အမေရိကန်ရှိ ဦးသန့်ကျွန်း (U Thant Island) - Property News in Myanmar from iMyanmarHouse.com
1206 Views

အမေရိကန်ရှိ ဦးသန့်ကျွန်း (U Thant Island)

ပုံမှာ မြင်တွေ့နေရတဲ့ ကျွန်းကို ဦးသန့်ကျွန်းလို့ အမည် ပေးထားကြပါတယ်။ နယူးယောက် စီတီး Manhattan မှာ ရှိတဲ့ ကျွန်းဖြစ်ပါတယ်။

ကုလသမဂ္ဂ ရုံးချုပ် အနီးမှာ တည်ရှိပြီး အတိအကျ ပြောရမယ်ဆိုရင် UN Headquarter နဲ့ Gantry Plaza State ပန်းခြံ တို့ရဲ့ ကြားမှာ ရှိတဲ့ East River က ကျွန်းငယ်လေး ဖြစ်ပါတယ်။ အမှန်တော့ ယင်းကျွန်းဟာ သဘာဝကျွန်း မဟုတ်ပဲ လူလုပ်ကျွန်း ဖြစ်ပါတယ်။ ၁၈၉၀ နောင်းပိုင်းက ဂျာမနီလူမျိုး အမေရိကန်ရောက် စီးပွားရေး လုပ်ငန်းရှင်က ဝီလီယျံ စတိန်းဝေးမှ ပြုလုပ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အမှန်တော့ မြစ်တစ်ဖက်ကမ်းနဲ့ တစ်ဖက်ကမ်း ရေအောက်ဖြတ် ရထားလိုဏ်ဂူဆောက်ဖို့ ဖြစ်ပါတယ်။

ယင်း အစီအစဉ်ကြောင့် ကျွန်းငယ်လေးကိုပါ လုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ယင်း ကျွန်းဆီကို ရေပေါ်ကော လိုဏ်ဂူကပါ အရောက် သွားနိုင်အောင် ပြုလုပ်ထားပါတယ်။

ယင်း ကုန်းမြေလေးကို ၁၉၇၇ ခုနှစ်ရောက်မှ ကျွန်းတစ်ခု အဖြစ် ကုလသမဂ္ဂ ဝန်ထမ်းများရဲ့အားထားလေးစားတဲ့ ဒဿန ပညာရှင်၊ ဂုရု Sir Chinmoy က ဦးဆောင်ပြီး အတည်ပြုပေးလိုက်ပါတယ်။

Sir Chinmoy ဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ရဲ့အရင်းနှီးဆုံး မိတ်ဆွေ တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် Chinmoy ကိုယ်တိုင် ယင်းကျွန်းကို U Thant Island လို့ အမည်ပေးလိုက်ပါတယ်။ ယခင် အမည်ကတော့ Belmont ကျွန်း ဖြစ်ပါတယ်။

အရွယ်အစားအားဖြင့် ပေ ၁၀၀ x၂၀၀ ပတ်လည်သာ ရှိတဲ့ ယင်းကျွန်းကို ကမ္ဘာ့ အထူးဆန်းဆုံး ကျွန်း ၁၀ ခု စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှ အသေးငယ်ဆုံး ကျွန်းလည်း ဖြစ်ပါတယ်။

နယူးယောက်တိုင်းမ် မဂ္ဂဇင်းမှ ၁၉၉၉ ခုနှစ်က ၃၀ ရာစုမှာ ပျောက်ကွယ်သွားမယ့် ကျွန်းလို့ ဖော်ပြခဲ့ပါတယ်။ ကုန်းပေါ်မှာ ငှက်များ၊ ရေအောက်မှာ ရေမော်ညှိများတွယ်ပြီး လှပနေတဲ့ ဦးသန့်ကျွန်းလေးဟာ ကမ္ဘာသိ ထူးဆန်း ကျွန်းငယ်လေး တစ်ခု ဖြစ်ပါတယ်။

Credit: ရိုးရာလေး

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service