ကယ်လီဖိုးနီးယားက နေအိမ်ကို ဂျေလို ရောင်းချမယ် - Property News in Myanmar from iMyanmarHouse.com
805 Views

ကယ်လီဖိုးနီးယားက နေအိမ်ကို ဂျေလို ရောင်းချမယ်

ဂျနီဖာလိုပက်ဇ်က ကယ်လီဖိုးနီးယားပြည်နယ် Hidden Hills ရှိ ၁၇၀၀၀ စတုရန်းပေကျယ်ဝန်းတဲ့ အိမ်နဲ့ခြံကို အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်းနဲ့ ရောင်းချမယ်လို့ ဈေးခေါ်လိုက်ပါတယ်။
အသက် ၄၆ နှစ်ရှိ လိုပက်ဇ်ဟာ အဆိုတော်၊ အကပညာရှင်၊ ဖက်ရှင်ဒီဇိုင်နာနဲ့ American Idol အဆိုပြိုင်ပွဲဒိုင်တစ်ဦးအဖြစ် အလုပ်အကိုင်များစွာကို လုပ်ကိုင်သူပါ။

ကွေ့ကွေ့ကောက်ကောက်တောင်တန်းနဲ့မြို့ပြမြင်ကွင်းတွေရှိတဲ့ အဲ့ဒီအိမ်မှာ ခမ်းနားတင့်တယ်တဲ့ ဧည့်ခန်းနဲ့ ထမင်းစားခန်းအပြင် ပေါ့ပေါ့ပါးပါးနားနေသုံးဆောင်နိုင်တဲ့ ဧည့်ခန်းနဲ့ ထမင်းစားခန်းတွေ၊ သီးသန့်နားနေရာနေရာအပြင်ဘက်ကပြင်တစ်ခုချိတ်ဆက်ထားတဲ့ မာစတာအိပ်ခန်းကျယ်ကြီးနဲ့ အိပ်ခန်းအပို ခုနစ်ခန်းလည်း ပါဝင်ပါတယ်။

ဖျော်ဖြေရေးအဆောင်မှာတော့ ပရော်ဖက်ရှင်နယ်ဘားတစ်ဘား၊ ဂိမ်းဧရိယာ၊ အယောက် ၂၀ ဆံ့ ရုပ်ရှင်ရုံငယ်၊ ဂျင်မ်နဲ့ အကစတူဒီယို၊ အ၀တ်ဗီရိုတွေများစွာရှိတဲ့ အ၀တ်လဲခန်း၊ အသံသွင်းစတူဒီယိုနဲ့ ဧည့်သည်ခန်းကျယ်ကြီးတို့ ပါဝင်ပါတယ်။

အိမ်ပတ်လည်မှာ အောက်ဒိုးအနားယူရာနေရာတွေနဲ့ ပန်းရုံလေးတွေနဲ့ ၀န်းရံလို့ထားပါတယ်။
အပန်းဖြေစခန်းတစ်ခုလိုပဲ ရေကူးကန်နဲ့ spa ၊ အောက်ဒိုးမီးဖိုချောင်နဲ့ ကလေးကစားကွင်းတို့လည်း ခြံထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကယ်လီဖိုးနီးယားက နေအိမ်ကို ဂျေလို ရောင်းချမယ် - Property News in Myanmar from iMyanmarHouse.com
ကယ်လီဖိုးနီးယားက နေအိမ်ကို ဂျေလို ရောင်းချမယ် - Property News in Myanmar from iMyanmarHouse.com
ကယ်လီဖိုးနီးယားက နေအိမ်ကို ဂျေလို ရောင်းချမယ် - Property News in Myanmar from iMyanmarHouse.com
ကယ်လီဖိုးနီးယားက နေအိမ်ကို ဂျေလို ရောင်းချမယ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service