ရောင်းရန် ရှိသည် အဝယ်သာလို - Property News in Myanmar from iMyanmarHouse.com
1471 Views

ရောင်းရန် ရှိသည် အဝယ်သာလို

ရန်ကုန် မန္တလေး တောင်ကြီး အစရှိတယ့် မြို့ကြီးပြကြီးတွေ တင်မကဘဲ မြို့ပြင် ဒေသတွေက လူသူမနေတဲ့ လယ်ကွင်းတွေ မှာပါ ရောင်းရန် ဆိုတဲ့ ဆိုင်းဘုတ်တွေ ကို အများအပြား တွေ့မြင်လာရတဲ့အပြင် ပိုင်ရှင်တွေကို တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ပါ ကပ်ပြားလေးတွေ ၊ ဗွီနိုင်းပိတ်စ အရွယ်အစား အမျိုးမျိုး နဲ့ တွေ့မြင်ရပေမယ့် ဝယ်သူမဲ့ လို့ အဖော်မဲ့စွာနဲ့ ခြောက်ခြောက်သွေ့သွေ့ တစ်မိုးကုန်လို့ တစ်ဆောာင်းသာ ပြန်ရောက်လာတော့မယ့် အခု ချိန်ထိ
အထီးကျန် စွာနဲ့ တိတ်တိတ် ဆိတ်ဆိတ် ဝယ်သူတွေ ကို မျှော်လင့်နေကြပါတယ်။

ရောင်းမယ့် အိမ်တွေ ၊ ခြံကွက်တွေ ၊ လယ်ကွက်တွေကို ကြည့်လိုက်ရင်လည်း အများအားဖြင့်ကတော့ လူနေထိုင်ခြင်း မရှိကြသေးတဲ့ နေရာတွေ ဖြစ်နေတဲ့ အပြင် နေနေတဲ့လူတွေ ပြန်ရောင်းမယ့် အကွက်တွေထက် ငွေပိုလို့ ဝယ်ထားတဲ့ သူတွေရဲ့ လက်ထဲက မြေကွက်တွေ ၊ တိုက်ခန်း အိမ်ရာတွေ က ပိုများနေတဲ့အပြင် ဈေးနှုန်းကျတော့လည်း အရင်ဈေးကောင်းတုန်းက ခေါ်ထားတဲ့ ဈေးနှုန်းတွေ ဖြစ်နေပြန်တာ တွေ့ရပါတယ်။ နေစရာ အိမ်မရှိလို့ ကျုးကျော်ပြသနာတွေနဲ့ လုံးချာလည်နေတဲ့ ဆင်းရဲသား မိသားစုတွေ ၊ အိမ်ရာလိုအပ်ချက်ကို ဖြေရှင်းဖို့ အတွက် ကျုးတွေကြောင့်ခေါင်းခဲနေတဲ့ ဒေသဆိုင်ရာ အစိုးရ ရဲ့ ပြသနာတွေ ရှိနေချိန်မှာ လူတစ်ယောက်ချင်းစီရဲ့ ပိုင်ဆိုင်မှု ကို ပြန်စစ်လိုက်ရင် အဖြေ ပေါ်မှာ သေချာပါတယ်။

၂၀၁၄ ခုနှစ်အောက်တိုဘာလ မတိုင်ခင်ထိ မြေပိုင်ရှင်တွေ ၊ တိုက်ခန်းပိုင်ရှင်တွေ ခေါင်းကလေးမော့မော့ ရင်တကော့ကော့ နဲ့ ချက်ချင်းဝယ် ချက်ချင်းပြန်ရောင်း အမြတ်များများ နဲ့ပျော်မြူးနေခဲ့သလို ပွဲစား အကျိုးဆောင်ကိုကိုမမ တွေလည်း အရောင်းအဝယ်တွေ ဖြစ် ၊ ပွဲခ ပွဲညွန့်တွေ မျိုးမျိုးမြတ်မြတ် ရလို့ ကား​ဝယ်စီးနိုင်တဲ့ သူတွေ ၊ လက်ကောာက် တစ်တောင်ဆစ် နီးပါးထိဝတ်ပြီး အိမ်ခြံမြေ ဈေးတွေကို နိုင်ငံတကာ ကျွမ်းကျင်သူတွေ အလား ပြောခဲ့ကြတဲ့ ကိုကိုမမ တွေ ၊ ဖုန်တလုံးလုံးနဲ့ လူသူမရှိတဲ့ လယ်ကွင်းတွေထဲ မှာ လကမ္ဘာထက် ဆိုးတဲ့ လမ်းကြမ်းတွေ ကြား ကားတဝီဝီ နဲ့ မြေကွက်တွေကို လက်ညိုးထိုးပြီး စီမံကိန်းတွေ မနက်ဖြန်ဘဲ လုပ်တော့ မလိုလိုအခုဘဲ
ထလုပ်တော့မလိုလိုနဲ့ မစားရဝခမန်း အားဘောင်အာရင်းသန်သန် နဲ့ ပြောခဲ့ ရောင်းခဲ့ကြတဲ့ အကျိုးဆောင်တွေ ၊ ဝယ်ရောင်း သမားကြီး တွေရဲ့အောင်မြင်မှုတွေက ယနေ့ အချိန်မှာ တော့
အိပ်ရာဝင် ပုံပြင်တစ်ပုဒ် လို နားထောင်လို့ ကောင်းတယ် ဆိုရုံ လောက်နဲ့ ဇာတ်သိမ်းသွားပါပြီ။

မနက်ပိုင်းဝယ် ညနေပိုင်း ပြန်ရောင်းရင်တောင် အမြတ်က ၁၀ သိန်းဆိုလည်းဟုတ် သိန်း ၂၀
ဆိုလည်းဟုတ်နေတဲ့ စီးပွားရေးက မြန်မာနိုင်ငံမှာ အမြတ်အများဆုံးနဲ့ အသေချာဆုံး အလုပ်လို ဖြစ်နေလို့ တော်တော်များများက မရှိရှိတာ လေးစုဆောင်းပြီး အိမ်ခြံမြေ လောကထဲဝင်လုပ်ကြတာ ဖြစ်ပါတယ်။ အခုတော့ ဒဏ္ဍာရီပုံပြင်လေး တစ်ပုဒ် လိုဖြစ်သွားပါပြီ။

ရန်ကုန်မြို့သစ် စီမံကိန်းကို ကန့်ကွက်မှုတွေကြောင့် လွှတ်တော်မှာ ရပ်နားလိုက်တဲ့ အတွက် အဲဒီ
ဧရိယာထဲက လယ်မြေတွေကို ဈေးကြီးကြီးနဲ့ ဝယ်လှောင်ထားတဲ့ သူတွေ ပိုက်ဘောမိပြီး မြေတွေထဲ ပိုက်ဆံတွေ အလုံးအရင်းနဲ့ ရောက်သွားလို့ မြေမြိုသွားသလို ၊ ဝယ်လိုအား အတုတွေကြောင့် မြေဈေးတွေ ၊ တိုက်ခန်း ဈေးနှုန်း မတန်တဆ ကြီးနေပါတယ်လို့ နိုင်ငံတကာ က ကျွမ်းကျင်သူတွေ က ဝေဖန်လာကြတဲ့ အနေအထားကြောင့် လည်း ပြည်ပရင်းနှီးမြုပ်နှံသူတွေပြည်တွင်းမှာ အလုပ်လုပ်ဖို့ အတွက် အခက်တွေ့လာစေတာကြောင့် ပြည်တွင်းကို အလုံးအရင်းနဲ့ ဝင်လာမယ့် ဒေါ်လာသန်းပေါင်းများစွာ လွှဲချော်ခဲ့ပြီး မြေဈေးသက်သာတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆီကို အခွင့်အရေးတွေ ရောက်သွားတာ အကြိမ်ကြိမ်ပါဘဲ။

လွှဲချော်ခဲ့ရတဲ့ ရင်းနှီးမြုပ်နှံမှုတွေကြောင့်လည်း သူတို့ကို မျှော်လင့်ပြီး ဆောက်ထားတဲ့ ရန်ကုန်က တန်ဖိုးကြီး ကွန်ဒိုတွေ ၊ မြေကွက်တွေထဲက လုံးချင်းအိမ်တွေ ဝယ်သူ ပါးသွားတာ ဖြစ်ပါတယ် ၊ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်း ရှင်ကြီး တစ်ချို့ကတော့ 0 level ထိတောင် ရောက်နေပြီလို့ ပြောလာကြသလို ၊ တစ်ပေပတ်လည်ကို ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၄၀၀ လောက် နဲ့ ရောင်းတဲ့ ကွန်ဒိုတွေလည်း ယခုနှစ်မှာ ဈေးလျှော့ရောင်းတာတွေ လုပ်လာကြတဲ့အပြင် တစ်ချို့ကွန်ဒိုတွေဆိုရင်လည်း ရောင်းဈေးကို ထက်ဝက်နီးပါးထိ လျှော့ပြီး ရောင်းလာပေမယ့်လည်း အဝယ်က မရှိသလောက် ပါဘဲ ။ ကွန်ဒို ဥပဒေနဲ့ ဈေးကွက်ကို ပြန်ဆွဲတင်ဖို့ ကြိုးစားနေကြပေမယ့် အဲဒိ ဥပဒေကလည်း ပြသနာပေါင်း မြောက်များစွာနဲ့ လွှတ်တော် နှစ်ရပ်အကြား လွန်းပြန်ခရီး အစုန်အဆန် ပြေးနေတာနဲ့ တင် ပထမ အစိုးရသက်တမ်း ကုန်ဆုံးတော့မယ့် အချိန်အထိ အတည်ပြုနိုင်မပြုနိုင်ကလည်း သေချာရေရာ မှု မရှိသေးပါဘူး။

ပြည်တွင်းက ဝယ်လိုအား ကိုပြန်ကြည့် ပြန်ရင်လည်း အိမ်ရာလိုအပ်တဲ့ သူတွေ က အများအပြားရှိနေချိန်မှာ တစ်ဖက်မှာလည်း ရောင်းချင်တဲ့ အိမ်မြေ တိုက်ခန်းပိုင်ရှင်တွေ အများအပြား ရှိပေမယ့်လည်း မြင့်မားတဲ့ ဈေးနှုန်းတွေကြောင့် အိမ်လိုတဲ့ ပြည်တွင်းဝယ်လိုအား အရင်းအမြစ်က
အနားတောင်မကပ်နိုင်တဲ့ အခြေအနေကို ရောက်လို့နေပါတယ်။

လူတစ်ဦးချင်းစီရဲ့ဝင်ငွေနိမ့်ပါးနေတဲ့ အချိန်မှာ ကုန်ဈေးနှုန်းတွေကလည်း တက်လာတဲ့ အတွက်
အိမ်ပိုင်ဖို့ မဆိုထားနဲ့ ဌားနေဖို့တောင် အခက်အခဲ ရှိတဲ့ သူတွေ ဒုနဲ့ဒေး အများအပြားရှိနေဆဲ ဖြစ်ပါတယ်။ စားဝတ်နေရေးပြသနာတွေနဲ့ သာ လုံးပန်းနေရတဲ့ လူတန်းစားတွေကဘဲ အဓိက
အိမ်ရာလိုအပ်တဲ့ သူတွေ ဖြစ်တာကြောင့် အစိုးရ ကရောင်းပေးတဲ့ တန်ဖိုးနည်း အိမ်ရာတွေကို တန်းစီ
တုံကင် ယူပြီး ပေါက်မဲ ရအောင် စောင့်ဆိုင်းနေတဲ့ ရန်ကုန်တိုင်း လွှတ်တော် အရှေ့က လူတန်းရှည်ကြီးကို ကြည့်ရင် ဘယ်သူတွေ အိမ်လိုနေသလဲ ဆိုတာ ခန့်မှန်းလို့ ရမှာဖြစ်ပါတယ်။

အဓိက ပြသနာ အရင်းအမြစ်ကတော့ ဝယ်လိုအား အတုတွေ ကို ဖန်တီးခဲ့ပြီး ဈေးနှုန်းဆွဲတင်
အမြတ်ထုတ်ခဲ့တဲ့ သူတွေ ၊ မြေကွက်ပေါင်းရာနဲ့ ချီကိုင်ပြီး ဒေါ်လာသန်းပေါင်းများစွာ နဲ့ ဈေးကွက်ထဲမှာ ဈေးကစားခဲ့တယ်လို့ ပြောနေကြတဲ့ စိန တိုင်းသားတွေ ၊ မြန်မာနိုင်ငံသား အမည်ခံပြီး ဝယ်ရောင်းလုပ် နေတဲ့ သူတွေ ရဲ့ နောက်ခံမှာ ပြည်ပက ငွေကြေးစီးဝင်တဲ့ လမ်းကြောင်းတစ်ခု ကတော့ ရှိနေတာ အမှန်ပါဘဲ ၊ အထူးသဖြင့် မြန်မာအိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အိမ်နီးချင်း တရုတ်နိုင်ငံသားတွေ ပါဝင်ပက်သက်နေတာကတော့ လူတိုင်းသိနေတဲ့ open secret တစ်ခုပါဘဲ ၊ အိမ်နီးချင်း တရုတ်နိုင်ငံကိုယ်တိုင်၂၀၁၅ ခုနှစ်အတွင် စီးပွားရေး ကျဆင်းလာတာကြောင့်လည်း အရင်လို သူ့နိုင်ငံသားတွေကို လွယ်လွယ်နဲ့ ငွေထုတ် မချေးနိုင်တော့တဲ့ အခြေအနေကြောင့် မြန်မာအိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေထဲ မှာပါဝင်ပက်သက်ခဲ့တဲ့ တရုတ်တွေ သူ့နိုင်ငံကို ပြန်သွားကြတဲ့ အပြင် တရုတ်အစိုးရရဲ့ ပြန်လည်တင်းကျပ်လိုက်တဲ့ ဘဏ္ဍာရေး မူဝါဒ တွေကြောင့်လည်း အရင်လို လွယ်လွယ်ကူကူ နဲ့ ချေးငွေတွေ ထုတ်မချေးနိုင်တော့တာ ကလည်း မြန်မာစီးပွားရေး မှာ အနည်းနဲ့ အများဆိုသလို ရိုက်ခတ်မှု တွေရှိခဲ့တာ ပညာရှင်တွေ ကိုယ်တိုင် သုံးသပ်ပြထားပြီးသားပါ ။

ကမ္ဘာပေါ်မှာ စီးပွားရေး လာဘ် အမြင်ဆုံး လူမျိုးဖြစ်တဲ့ တရုတ်လူမျိုးအချို့က ဘဏ်တိုးနှုန်း သက်သက်သာသာ နဲ့ ချေးယူလာတဲ့ ငွေတွေနဲ့ မြန်မာအိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာ ဝင်ကစားခဲ့ပြီး အဲဒီက ရတဲ့အမြတ်တွေနဲ့ အခြေအနေကောင်းခဲ့တဲ့လူတွေ ရှိသလို အိမ်ခြံမြေ ဈေးကွက် အကျမှာ မြေကွက် ၊ တိုက်ခန်းပေါင်းမြောက်များစွာ ကိုင်ထားပြီး ထုတ်ရောင်းဖို့ အချိန်မမှီ တော့လို့ ဘဝ ပျက်နေတဲ့ လူတွေထဲမှာလည်း တရုတ်လူမျိုးအချို့လည်း ပါတာ ရှိပါတယ်။

အိမ်ခြံမြေ ဈေးပြီး ကျရိပြကာစ ဖြစ်တဲ့ ၂၀၁၅ နှစ်ဦးပိုင်းမှာ ဈေးကွက်ထဲက စောစော စီစီး ငွေထုတ်ပိုက်ပြီး ထွတ်သွားနိုင်တဲ့ လူအချို့ကလွှဲလို့ သူများအမြတ်များများ ရလို့ ငါလည်း ရှိတာလေးနဲ့ ရင်းလိုက်မယ်ဆိုပြီ ဘုမသိဘမသိ နဲ့ ဝင်ကစားမိတဲ့ လူတွေက ပိုများပါတယ်၊ ကျွန်တော်မိတ်ဆွေ
အကျိုးဆောင်အချို့တောင် ဝင်ကစားမိလို့ အခုထက်ထိ မြေကွက်တွေ ပိုက်ဘောမိ ၊ ဝယ်တုံးက လိုတဲ့
ပိုက်ဆံတွေကို အတိုးနဲ့ ချေးပြီးဝယ်ထားတဲ့ အတွက် အခုချိန်မှာ အရင်းရရင်တောင် ပြန်ထုတ်ရောင်းချင်ပေမယ့် ဝယ်သူမရှိလို့ တိုင်ပတ်နေတဲ့ သူတွေ အများကြီး ရှိနေပါတယ်။

အခုချိန်မှာတော့ တရုတ်စီးပွားရေးက ပြန်လည်နလန်ထ လာပြီဆိုပေမယ့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေ က ရှိနေလို့ ချေးငွေတွေကို အရင်လို အလွယ်တကူ ထုတ်မချေး ပေးတော့သလို၊ မြန်မာရွေးကောက်ပွဲ အပြီးမှာ အာဏာရလာမယ့် အစိုးရသစ် ဖော်ဆောင်မယ့်
အိမ်ခြံမြေ မူဝါဒကို အကဲခတ်စောင့်ကြည့်နေတဲ့ အခြေအနေကြောင့်လည်း ဝယ်မယ့်သူတွေ က မနက်ဖြန် ဘာဖြစ်လာမယ်မှန်းမခန့်မှန်းနိုင်လို့ မဝယ်ရဲသေးသလို အခုလတ်တလောမှာလည်း အမှန်တကယ်နေ မယ့်သူအနည်းငယ်ရဲ့ ဝယ်ယူတာဘဲ ရှိသေး တာကြောင့် ဈေးကွက်က ခန့်မှန်းရခက်နေပေမယ့် အိမ်ခြံမြေ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက် အချို့ကလည်း ဝယ်လိုအား အတုတွေနဲ့ ဈေးကစားခဲ့လို့ မြင့်နေတဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေက မူမမှန်တဲ့ အတွက် မူဝါဒ တည်ငြိမ်လာတာနဲ့ အမျှ အတိုင်းအတာ တစ်ခု အထိ ဈေးပြန်ကျသွားမယ်လို့ ခန့်မှန်းထားတဲ့ အတွက် ရောင်းရန် ရှိသည်ဆိုတဲ့ ဆိုင်းဘုတ်ကလေး တွေကတော့ အချိန်အတိုင်းအတာ တစ်ခု အထိ အဖော်မဲ့ အထီးကျန်နေအုံးမှာဖြစ်ပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service