သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) မှ ရရှိသည့် အမြတ်ငွေကို အပိုင်း (ခ) တွင် မြှုပ်နှံမည်ဖြစ်သောကြောင့် ရှယ်ယာသစ်များ ထပ်မံ ရောင်းချဦးမည်မဟုတ် - Property News in Myanmar from iMyanmarHouse.com
1966 Views

သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) မှ ရရှိသည့် အမြတ်ငွေကို အပိုင်း (ခ) တွင် မြှုပ်နှံမည်ဖြစ်သောကြောင့် ရှယ်ယာသစ်များ ထပ်မံ ရောင်းချဦးမည်မဟုတ်

သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) မှရရှိသည့် အမြတ်ငွေကို အပိုင်း(ခ)တွင် မြှုပ်နှံမည်ဖြစ်သောကြောင့် ရှယ်ယာသစ်များ ထပ်မံ ရောင်းချဦးမည် မဟုတ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

၂၀၁၅ ဒီဇင်ဘာ ၁၈ ရက်တွင် ပြုလုပ်သည့် မြန်မာသီလ၀ါအထူးစီးပွားရေးဇုန် ဟိုးဒင်းပတ်ဘလစ်လီမိတက်၏
ဒုတိယအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အပိုင်း (က) မှာရတဲ့ အမြတ်ငွေတွေကို ခွဲပေးတာဖြစ်တယ်။ အဲဒီအမြတ်ငွေတွေ အကုန်ခွဲပေးတာမဟုတ်ဘူး။
အကျိုးအမြတ်က ရတဲ့ငွေတွေနဲ့ ဆက်လက် အကောင်အထည် ဖော်မှာဖြစ်တယ်။ မျှော်မှန်းချက်အတိုင်း အောင်မြင်ရင် ရှယ်ယာတွေက ထပ်မံရောင်းချဦးမှာ မဟုတ်ပါဘူး။ အပိုင်း (ခ) အတွက်က အပိုင်း (က) ကရတဲ့ အမြတ်နဲ့ပဲ ပြန်လည် ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်။ အဲဒါကြောင့် ရှယ်ယာရှင်တွေအနေနဲ့ ပိုပြီး အကျိုးရှိမှာ ဖြစ်ပါတယ်။ ရှယ်ယာသစ်တွေကတော့ လိုအပ်ချက်ရှိရင်တော့ ထုတ်ရောင်းမှာပါ” ဟု ဦးဝင်းအောင်က ဆက်လက်ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီမှ ရှယ်ယာအရေအတွက် နှစ် ဒသမ ၁၄၅ သန်းကို ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ၂၀၁၄ ခုနှစ် မတ်လအတွင်းက စတင်ရောင်းချခဲ့ပြီး ယခုလက်ရှိ တွင် ပေါက်ဈေး ကျပ်ငါးသောင်းဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့အစကတည်း ဇုန်အေအတွက် လုပ်မယ်ဆိုပြီး ပြောပြီးသားဖြစ်တယ်။ ဇုန်အေပြီးရင် ဇုန်ဘီအတွက် ဆက်လုပ်သွားမယ်။ လူကြီးမင်းတို့ ထည့်ဝင်ထားတဲ့ ငွေကို ဒီနေ့လိုပဲ အမြတ်ငွေတွေ ခွဲဝေပေးမယ်။ကျန်တဲ့ငွေသည် အားလုံးကို ခွဲတာမဟုတ်ဘူး။ ကျွန်တော်တို့ ငွေလက်ကျန်၊ အကျိုးအမြတ်ထဲက ရတာတွေရှိသေးတယ်။ဇုန်ဘီက ဆက်လက် အကောင်အထည်ဖော်မယ့် အထဲမှာပါပါတယ်။ ပြောမယ်ဆိုရင်တော့ မြှောက်ဖော်ကိန်းများများပေါ့။ အကြိမ်ကြိမ် ရင်းနှီးမြှုပ်နှံသွားတာပါ”ဟု ၎င်းက ပြောကြားသည်။

Credit : Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service