မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းအနီးရှိ အငှားအိမ်ရာများဈေးနှုန်း တစ်ပြေးညီသတ်မှတ်မည် - Property News in Myanmar from iMyanmarHouse.com
1102 Views

မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းအနီးရှိ အငှားအိမ်ရာများဈေးနှုန်း တစ်ပြေးညီသတ်မှတ်မည်

မန္တလေးမြို့ ဧရာဝတီ မြစ် ကမ်းနားလမ်းတွင် တည် ဆောက်နေသော အငှားအိမ်ရာ တိုက်ခန်းငှားခနှုန်းထားများကို ဈေနှုန်းတစ်ပြေးညီသတ်မှတ်ကာ ငှားရမ်းပေးမည်ဖြစ်ကြောင်း မန္တ လေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။

ယခင်က တိုက်ခန်းငှားခဈေး နှုန်းများသည် တစ်လလျှင် မြေညီ ထပ်ကို ကျပ်သုံးသောင်းခွဲ၊ ပထမ ထပ်နှင့် ဒုတိယထပ်ကို ကျပ်သုံး သောင်း၊ တတိယထပ်နှင့် စတုတ္ထ ထပ်ကို ကျပ်နှစ်သောင်းခွဲနှင့် ပဉ္စမထပ်ကို ကျပ်တစ်သောင်းခွဲသတ် မှတ်ခဲ့သည်။ ယခုအခါ အလွှာအ လိုက်တိုက်ခန်းငှားခဈေးနှုန်းများကိုခွဲခြားသတ်မှတ်ခြင်း
မပြုတော့ ဘဲ ဈေးနှုန်းတစ်ပြေးညီသတ်မှတ် ကာ ငှားရမ်းပေးမည်ဖြစ်ပြီး ငှား ရမ်းမည့် ဈေးနှုန်းကိုမူ မပြောနိုင် သေးကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်အချို့က ပြော သည်။

‘‘အစိုးရအဖွဲ့ကို တင်ထားပါ တယ်။ တစ်ပြေးညီသတ်မှတ်ဖြစ် ဖို့များပါတယ်’’ဟု ကော်မတီဝင် (၇) ဦးခင်မောင်တင့်က ပြောကြားသည်။

အငှားအိမ်ရာများ ငှားရမ်းပေးရန် စာရင်းကောက်ယူမှုများရှိ နေပြီး သက်သာသောနှုန်းထားဖြစ် မှသာ ငှားရမ်းနေထိုင်နိုင်မည်ဖြစ် ကြောင်း ကမ်းနားလမ်းရှိ ကျူး ကျော်နေထိုင်သူများက ပြောကြားသည်။ အငှားအိမ်ရာများကို ၂၀၁၆ နှစ်ဆန်းပိုင်းတွင် စတင်ငှားရမ်းပေးမည်ဟု စည်ပင်တာဝန်ရှိ သူများက ပြောကြားထားသည်။

အငှားအိမ်ရာလျှောက်လွှာတင် သွင်းရာတွင် ကမ်းနားလမ်းတစ် လျှောက်ရှိ ဆိပ်ကမ်းမြေ၊ အစိုးရ မြေ၊ စည်ပင်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိ သော မြေများ၌ ယာယီတဲများဖြင့် နေထိုင်ပြီး ကာယလုပ်အားဖြင့် အသက်မွေးသူ၊ သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်ဧည့်စာရင်းတိုင်ကြားနေထိုင် သည့် မိသားစုများဖြစ်ရမည်ဖြစ် ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စု ဇယားများ တင်ပြနိုင်ရမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် အဆိုပါမိသားစု များသည် ပြစ်မှုမှတ်တမ်းကင်း ရှင်းရမည်ဖြစ်ပြီး တည်ဆဲဥပဒေ တစ်ရပ်ရပ်ဖြင့် အရေးယူရန်အမှုအခင်းရင်ဆိုင်နေရသူများမဖြစ် စေရဟု
လည်း သတ်မှတ်ချက်ရှိ ထားသည်။ ဆိပ်ကမ်းနယ်မြေ တွင် အမြဲနေထိုင်လုပ်ကိုင်စား သောက်နေသူဖြစ်ကြောင်း သက် ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး များ၏ ထောက်ခံချက်တင်ပြရ မည်ဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ကိုယ်ပိုင်မြေ၊ အိမ်အဆောက်အအုံ၊ တိုက်ခန်းပိုင်ဆိုင်သူမဖြစ်ရဘဲ ငှားရမ်းခွင့်ရ ပါက အငှားအိမ်ရာစာချုပ်မှ စည်းကမ်းချက်များကို တိကျစွာ လိုက်နာ ရမည်ဖြစ်ပြီး မိသားစုတစ်စုလျှင် တိုက်ခန်းတစ်ခန်းသာ လျှောက် ထားခွင့်ပြုမည်ဖြစ်ကြောင်း မန္တ လေးစည်ပင်မှ သိရသည်။

အဆိုပါ အငှားအိမ်ရာ တိုက် ခန်းများမှာ ပေ ၁၀×၂၀ တိုက်ခန်းများဖြစ်ပြီး ၁၂ ခန်းတွဲခြောက်ထပ် ပါ တိုက်အလုံးပေါင်း ၂၂ လုံး တည်ဆောက်ထားသည်။
တိုက်ခန်း စုစုပေါင်း ၁,၅၈၄ ခန်းရှိပြီး ရေချိုးခန်း၊ ရေလောင်းအိမ်သာ နှင့် အမှိုက်စွန့်ပစ်မှုစနစ်များ ပါဝင်သည်။

၂၀၁၄ ဒီဇင်ဘာ ၅ ရက်က ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် နော်ဝေးဘုရင်လာရောက်စဉ် ဂေါဝိန်ဆိပ်ကမ်းမှ ကျူးကျော်နေထိုင် သူများကို မန္တလေးမြို့တော်စည် ပင်က
ဖယ်ရှားခဲ့၍ ဝေဖန်မှုများ ကြုံတွေ့ခဲ့ရပြီး မကြာမီ ယခုအ ငှားအိမ်ရာစီမံကိန်းကို စတင်ခဲ့ ခြင်းဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service