ဖိုးကျားအပန်းဖြေဆင်စခန်းအား ကုမ္ပဏီများသို့ လေလံစနစ်ဖြင့်ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
1490 Views

ဖိုးကျားအပန်းဖြေဆင်စခန်းအား ကုမ္ပဏီများသို့ လေလံစနစ်ဖြင့်ငှားရမ်းမည်

ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် သာဂရ-ကိုးပင်ရိုးမဖြတ်ကျော် ကားလမ်း(၁ဝ)မိုင်အကွာ၌ တည်ရှိ သည့် ဖိုးကျားအပန်းဖြေဆင်စခန်း အား အပန်းဖြေဘန်ဂလို ခုနစ်လုံး၊ သရုပ်ပြဆင် ခုနစ်ကောင်ဖြင့် ၂ဝဝ၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ရန်ကုန် - မန္တလေး အမြန်လမ်း ဖောက်လုပ် ပြီးနောက် လေးမိုင်ခန့်သာ ဝေးတော့သောနေရာဖြစ်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများ အများအပြား လာရောက် လည်ပတ်ကြသည်ကို တွေ့ရသည်။

စတင်လုပ်ကိုင်စဉ်က အေးရှဂရင်း ကုမ္ပဏီနှင့် သစ်တောရေးရာဝန်ကြီး ဌာနတို့ အကျိုးတူလုပ်ကိုင်ခဲ့ပြီးနောက် ယခုအခါ ဝန်ကြီးဌာနမှ တိုက်ရိုက် လုပ်ကိုင်လျက်ရှိသည်ကိုတွေ့ရသည်။ အဆိုပါ အပန်းဖြေဆင်စခန်းသို့ လာရောက်လည်ပတ်ကြသည့်အခါ တောတွင်းဆင်စီးခြင်း၊ ဆင်ပြကွက် များနှင့် နှစ်သက်တမ်း ၁ဝဝ ကျော်ရှိ ကျွန်းပင်ကြီးများကို စိတ်ဝင် တစားရှိခဲ့ သော်လည်း ဝန်ဆောင်မှုအပိုင်းတွင် အားနည်းချက်များ ရှိသည်နှင့်အညီ ခရီးသွားများဝင်ရောက်မှု သိသာစွာ ကျဆင်းခဲ့ကြောင်း ဆင်စခန်းရှိ တောအုပ်ကြီး ဦးရဲမြင့်က ပြောပြ သည်။

''လာတဲ့ခရီးသွားတွေက ဆင်စီးချင် တယ်။ ဒါပေမယ့် ကျွန်တော်တို့ဒီမှာက မနက် ၈ နာရီကနေ ၁ဝ နာရီ အထိပဲဆင်စီးဖို့ အချိန်သတ်မှတ်ထား တော့ သူတို့ရောက်တဲ့နေ့လယ်ပိုင်းမှာ ဆင်တွေက တောထဲလွှတ်ထားတဲ့ အချိန်ဆိုတော့ အဆင်မပြေတော့ဘူး။ နောက်တစ်ခုက အရင်လက သားမွေး ဆင်ဝိုင်းမှာ ဆင်လေးတစ်ကောင်သေ သွားတယ်။ ဗိုင်းရပ်စ်ကြောင့်လို့ ဆင်ဆရာဝန်ကပြောတယ်။

ကူးစက် ရောဂါဆိုရင် ရေကြောင့်ရော၊ လေက တစ်ဆင့်ပါ ကူးစက်နိုင်တဲ့အတွက် ၁၃ မိုင်ကို ဆင်တွေအကုန်ပို့ထား ရတာ။ နောက်ကျွန်းစိုက်ခင်းတွေ ဒီဘက်မှာများလာတော့ ဆင်တွေ လွှတ်ရတာအဆင်မပြေဘူး။ ၁၃ မိုင် ကိုပဲပို့ရတာတွေရှိပါတယ်။ ဧည့်သည် လာမယ်လို့ကြိုပြောမှ ဆင်တွေ ကောက်ပြီး အသင့်စောင့်ခိုင်းထားရ တယ်''ဟု တောအုပ်ကြီးက ဆက်၍ ရှင်းပြသည်။

ဆင်စခန်းနှင့် ပတ်သက်၍ကုမ္ပဏီ များသို့ လေလံစနစ်ဖြင့် ငှားရမ်း လုပ်ကိုင်နိုင်ရန် ရုံးချုပ်ကပင် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ လှပသော တောတောင်သဘာဝ၊ ကွေ့ဝိုက် စီးဆင်းနေသည့် သိုင်းချောင်းနှင့်အတူ ပနံရနေသည့် ဖိုးကျားအပန်းဖြေ ဆင်စခန်းအား ယခုထက်ပိုမိုစည်ကား သိုက်မြိုက်မှုရှိစေရန် ဒေသခံများ ကလည်း လိုလားလျက်ရှိပြီး ဧည့်အဝင် နည်းပါးမှုနှင့်အတူ အနီးအနားရှိ ဈေးဆိုင်များပါ ရပ်တည်ရန်ခက်ခဲမှု များရှိနေကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service