စတော့ရှယ်ယာများ ၀ယ်ယူခွင့်ကို နိုင်ငံခြားသား ၀ယ်ယူခွင့်မရှိဘဲ နိုင်ငံသားများသာ ၀ယ်ယူခွင့်ရှိမည် - Property News in Myanmar from iMyanmarHouse.com
1102 Views

စတော့ရှယ်ယာများ ၀ယ်ယူခွင့်ကို နိုင်ငံခြားသား ၀ယ်ယူခွင့်မရှိဘဲ နိုင်ငံသားများသာ ၀ယ်ယူခွင့်ရှိမည်

မြန်မာ့ပထမဆုံး ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာများ ၀ယ်ယူခွင့်ကို နိုင်ငံခြားသား ၀ယ်ယူခွင့်မရှိဘဲ နိုင်ငံသားများသာ ၀ယ်ယူခွင့်ရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက
ပြောကြားသည်။

“အခုလက်ရှိဥပဒေအရ ရှယ်ယာ ထုတ်ရောင်းတဲ့အခါမှာ နိုင်ငံခြားသားက ရှယ်ယာတစ်ခုပဲ
ဝယ်တယ်ဆိုရင်တောင် ကုမ္ပဏီက နိုင်ငံခြားသားပိုင်တဲ့ သဘောမျိုးဖြစ်သွားတာကြောင့် ၀ယ်ယူခွင့် မပေးသေးဘူး။ ဥပဒေကို ပြင်ဆင်ပြီးတဲ့အခါမှသာ နိုင်ငံခြားသား ၀ယ်ယူချင်တယ်ဆိုရင် ရာခိုင်နှုန်း အကန့်အသတ်နဲ့ပဲ ၀ယ်ယူခွင့်ရှိမယ်”ဟု ဒေါက်တာ မောင်မောင်သိမ်းက
ပြောကြားသည်။

ရှယ်ယာဝယ်ယူရာတွင် နိုင်ငံသားဝယ်ယူခွင့်ကိုမူ ရှယ်ယာအစုပေါင်း ၀ယ်ယူခွင့် ကန့်သတ်ထားမည်မဟုတ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို အသစ်ပြန်လည် ရေဆွဲနေပြီဖြစ်ကာ မကြာမီတွင် ဥပဒေသစ်ကို ပြဋ္ဌာန်း နိုင်မည်ဖြစ်ကာဥပဒေအသစ်
ပြဌာန်းပြီးချိန်တွင် နိုင်ငံခြားသားပိုင် အစုရှယ်ယာများ ပါဝင်သည့် ဖက်စပ်ကုမ္ပဏီများကို စာရင်းဝင် ကုမ္ပဏီများအဖြစ် ရန်ကုန်စတော့အိတ်ချိန်းတွင် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလောလောဆယ် ပြည်တွင်းကုမ္ပဏီနဲ့ပဲ စသွားမယ်။ သူတို့ကိုပဲ ဦးစားပေးမယ်။ နောက်ပိုင်းမှာ
အရင်းအနှီး ဈေးကွက်အထိ ထိုးတင်ဖို့ဆိုရင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံဖို့အထိ အစီစဉ်ရှိတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထိုသို့ နိုင်ငံခြားသားပိုင် အစုရှယ်ယာများ ပါဝင်သည့် ဖက်စပ်ကုမ္ပဏီများကို စာရင်းဝင် ကုမ္ပဏီများအဖြစ် လက်ခံကာ ရှယ်ယာများ ရောင်းချနိုင်ပါက အာဆီယံအဖွဲ့နိုင်ငံများကြား နယ်စပ်ဖြတ်ကျော် အပြန်အလှန် စာရင်းဝင်ကုမ္ပဏီများအဖြစ် သတ်မှတ်ပြီး လဲလှယ် ရောင်းဝယ်သည့်လုပ်ငန်းများ၊ ငွေတိုက်လက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများ စသည့် ငွေချေးသက်သေခံလက်မှတ်များကို ရန်ကုန် စတော့အိတ်ချိန်းတွင် လဲလှယ် ရောင်းဝယ် နိုင်သည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကပြောကြားသည်။

စတော့အိတ်ချိန်းဝင် အများပိုင်ကုမ္ပဏီများ၏ရှယ်ယာများ စတင်ရောင်းချရန်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန်၊ မတ်လဆန်း မှသာ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Credit: ElevenMediaGroup

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service