ အများစုတွင် ယခုကဲ့သို့
လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ထိပ်သီး ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးများကမူ အစိုးရနှင့် နီးစပ်သည့်
မြေလွတ်မြေရိုင်းအချို့နှင့် အဆောက်အဦး အဟောင်းအချို့ကို ရရှိရန် လုပ်ဆောင် လာကြသည်ဟု
၎င်းတို့ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တွင် ကန်ထရိုက်တိုက် ဆောက်လုပ်မှု လျော့ကျခဲ့ပြီး မြေရှင်နှင့် ကန်ထရိုက်တာ တို့အကြား စာချုပ်ပါ ဖောက်ဖျက်မှု အချိန်မှီ မပြီးစီးသောကြောင့်တရားဆွဲဆိုမှု
အချိုလဲဖြစ်ပေါ်ခဲ့သောကြောင့်ကြိုပွိုင့်တိုက်ခန်းဈေးကွက်ပျက်ခဲ့ရခြင်းဖြစ်သည်။

ကြိုပ္ပိုင့်တိုက်ခန်းဈေးကွက် အဓိက ပျက်ရခြင်းမှာ စည်ပင်မှ တင်းကြပ်လိုက်သော ဒဏ်ကြေးများကြောင့် တရားမ၀င်တည်ဆောက်သည့် ကန်ထရိုက်တိုက်ခန်းများဆောက်လုပ်မှုလျော့ကျသည့်
အချက်ကြောင့်လဲ ဖြစ်သည်ဟု အင်ဂျင်နီယာ (အဆောက်အအုံဌာနမှ ) တာဝန်ရှိသူတစ်ဦးကသုံးသပ်သည်။

ကွန်ဒို ဥပဒေ လွှတ်တော်တွင်း အတည်ပြုပြီးချိန်တွင် ဈေးကွက်တွင်းတည်ဆောက်လျှက်
ရှိသော ကွန်ဒို တိုက်ခန်း ရောင်းချသူများကလဲ အစိုးရသစ်အလွန် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများကို သာ မျှော်လင့်နေပြီး လတ်တလော ဈေးကွက်မှာ တည်ငြိမ်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှု အသင်းမှ ဦးသန်းဦးကပြောသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service