မြေသားစမ်းသပ်ရန် လုပ်ငန်းလုပ်ကိုင်ခွင့် ကုမ္ပဏီ ၁၆ ခုအား လိုင်စင်ထုတ်ပေးထား - Property News in Myanmar from iMyanmarHouse.com
1171 Views

မြေသားစမ်းသပ်ရန် လုပ်ငန်းလုပ်ကိုင်ခွင့် ကုမ္ပဏီ ၁၆ ခုအား လိုင်စင်ထုတ်ပေးထား

ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက အ ဆောက်အအုံ ဆောက်လုပ်ရန် မြေသားစမ်းသပ်ခြင်း (Soil Test) လုပ်ငန်းများကို တရားဝင် အသိအမှတ်ပြုလိုင်စင် ထုတ်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၆ ရက်အထိကုမ္ပဏီ ၁၆ ခုအား လိုင်စင်ထုတ်ပေးပြီးဖြစ်ကြောင်း အင်ဂျင်နီယာ (အဆောက်အအုံဌာန) မှ သတင်းရရှိသည်။

မြေသား စမ်းသပ်ခြင်း အ တွက် ကုမ္ပဏီလိုင်စင် ထုတ်ပေး ခြင်းကို ၂၀၁၅ အောက်တိုဘာမှ စတင်ဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီမှ သတင်းရရှိ သည်။ အဆောက်အအုံ ဆောက် လုပ်ရန် မြေသားစမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် တရားဝင်လိုင်စင်ရှိသည့် ကုမ္ပဏီများဖြင့်သာ ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်ယာယာရေး ကော်မတီက ညွှန်ကြားထားသည်။

အဆောက်အအုံ ဆောက် လုပ်ရန် မြေကြီးစမ်းသပ်ခြင်းနှင့် ပတ်သက်၍ ပိုမိုတိကျစေရန်နှင့် တာဝန်ယူမှုရှိစေရန် အထပ်မြင့်အဆောက်အအုံများ ကြီးကြပ်ရေးအဖွဲ့မှ စိစစ်ကာအဆိုပါ ကုမ္ပဏီများအား လိုင်စင်ထုတ်ပေး ထားခြင်းဖြစ်ကြောင်း အင်ဂျင်နီ ယာဌာန (အဆောက်အအုံဌာန) မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ထို့အပြင် အဆောက်အအုံ ဆောက်လုပ်ခွင့်တင်ပြသည့်အခါ တွင် လိုင်စင်ရကုမ္ပဏီများမှ တင် ပြလာသည့် မြေကြီးစမ်းသပ်မှုရ လဒ်များကို လက်ခံဆောင်ရွက် ပေးကြောင်း သိရသည်။

မြေကြီးစမ်းသပ်ခြင်းအပြင် ပိုက်ရိုက် လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက တရားဝင်လိုင် စင်ထုတ်ပေးလျက်ရှိပြီး လက်ရှိ အချိန်အထိ ကုမ္ပဏီ ခုနစ်ခုအား လိုင်စင်ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ နယ်နိမိတ် အတွင်း ဆောက်လုပ်သည့် အဆောက်အအုံများသည် ပိုမို ခိုင်မာမှုရှိစေရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှ တာဝန်ခံမှုနှင့် တာဝန်ယူမှုရှိစေရန်အတွက် မြေသားစမ်းသပ်ခြင်းနှင့် ပိုင်ရိုက်ခြင်း လုပ်ငန်းများကို လိုင်စင်ရတရား ၀င် ကုမ္ပဏီများကိုသာ လုပ်ကိုင် ခွင့်ပြုထားခြင်းဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service