ဧရာဝတီတိုင်းအတွင်း ဒုတိယမြောက် စက်မှုဇုန်အတွက် တင်ဒါ စတင်ခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
899 Views

ဧရာဝတီတိုင်းအတွင်း ဒုတိယမြောက် စက်မှုဇုန်အတွက် တင်ဒါ စတင်ခေါ်ယူ

ဒုတိယမြောက် စက်မှု ဇုန် အကောင်အထည်ဖော်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရက ခွင့်ပြုချက် မရသေးသော်လည်း ကုမ္ပဏီဘက်က အခြေခံအ ဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းအတွက်
တင်ဒါခေါ်ယူ နေကြောင်း သတင်းရရှိသည်။

မအူပင်စက်မှုဇုန်အတွက် မအူပင်ဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီအပါအဝင် ပြည်တွင်း ကုမ္ပဏီနှစ်ခုနှင့် တရုတ်ရှန်ဟိုင်း ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း မအူပင်ဖွံ့ဖြိုး ရေးအများပိုင်ကုမ္ပဏီမှ ပြောခွင့် ရပုဂ္ဂိုလ် ဦးညွန့်ဆွေက ပြောကြား သည်။

မအူပင် စက်မှုဇုန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးစောမြသိန်းက လုပ်ငန်းမစတင်နိုင်သေးကြောင်း ပြောသည်။

ကုမ္ပဏီဘက်ကရင်းနှီးမြှုပ်နှံ မှုကော်မရှင်သို့ တင်ပြထား ကြောင်းနှင့် ခွင့်ပြုမိန့်ရလျှင် လုပ် ငန်းတစ်ပြိုင်နက် စတင်နိုင်ရန် ရည်ရွယ်ကြောင်း ဆိုသည်။

ထိုစက်မှုဇုန်အတွက် အစိုးရ အဖွဲ့သို့ တင်ပြထားသည်မှာ အ ချိန်ကြာမြင့်နေပြီဖြစ်သော်လည်း ခွင့်ပြုချက် မကျသေးကြောင်း တိုင်းအစိုးရ စိုက်ပျိုးရေးနှင့် မွေး မြူရေးဝန်ကြီး ဦးဆန်းမောင်က ပြောသည်။

‘‘လောလောဆယ် စက်မှုဇုန် ဆိုလို့ ပုသိမ်မှာပဲ လုပ်နေတယ်။ မအူပင်မှာက အစိုးရကိုတင်ထား တာရှိတယ်။ ခွင့်ပြုချက်မပေး သေးဘူး’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မအူပင်စက်မှုဇုန်အတွက် အခြေခံအဆောက်အအုံတည် ဆောက်ရေးလုပ်ငန်း တင်ဒါခေါ် ယူခြင်းကို လွန်ခဲ့သည့် တစ်ပတ် က စတင်ခေါ်ယူခဲ့ပြီး အိတ်ပိတ် တင်ဒါ ခေါ်ယူခြင်း ဖြစ်သည်။ တင်ဒါပိတ်ရက်သည် ဒီဇင်ဘာ ၁၄ ရက်ဖြစ်ကြောင်း ကုမ္ပဏီမှ သိရသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service