မုံရွာဒေသအတွင်း ဆောင်းကြက်သွန် စိုက်ပျိုးရန် မြေငှားရမ်းမှုများလာ - Property News in Myanmar from iMyanmarHouse.com
936 Views

မုံရွာဒေသအတွင်း ဆောင်းကြက်သွန် စိုက်ပျိုးရန် မြေငှားရမ်းမှုများလာ

ကြက်သွန်နီဈေးစံချိန် တင် မြင့်တက် ခဲ့ခြင်းကြောင့်မုံရွာ ဒေသဆောင်း ကြက်သွန် စိုက်ပျိုးရာသီတွင်
မြေငှားရမ်း စိုက်ပျိုးသူပိုမိုများပြား လာကြောင်း ဒေသခံ ကြက်သွန်နီစိုက်တောင်သူများထံမှ သိရသည်။

မုံရွာမြို့နယ်အတွင်း မြေနဲ၊ အောင်သာ၊ မင်းရွာ၊ ထနောင်းတော၊ ကူတော၊ အက်တော၊ သမန္တာ၊ ကျွဲရဲ၊ တောင်ပလူ စသည့် ကျေးရွာများတွင် နှစ်စဉ် ကြက်သွန်နီအများဆုံးစိုက်ပျိုးခဲ့သည်။ ယခုနှစ် ကြက်သွန်နီဈေးမြင့်တက်
ခဲ့ခြင်းကြောင့် ဆောင်းကြက်သွန်နီစိုက်ပျိုးရာသီတွင် မုံရွာ၊ ချောင်း ဦး၊ ဘုတလင်၊ အရာတော်မြို့နယ်တို့တွင် မြေငှားရမ်း၍ ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးမှု ပိုမိုများပြားလာကြောင်း ကြက်သွန်စိုက်တောင်သူများက ပြောသည်။

‘‘ဒီနှစ် ကြက်သွန်နီ ဈေးကြောင့် မြေနဲက ကြက်သွန်စိုက် တောင်သူတွေ မိုးရာသီကြက်သွန် စိုက်ချိန်တုန်းက ချင်းတွင်းမြစ်ကျွန်းပေါ်မှာ မြေငှားစိုက်တယ်။ အခုဆောင်းသီးနှံကြက်သွန်စိုက်ချိန်ရောက်တော့ ချင်းတွင်းမြစ် ကျွန်းပေါ်သာမက ကုန်းမြင့်ပိုင်းတွေမှာပါ မြေငှားစိုက်ကြတယ်။

မုံရွာနယ်အနေနဲ့ ခြုံပြောရရင် ပုံမှန်နှစ်ထက် ၂၀ ရာခိုင်နှုန်းလောက် ပိုစိုက်ကြတယ်လို့ ပြောလို့ရပါတယ်’’ဟု မုံရွာမြို့နယ်မြေနဲကျေးရွာမှ ဝါရင့်ကြက်သွန်စိုက်တောင်သူ ဦးအောင်ထူးက ပြောသည်။

မုံရွာမြို့နယ် မြေနဲကျေးရွာတွင် ဆောင်းသီးနှံကြက်သွန်နီပျိုးချိန်၌ ယခင်နှစ်က ဧကနှစ်ထောင်ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် လယ်ယာမြေ ငှားရမ်းစိုက်ပျိုးသူများကြောင့် ကြက်သွန်စိုက်ဧက နှစ်ထောင့်ငါးရာခန့် စိုက်ပျိုးနိုင်ဖွယ်
ရှိကြောင်း မြေနဲကျေးရွာ ဒေသခံများက ခန့်မှန်းပြောကြားသည်။

မုံရွာမြို့နယ်အတွင်း ဆောင်းသီးနှံကြက်သွန်စိုက်ပျိုးရာသီတွင် လယ်ယာမြေငှားရမ်းခမှာ တစ်ဧကလျှင် ကျပ်နှစ်သိန်းမှ နှစ်သိန်းခွဲခန့်အထိရှိသည်။ ယခင်နှစ်များက ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် ကျပ်သုံးသောင်းမှ ငါးသောင်း
ခန့်ရှိခဲ့သော်လည်း ယခုနှစ်တွင် ကြက်သွန်နီမျိုးစေ့သိုလှောင်ထားရှိမှုများပြားခဲ့သဖြင့် ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် ကျပ်နှစ်သောင်းခွဲခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။

ဆောင်းရာသီကြက်သွန်နီစိုက်ခင်းများကို ဒီဇင်ဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး လာမည့်မတ်လနှင့် ဧပြီလဆန်းပိုင်း၌ ဈေးကွက်သို့ ရောင်းချနိုင်မည်ဖြစ်ကြောင်းသိရသည်။

‘‘ဒီဇင်ဘာ ဒုတိယပတ်လောက်ဆိုရင် မိုးကြက်သွန်ဒေသအခေါ် အမြိတ်ထောင်တွေဈေး ကွက်ထဲဝင်တော့မယ်။ ကြက်သွန်ဈေးက အဆမတန်တက်နေပေမယ့် တောင်သူတွေလက်ထဲ ရောင်းစရာ ကြက်သွန်နီတစ်ဥမှမရှိတော့ဘူး။ ကုန်သည်တွေက ကြက်သွန်ဈေးထိန်းချုပ်ဖို့ ပြည်ပကနေ သွင်းမယ်လို့ ပြောနေကြတယ်။

တောင်သူတွေ
ကြက်သွန်ပေါ်တဲ့အချိန်တိုင်း ကြက်သွန်ဈေးကျလေ့ရှိပါတယ်။ ဒီနှစ် ကြက်သွန်ဈေး အဆမတန်တက်နေပေမယ့်
တောင်သူတွေ မခံစားရပါ ဘူး’’ဟု မုံရွာမြို့နယ် ကျွဲရဲကျေးရွာဒေသခံ ကြက်သွန်နီစိုက်တောင်သူတစ်ဦးကပြောသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service