ရန်ကုန်တွင် နေအိမ် အသေးစားပြင်ဆင်ခွင့် ၂၀၁၅ ခုနှစ်အတွင်း စုစုပေါင်း ၄၆၀ကျော်ခွင့်ပြုခဲ့ - Property News in Myanmar from iMyanmarHouse.com
1254 Views

ရန်ကုန်တွင် နေအိမ် အသေးစားပြင်ဆင်ခွင့် ၂၀၁၅ ခုနှစ်အတွင်း စုစုပေါင်း ၄၆၀ကျော်ခွင့်ပြုခဲ့

မြို့နယ် စည်ပင်သာယာရေးကော်မတီ မှ တိုက်ရိုက်ခွင့်ပြုချက်ဖြင့် မိမိ၏ နေအိမ်များအား အသေးစားပြင်ဆင်ခွင့်များ လျှောက်ထားကြရာ ၂၀၁၅ခုနှစ်အတွင်း စုစုပေါင်း ၄၆၀ကျော် ခွင့်ပြု ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှသတင်းရရှိသည်။

ယခင်က မိမိ၏နေအိမ်များ အား အသေးစားပြင်ဆင်ခွင့်နှင့်ပက်သတ်ပြီး စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာနှင့် အဆောက်အအုံဌာနသို့တိုက်ရိုက်လျှောက်ထားရာမှ ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ဇွန်လမှစတင်ပြီး အသေးစား ပြင်ဆင်ခွင့်ကို မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံတိုက်ရိုက် လျှောက်ထား၍ ခွင့်ပြုချက်တောင်းခံ နိုင်ရန် ပြင်ဆင်ပေးခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ တိုက်ရိုက်ခွင့်ပြုချက်ဖြင့် စုစုပေါင်း ၇လအတွင်း အလုံးရေ ၄၆၀ ကို ခွင့်ပြုပေးခဲ့ရာ အရှေ့ပိုင်းခရိုင်က ၁၄၇လူံးဖြင့် ခရိုင် လေးခုတွင် အများဆုံးရပ်တည်ခဲ့သည်။ အနောက်ပိုင်းခရိုင်တွင် ၁၀၇လုံး တောင်ပိုင်းခရိုင်တွင် ၁၄၂ မြောက်ပိုင်းခရိုင်တွင် ၇၂ ခွင့်ပြုခဲ့ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်း အချက်အလက်များ အရသိရသည်။

" မြို့နယ်ဥက္ကဌတွေ ခွင့်ပျြူချက်တွေ နဲ့ အသေးစားပြင်ဆင်ခွင့်တွေပေးခဲ့ပေမဲ့ တချို့နား လည်မှု လွဲပြီးအဆင်မပြေတဲ့အပိုင်းလေးတွေအများကြီးရှိသေးတယ်"ဟုအသေးစားအိမ်ပြင်ဆင်မှုလုပ်ငန်းများ
ဝန်ဆောင်မှုပေးနေသူ မြတ်သီဟ ဆောက်လုပ်ရေးကုမဏီမှ မန်နေဂျာ ကိုလေးမြတ်စိုးကပြောသည်။

အဆောက်အအုံ အသေးစား ပြင်ဆင်မှု လုပ်ငန်း ဆိုသည်မှာ မူ လအဆောက်အအုံ အရွယ်အစားနှင့်
မူလဖွဲ့စည်းတည်ဆောက်မှုပုံစံကို မပြောင်းလဲဘဲ တစ်စိတ်တစ်ပိုင်းပြင်ဆင်ခြင်းများသာပြုလုပ်ရမည်ဟု ၂၀၁၄ ခုနှစ်ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင်ပြဌားန်းထားသည်။

အချို့က အဆိုပါ သတ်မှတ်ချက်ကို ကျော်လွန်ကာ ခွင့်ပြုချက်မယူဘဲ အကြီးစားပြင်ဆင်
တိုးချဲ့ခြင်းများပြုလုပ်သောကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
တရားစွဲဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service