လပ္ပတ္တာမီးဘေးသင့် နေအိမ်များတည်ဆောက်ရန် ဆောက်လုပ်ရေးသုံးပစ္စည်းများ အစိုးရမှ ထောက်ပံ့မည် - Property News in Myanmar from iMyanmarHouse.com
750 Views

လပ္ပတ္တာမီးဘေးသင့် နေအိမ်များတည်ဆောက်ရန် ဆောက်လုပ်ရေးသုံးပစ္စည်းများ အစိုးရမှ ထောက်ပံ့မည်

အိမ်ခြေ၂၀၀နီးပါးအားနာရီပေါင်းများစွာ လောင်ကျွမ်းခဲ့သည့် လပ္ပတ္တာ မီးဘေးမှ လူနေအိမ်များ ပြန်လည်တည်ဆောက်ရန် အစိုးရအပိုင်းမှ
ဆောက်လုပ်ရေး ပစ္စည်းများကို အဓိက
ကူညိသွားမည်ဖြစ်ကြောင်းလပ္ပတ္တာမြို့နယ်အုပ်ချုပ်ရေးမှူး
ကပြောသည်။

" လောလောဆယ် ဂရံမြေဖြစ်လို့ မြေပိုင်ရှင်တွေကို ရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ပီးရင် ချထားပေးမယ် တည်ဆောက်ရေးပိုင်းက အစိုးရက သစ်တို့ဘိလပ်မြေတို့ဆောက်လုပ်ရေးပစ္စည်းတို့ လှူဒါန်းပေးထားတာရှိတယ် လောလောဆယ် ပစ္စည်းမရောက်သေးဘူး " ဟု ၄င်းကဆိုသည်။

ဖေဖော်ဝါရီ ၄ရက်ကည ၈နာရီမှ မနက် ၂နာရီကျော် အထိ လပ္ပတ္တာမြို့သမိုင်းတစ်လျှောက်
ကြီးမားစွာ လောင်ကျွမ်းခဲ့သည့် မီးတွင် လပ္ပတ္တမြို့ကမ်းနားလမ်းတစ်လျှောက်ရှိ လူနေအိမ်များ
ရေထွက်ကုန်ပစ္စည်းများရောင်းချသည့် ဆိုင်ခန်းပေါင်းများစွာ မီးဘေးသင့်ခဲ့သဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ပေးရန် ဒေသခံများကမျှော်လင့်
လျှက်ရှိသည်။

" အခုလောလော ဆယ် အစိုးရဆီက အကူအညီရမယ်ဆိုလို့ အိမ်ဆောက်ပစ္စည်းတွေ
လာမယ်ပြောထားတာကြောင့် အမျိုး အိမ်တစ်အိမ်မှာ ကပ်နေရတယ်"ဟုမီးဘေးသင့် ရေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အိမ်ဆောက်ပစ္စည်းများကို အစိုး၇ဘက်မှ ကူညီပေးရန် စီစဉ်နေသကဲ့သို့ တပ်မတော်မှလဲ
မီးဘေးသင့်ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရန် သစ်များရောင်းချသည့် ဆိုင်တစ်ဆိုင်
လာရောက် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း လပ္ပတ္တာမြို့နယ် အုပ်ချုပ်ရေး မှူးကပြောသည်။
ဝါယာလျှော့မှ တဆင့်လောင်ကျွမ်းခဲ့သော မီးဘေးတွင် လူနေအိမ် ၂၀၀နီးပါး ဂဏန်း
ပုဇွန်ရောင်းဝယ်ရေးဒိုင် ၁၀၀ကျော် တို့ မီးဘေးသင့်ခဲ့ပြီးပျက်စီးဆုံးရှုံးမှုတန်ဖိုးအားဖြင့်
၃၂၇ဒသမ ၄၂သန်း ကျော် ရှိခဲ့ကြောင်း လပ္ပတ္တာမြို့နယ် မီးသတ်မှ သတင်းထုတ်ပြန်ထားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service