မြိတ်ကျွန်းစုတွင် အပန်းဖြေစခန်းတည်ဆောက်ရန် ပြင်ဆင်နေ - Property News in Myanmar from iMyanmarHouse.com
1084 Views

မြိတ်ကျွန်းစုတွင် အပန်းဖြေစခန်းတည်ဆောက်ရန် ပြင်ဆင်နေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုရှိ စောမွန်လှကျွန်းနှင့် ကွမ်းသီးကျွန်းများပေါ်တွင်
ကျပ်သန်းပေါင်း ၉,၀၀၀ နီးပါး ရင်းနှီး မြှုပ်နှံ၍ အပန်းဖြေစခန်း တည်ဆောက်ရန်
မြိတ်အများပိုင်ကုမ္ပဏီက ပြင်ဆင်လျက်ရှိသည်။

"ဒီဒေသမှာ အရမ်းလှပြီး အသုံးမပြုရ သေးတဲ့ ကျွန်းပေါင်း ၈၀၀ လောက်ရှိတယ်။
အပန်းဖြေစရာနေရာအဖြစ် သေသေချာချာ လုပ်ထားတာ မရှိသေးတော့ ခရီးသွားတွေကို
မဆွဲဆောင်နိုင်ဘူး။ ဒါကြောင့် ခုလိုဆောက်ဖို့ စီစဉ်ခဲ့တာပါ" ဟု မြိတ်အများပိုင်ကုမ္ပဏီ၏
စီမံကိန်းဒါရိုက်တာ ဦးအောင်ချိန်က ပြောသည်။

မြိတ်မြို့အနီးရှိ စောမွန်လှကျွန်းနှင့် ကွမ်းသီးကျွန်းများပေါ်တွင် အပန်းဖြေစခန်းတည်ဆောက်ရန်
လွန်ခဲ့သည့်နှစ်နှစ်ကတည်းက စတင်ပြင်ဆင်နေခဲ့ခြင်းဖြစ်ပြီး စောမွန်လှ ကျွန်းပေါ်တွင်
ကျပ်သန်းပေါင်း ၄,၃၀၀ ကျော် နှင့် ကွမ်းသီးကျွန်းပေါ်တွင် ကျပ်သန်းပေါင်း ၄,၆၀၀ ကျော်
ရင်းနှီးမြှုပ်နှံ၍ အပန်းဖြေစခန်းများတည်ဆောက်ရန် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ကို
တင်ပြထားသည်ဟု လည်း မြန်မာတိုင်း(မ်)နှင့် တွေ့ဆုံရာတွင် ပြောကြားသွားသည်။

"စောမွန်လှကျွန်းမှာ အပန်းဖြေစခန်းဆောက်ဖို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို လျှောက်ထားခဲ့တာ
စက်တင်ဘာလက ပထမ အဆင့်အတွက် အစစ်ဆေးခံခဲ့ပြီးပါပြီ။ နောက်သုံးလအတွင်း အပြီး
သတ်ခွင့်ပြုချက် ရပြီး စီမံကိန်းစတင်နိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ဦးအောင်ချိန်က ပြောသည်။

မြိတ်မြို့မှ သင်္ဘောခရီးစဉ် သုံးနာရီ အကွာ အဝေးရှိ စောမွန်လှကျွန်းပေါ်တွင် ပထမ အဆင့်က
ဘန်ဂလိုအလုံး ၂၀ ကို သုံးနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ရာ "စောမွန်လှကျွန်းက
စုစုပေါင်း ၁,၆၆၁ ဧက ရှိတယ်။ စီမံကိန်း ပထမအဆင့်က ဧက ၂၀ ကို စလုပ်မယ်၊ ဒုတိယ
အဆင့်ကတော့ ၂၉ ဧက ဆက်လုပ်သွားမယ်" ဟု ဦးအောင်ချိန်က ပြောသည်။

အဆိုပါကျွန်းများပေါ်တွင် အပန်းဖြေစခန်းတည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရ ထံက နှစ်ရှည်
ငှားရမ်းခြင်းဖြစ်ပြီး တရားဝင်ငှားရမ်းခမှာ တစ်ဧကလျှင် ကျပ် ၂၀,၀၀၀ နှုန်း ဖြစ်သော်လည်း
စီမံကိန်းပြင်ပမြေနေရာ များပါ ထိန်းသိမ်းရမည်ဖြစ်သဖြင့် အဆိုပါ နှုန်းထက် လျော့နည်း
မည်ဖြစ်သည်။

အဆိုပါ ကျွန်းများငှားရမ်းခသည် ပထမ ၁၀ နှစ်ပြီးပါက ၂၀ ရာခိုင်နှုန်း ဈေးတက်မည်ဖြစ်ပြီး
နှစ် ၅၀ ပြည့်မြောက်ချိန်တွင် ၁၀၀ ရာခိုင်နှုန်း အထိ တိုးသွားမည် ဖြစ်သည်။ စောမွန်
လှကျွန်းပေါ်တွင် စီမံကိန်းပထမ အဆင့် စတင်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်
ရရှိထားသော်လည်း စီမံကိန်း ဒုတိယအဆင့်အတွက် ခွင့်ပြုချက်ရရှိချိန်မှာ ဆောက်လုပ်ရေး
လုပ်ငန်းများ စတင်နိုင်မည်ဖြစ်သည်ဟု သိရသည်။

Credit: MyanmarTimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service