အဏုမြူဗုံးဒဏ်ကိုပါ ခံနိုင်ရည်ရှိတဲ့ ပေါင် ၁၁.၅၇ သန်းတန် မြေအောက်တိုက်ခန်းတွေကို အမေရိကမှာ စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
1405 Views

အဏုမြူဗုံးဒဏ်ကိုပါ ခံနိုင်ရည်ရှိတဲ့ ပေါင် ၁၁.၅၇ သန်းတန် မြေအောက်တိုက်ခန်းတွေကို အမေရိကမှာ စတင်ရောင်းချ

အဏုမြူ စစ်ပွဲတွေ ဖြစ်လာမှာကို ကြောက်နေသူတွေအတွက် အမိုက်စား နေအိမ်တွေပေါ်ထွက်လာပါတယ်။ ဒီအိမ်တွေကတော့၂၀ကီလိုတန် ပေါက်ကွဲမှု တွေကို တောင် ခံနိုင်ရည်ရှိတယ်လို့သိရပါတယ်။အဲဒီလောက်လုံခြုံမှုရှိတဲ့နေအိမ်ဟာ စတာလင်ပေါင် ၁၁.၅၇ သန်း တန်ဖိုးရှိနေပြန်ပါတယ်။

ဒီနေအိမ်ဟာ မြေအောက်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး ဇိမ်ခံ နေအိမ် အမျိုးအစားထဲက တစ်ခုပါပဲ။ ဒီမြေအောက်နေအိမ်ဟာ ဖြစ်လာနိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေဖြစ်တဲ့ သဘာဝ ဘေးအန္တရာယ်များ ၊ မြို့တော်တွင်းဆူပူမှုများနဲ့ အကြမ်းဖက် တိုက်ခိုက်မှု များ ရဲ့ အန္တရာယ်ကလည်း လွတ်မြောက်နိုင်စွမ်းရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စု ၊ ဂျော်ဂျီယာ ပြည်နယ် Savannah မြို့နားမှာ တည်ရှိပြီး ထို မြေအောက်နေအိမ်ကိုတော့ ၁၉၆၉ ခုနှစ်ကတည်းက စစ်တပ်အဖွဲ့အစည်းတွေနဲ့ အင်ဂျင်နီယာ တွေ ပူးပေါင်းဆောက်လုပ်ခဲ့တာ ဖြစ်တယ်လို့ လည်းသိရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ထိုမြေအောက်စခန်းကို အစိုးရ အဆင့်အထိ ရောက်အောင်ပြုပြင်ခဲ့ပြီး အဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။

ထိုအိမ်ရဲ့ နံရံတွေဟာ ၃ ပေတိတိ အထူရှိပြီး လေ၀င် စနစ်များ ၊ သူနာပြု အခန်းများ ၊ အပုပ်နံ့နဲ့ အဆိပ်ငွေ့ကင်းစင်တဲ့ ရေချိုးခန်းများ နဲ့ စတာလင်ပေါင် ၆၇၅၀၀တန်CCTV တွေကိုလည်းတပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ ရေပူရေအေးစနစ် ၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ စနစ်များ စတာတွေကိုလည်းတပ်ဆင်ထားပါတယ်။

ထိုနေအိမ်ဟာ ၃၂ ဧက ကျယ်ဝန်းတဲ့ မြေပြင်ရဲ့ အောက် ၄၅ ပေ အကွာ မှာ တည်ဆောက်ထားတာဖြစ်ပြီး စတုရန်းပေ ၁၄၀၀၀ ကျယ်ဝန်းတဲ့ အထပ် ၂ ထပ်ပါဝင်တယ်လို့လည်း သိရပါတယ်။ ဒုတိယ ထပ်မှာတော့ ဇိမ်ခံ တိုက်ခန်း ၄ ခန်းပါဝင်ပြီး တစ်ခန်းကို စတုရန်းပေ ၆၀၀ ခန့်ကျယ်ဝန်းပါတယ်။ အခန်းတိုင်းမှာ မီးဖိုချောင် ၁ ခန်း ၊ ထမင်းစားခန်း ၁ ခန်း ၊ အိပ်ခန်း ၂ ခန်း ၊ ဧည့်ခန်း ၁ ခန်း နဲ့ ရေချိုးခန်း တို့ပါဝင်တယ်လို့ လည်းသိရပါတယ်။

ပထမထပ်မှာကတော့ ဟိုတယ်လ် တွေမှာ တွေ့နေကြပုံစံအတိုင်း ဧည့်ခန်းများနဲ့ ပရိဘောဂ ဖွဲ့စည်းမှုများကို အသားပေးထားပြီး ထို တိုက်ခန်းမှာ ၀ယ်ယူနေထိုင်သူတွေအလုပ်လုပ်လို့ရမယ့် အလုပ်စားပွဲတွေကိုလည်း ထားပေးထားတယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ဟာ အန္တရာယ်တွေများပြားလာတဲ့ ကမ္ဘာကြီးမှာနေထိုင်နေကြတာပါ။ ဒီနေအိမ်ကတော့ မိသားစု တိုင်း ၊ စီးပွားရေး လုပ်ငန်းတိုင်း နဲ့ အစိုးတိုင်းအတွက် လုံခြုံစွာ နဲ့ သက်တောင့်သက်သာ နေထိုင်နိုင်မယ့် ကောင်းကင်ဘုံ တစ်ခုပါပဲ" လို့ ထို မြေအောက် တိုက်ခန်းကို ပိုင်ဆိုင်တဲ့ Bastion အိမ်ခြံမြေလုပ်ငန်းရဲ့ တွဲဖက်ပိုင်ရှင် Chris Salamone က ဆိုပါတယ်။

Credit: Thit Htoo Lwin

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service